အီဂျစ်နိုင်ငံမှာ မံမီရုပ်အလောင်းတွေပါဝင်တဲ့ သင်္ချိုင်း(၃၀ဝ)ကျော်ကို ရှေးဟောင်း သုတေသနပညာရှင်တွေ ရှာဖွေတွေ့ရှိ

 843

Pika (NP News) - ဇူလိုင် ၉

အီဂျစ်နိုင်ငံတွင် ရှေးဟောင်းသုတေသန ပညာရှင်များက လူသေများ၏မြို့တော်ဟု အမည် ပေးထားသော တူးဖော်ရှာဖွေမှုတစ်ခုအတွင်း မံမီသင်္ချိုင်း(၃၀ဝ)ကျော်ရှိသည့် ရှေးဟောင်းသုသာန်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။

ရှေးဟောင်းသုတေသနပညာရှင်များက Aga Khan III ၏ ခေတ်သစ်ဂူဗိမာန်အနီးရှိ တောင် ကုန်းတစ်ခုပေါ်တွင် တူးဖော်မှုများကို (၅)နှစ်ကြာ အောင်လုပ်ဆောင်ခဲ့ပြီး အဆိုပါသင်္ချိုင်းမြေသည် ပေ(၂၇၀ဝဝဝ)ကျယ်ဝန်းကြောင်းလည်းသိရသည်။ နိုင်ငံတကာသုတေသနအဖွဲ့ တစ်ဖွဲ့သည် ဘီစီ(၆) ရာစုနှင့်အေဒီ(၉)ရာစုကြားတွင် နှစ်ပေါင်း(၉၀ဝ)ခန့်အသုံးပြုခဲ့သည်ဟု ယူဆရသောနေရာတွင် သင်္ချိုင်းအသစ်(၃၆)ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။ သို့သော်လည်း သင်္ချိုင်းတစ်ခုစီတွင် မြှုပ်နှံထားသောလူအရေအတွက်မှာ(၃၀)မှ (၄၀)ကြားသာကျန်ရှိတော့ကြောင်းလည်း သိရသည်။ အဆိုပါသင်္ချိုင်းများတွင် ကျန်ရှိနေသောအလောင်းများ၏ (၃၀)ရာခိုင်နှုန်းမှ(၄၀)ရာခိုင်နှုန်းခန့်သည် မွေးကင်းစကလေးငယ်များနှင့် ဆယ်ကျော်သက်များဖြစ်ကြပြီး အများစုမှာ သွေးအားနည်းရောဂါ၊ တီဘီ ရောဂါတို့အပါအဝင် အခြားအသက်အန္တရာယ်ရှိသော ရောဂါများဖြင့် သေဆုံးခဲ့ကြပုံပေါ်ကြောင်း ရှေး ဟောင်းပစ္စည်းကောင်စီ အီဂျစ်ရှေးဟောင်းပစ္စည်း ဌာနခွဲ၏အကြီးအကဲ Ayman Ashmawy ၏အဆို အရသိရသည်။

မီလန်တက္ကသိုလ်မှ ရှေးဟောင်း သုတေသနပညာရှင် Patrizia Piacentini က 'ဒါဟာ အီဂျစ်နိုင်ငံမှာ တကယ်ကိုကြီးကျယ်ခမ်းနားပြီး ထူးခြားတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုပါ။ ဒါက လူသေတွေ ရဲ့မြို့တော်ပဲဖြစ်ပါတယ် ”ဟု ပြောဆိုခဲ့သည်။ ကလေးနှစ်ဦး၏ မံမီရုပ်အလောင်းများပါ ဝင်သော သင်္ချိုင်းတစ်ခုကိုရှာဖွေမှုအတွင်း လူသေတို့၏မြို့တော်ကို ၂၀၁၉ ခုနှစ်တွင် ပထမဆုံးရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့နောက် တူးဖော်မှုများကို ဆက်လက်လုပ် ဆောင်ခဲ့ရာ နောက်ထပ်သင်္ချိုင်း ဒါဇင်ပေါင်းများစွာကို ရှာဖွေတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မပျက်စီးဘဲ အကောင်းအတိုင်းနီးပါး ကျန်ရှိနေသော မံမီရုပ် အလောင်းများကို ရေရှည်ထိန်းသိမ်းရန်နှင့် ပြပွဲအ တွက် ပြတိုက်သို့ပေးပို့သွားမည်ဖြစ်ပြီး အခြား မံမီရုပ် အလောင်းများကို လေ့လာမှုများလုပ်ဆောင်ကာ တွေ့ရှိခဲ့သည့်ပုံစံအတိုင်း ဆက်လက်ထားရှိသွားမည် ဖြစ်ကြောင်းလည်းသိရသည်။ Patrizia Piacenti- ni က "ဒါက သူတို့ရဲ့ နောက်ဆုံးအနားယူရာနေရာ ပါ။ သူတို့ရဲ့ဇာတ်လမ်းကိုဖော်ထုတ်ပြီးရင် တွေ့တဲ့နေ ရာမှာပဲပြန်ထားပြီး အုတ်ဂူကို ပိတ်လိုက်မှာပါ"ဟု ပြောဆိုခဲ့သည်။

zawgyi version
အီဂ်စ္ႏိုင္ငံမွာ မံမီ႐ုပ္အေလာင္းေတြပါဝင္တဲ့ သခ်ႋဳင္း(၃၀ဝ)ေက်ာ္ကို ေရွးေဟာင္းသုေတသနပညာရွင္ေတြ ရွာေဖြေတြ႕ရွိ
Pika (NP News) - ဇူလိုင္ ၉

အီဂ်စ္ႏိုင္ငံတြင္ ေရွးေဟာင္းသုေတသန ပညာရွင္မ်ားက လူေသမ်ား၏ၿမိဳ႕ေတာ္ဟု အမည္ ေပးထားေသာ တူးေဖာ္ရွာေဖြမႈတစ္ခုအတြင္း မံမီသခ်ႋဳင္း(၃၀ဝ)ေက်ာ္ရွိသည့္ ေရွးေဟာင္းသုသာန္တစ္ခုကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္းသိရသည္။

ေရွးေဟာင္းသုေတသနပညာရွင္မ်ားက Aga Khan III ၏ ေခတ္သစ္ဂူဗိမာန္အနီးရွိ ေတာင္ ကုန္းတစ္ခုေပၚတြင္ တူးေဖာ္မႈမ်ားကို (၅)ႏွစ္ၾကာ ေအာင္လုပ္ေဆာင္ခဲ့ၿပီး အဆိုပါသခ်ႋဳင္းေျမသည္ ေပ(၂၇၀ဝဝဝ)က်ယ္ဝန္းေၾကာင္းလည္းသိရသည္။ ႏိုင္ငံတကာသုေတသနအဖြဲ႕ တစ္ဖြဲ႕သည္ ဘီစီ(၆) ရာစုႏွင့္ေအဒီ(၉)ရာစုၾကားတြင္ ႏွစ္ေပါင္း(၉၀ဝ)ခန႔္အသုံးျပဳခဲ့သည္ဟု ယူဆရေသာေနရာတြင္ သခ်ႋဳင္းအသစ္(၃၆)ခုကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း သခ်ႋဳင္းတစ္ခုစီတြင္ ျမႇဳပ္ႏွံထားေသာလူအေရအတြက္မွာ(၃၀)မွ (၄၀)ၾကားသာက်န္ရွိေတာ့ေၾကာင္းလည္း သိရသည္။ အဆိုပါသခ်ႋဳင္းမ်ားတြင္ က်န္ရွိေနေသာအေလာင္းမ်ား၏ (၃၀)ရာခိုင္ႏႈန္းမွ(၄၀)ရာခိုင္ႏႈန္းခန႔္သည္ ေမြးကင္းစကေလးငယ္မ်ားႏွင့္ ဆယ္ေက်ာ္သက္မ်ားျဖစ္ၾကၿပီး အမ်ားစုမွာ ေသြးအားနည္းေရာဂါ၊ တီဘီ ေရာဂါတို႔အပါအဝင္ အျခားအသက္အႏၲရာယ္ရွိေသာ ေရာဂါမ်ားျဖင့္ ေသဆုံးခဲ့ၾကပုံေပၚေၾကာင္း ေရွး ေဟာင္းပစၥည္းေကာင္စီ အီဂ်စ္ေရွးေဟာင္းပစၥည္း ဌာနခြဲ၏အႀကီးအကဲ Ayman Ashmawy ၏အဆို အရသိရသည္။

မီလန္တကၠသိုလ္မွ ေရွးေဟာင္း သုေတသနပညာရွင္ Patrizia Piacentini က 'ဒါဟာ အီဂ်စ္ႏိုင္ငံမွာ တကယ္ကိုႀကီးက်ယ္ခမ္းနားၿပီး ထူးျခားတဲ့ ရွာေဖြေတြ႕ရွိမႈတစ္ခုပါ။ ဒါက လူေသေတြ ရဲ႕ၿမိဳ႕ေတာ္ပဲျဖစ္ပါတယ္ ”ဟု ေျပာဆိုခဲ့သည္။ ကေလးႏွစ္ဦး၏ မံမီ႐ုပ္အေလာင္းမ်ားပါ ဝင္ေသာ သခ်ႋဳင္းတစ္ခုကိုရွာေဖြမႈအတြင္း လူေသတို႔၏ၿမိဳ႕ေတာ္ကို ၂၀၁၉ ခုႏွစ္တြင္ ပထမဆုံးရွာေဖြ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ေနာက္ တူးေဖာ္မႈမ်ားကို ဆက္လက္လုပ္ ေဆာင္ခဲ့ရာ ေနာက္ထပ္သခ်ႋဳင္း ဒါဇင္ေပါင္းမ်ားစြာကို ရွာေဖြေတြ႕ ရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ မပ်က္စီးဘဲ အေကာင္းအတိုင္းနီးပါး က်န္ရွိေနေသာ မံမီ႐ုပ္ အေလာင္းမ်ားကို ေရရွည္ထိန္းသိမ္းရန္ႏွင့္ ျပပြဲအ တြက္ ျပတိုက္သို႔ေပးပို႔သြားမည္ျဖစ္ၿပီး အျခား မံမီ႐ုပ္ အေလာင္းမ်ားကို ေလ့လာမႈမ်ားလုပ္ေဆာင္ကာ ေတြ႕ရွိခဲ့သည့္ပုံစံအတိုင္း ဆက္လက္ထားရွိသြားမည္ ျဖစ္ေၾကာင္းလည္းသိရသည္။ Patrizia Piacenti- ni က "ဒါက သူတို႔ရဲ႕ ေနာက္ဆုံးအနားယူရာေနရာ ပါ။ သူတို႔ရဲ႕ဇာတ္လမ္းကိုေဖာ္ထုတ္ၿပီးရင္ ေတြ႕တဲ့ေန ရာမွာပဲျပန္ထားၿပီး အုတ္ဂူကို ပိတ္လိုက္မွာပါ"ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.