မလေးရှားမှာ 'ရှားပါးလိပ်မျိုးစိတ်တွေကို မှောင်ခိုရောင်းချတဲ့"နင်ဂျာ လိပ်ဂိုဏ်း" အဖွဲ့၊ အဖွဲ့ဝင် ခြောက်ဦး ဖမ်းဆီးခံရ

 536

ရောင်နီ (NP News) - ဇူလိုင် ၁၀

Ninja Turtle Gang (နင်ဂျာလိပ်ဂိုဏ်း)လို့ခေါ်တဲ့ ရှားပါးလိပ်မျိုးစိတ်တွေကို မှောင်ခိုတင်သွင်း ရောင်းဝယ်ဖောက်ကားမှုတွေပြုလုပ်နေတဲ့ နိုင်ငံတကာရာဇ၀တ်ဂိုဏ်းမှ အဖွဲ့ဝင်ခြောက်ဦးကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး မှောင်ခိုသွင်းထားတဲ့ လိပ်အကောင်ရေ ၂၀၀ ခန့်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တောရိုင်းတိရစ္ဆာန် အရာရှိတစ်ဦးက အင်္ဂါနေ့ (ဇူလိုင်လ ၉ ရက်) မှာ ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ နေအိမ်တစ်လုံးကို ဇူလိုင်လ ၂ ရက်က ရဲတပ်ဖွဲ့နဲ့ တောရိုင်းတိရစ္ဆာန်တာဝန်ရှိသူတွေ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာမှာ အဆိုပါ နင်ဂျာလိပ်ဂိုဏ်းမှ ကမ္ဘောဒီးယားနိုင်ငံသား လေးဦးနဲ့ မလေးရှားနိုင်ငံသား ၂ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်တယ်လို့ မလေးရှားတောရိုင်းတိရစ္ဆာန်နဲ့ အမျိုးသားဥယျာဉ်ဌာန ညွှန်ကြားရေးမှူးချုပ် အက်ဒူလ်ကာဒါအဘူဟက်ရှန်က ပြောပါတယ်။ စီးနင်းမှုအတွင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၅၂,၃၀၀ တန်ဖိုးရှိ မျိုးတုံးလုနီးပါး သတ္တဝါအဖြစ် သတ်မှတ်ခံထားရတဲ့၊ "ရွှေချည်လိပ်" ခေါ် ရွှေရောင် လည်ပင်းအစင်းကျားနဲ့ လိပ်တွေဖြစ်ပြီး လိပ်အကောင်ရေ ၂၀၀ ခန့်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အာရှတစ်ဝှမ်းမှာ လိပ်တွေဟာ ကံကောင်းခြင်းနဲ့ ချမ်းသာခြင်းကို ယူဆောင်လာတဲ့ လာဘ်ကောင်တွေအဖြစ် လူအများက ယုံကြည်ကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်ကလည်း အရှေ့တောင်အာရှမှာ ရောင်းဝယ်ဖောက်ကားဖို့အတွက် ရည်ရွယ်တဲ့ အမေရိကန်ဒေါ်လာ ၈၀၅,၀၈၄ တန်ကြေးရှိသည့် လိပ်အကောင်ရေ ၄၀၀ ကို မှောင်ခိုဈေးကွက်မှ သိမ်းဆည်းကယ်တင်နိုင်ခဲ့တယ်လို့ တိရိစ္ဆာန် တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

zawgyi version
မေလးရွားမွာ 'ရွားပါးလိပ္မ်ိဳးစိတ္ေတြကို ေမွာင္ခိုေရာင္းခ်တဲ့"နင္ဂ်ာ လိပ္ဂိုဏ္း" အဖြဲ႕၊ အဖြဲ႕ဝင္ ေျခာက္ဦး ဖမ္းဆီးခံရ
ေရာင္နီ (NP News) - ဇူလိုင္ ၁၀

Ninja Turtle Gang (နင္ဂ်ာလိပ္ဂိုဏ္း)လို႔ေခၚတဲ့ ရွားပါးလိပ္မ်ိဳးစိတ္ေတြကို ေမွာင္ခိုတင္သြင္း ေရာင္းဝယ္ေဖာက္ကားမႈေတြျပဳလုပ္ေနတဲ့ ႏိုင္ငံတကာရာဇ၀တ္ဂိုဏ္းမွ အဖြဲ႕ဝင္ေျခာက္ဦးကို မေလးရွားအာဏာပိုင္ေတြက ဖမ္းဆီးခဲ့ၿပီး ေမွာင္ခိုသြင္းထားတဲ့ လိပ္အေကာင္ေရ ၂၀၀ ခန႔္ကိုလည္း သိမ္းဆည္းရမိခဲ့တယ္လို႔ ေတာ႐ိုင္းတိရစာၦန္ အရာရွိတစ္ဦးက အဂၤါေန႔ (ဇူလိုင္လ ၉ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူၿမိဳ႕ရွိ ေနအိမ္တစ္လုံးကို ဇူလိုင္လ ၂ ရက္က ရဲတပ္ဖြဲ႕နဲ႔ ေတာ႐ိုင္းတိရစာၦန္တာဝန္ရွိသူေတြ ဝင္ေရာက္စီးနင္းရွာေဖြခဲ့ရာမွာ အဆိုပါ နင္ဂ်ာလိပ္ဂိုဏ္းမွ ကေမာၻဒီးယားႏိုင္ငံသား ေလးဦးနဲ႔ မေလးရွားႏိုင္ငံသား ၂ ဦးကို ဖမ္းဆီးခဲ့ျခင္း ျဖစ္တယ္လို႔ မေလးရွားေတာ႐ိုင္းတိရစာၦန္နဲ႔ အမ်ိဳးသားဥယ်ာဥ္ဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ အက္ဒူလ္ကာဒါအဘူဟက္ရွန္က ေျပာပါတယ္။ စီးနင္းမႈအတြင္း ခန႔္မွန္းေျခ အေမရိကန္ေဒၚလာ ၅၂,၃၀၀ တန္ဖိုးရွိ မ်ိဳးတုံးလုနီးပါး သတၱဝါအျဖစ္ သတ္မွတ္ခံထားရတဲ့၊ "ေ႐ႊခ်ည္လိပ္" ေခၚ ေ႐ႊေရာင္ လည္ပင္းအစင္းက်ားနဲ႔ လိပ္ေတြျဖစ္ၿပီး လိပ္အေကာင္ေရ ၂၀၀ ခန႔္ကိုလည္း သိမ္းဆည္းရမိခဲ့တယ္လို႔ သိရပါတယ္။ အာရွတစ္ဝွမ္းမွာ လိပ္ေတြဟာ ကံေကာင္းျခင္းနဲ႔ ခ်မ္းသာျခင္းကို ယူေဆာင္လာတဲ့ လာဘ္ေကာင္ေတြအျဖစ္ လူအမ်ားက ယုံၾကည္ၾကပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၂၉ ရက္ကလည္း အေရွ႕ေတာင္အာရွမွာ ေရာင္းဝယ္ေဖာက္ကားဖို႔အတြက္ ရည္႐ြယ္တဲ့ အေမရိကန္ေဒၚလာ ၈၀၅,၀၈၄ တန္ေၾကးရွိသည့္ လိပ္အေကာင္ေရ ၄၀၀ ကို ေမွာင္ခိုေဈးကြက္မွ သိမ္းဆည္းကယ္တင္ႏိုင္ခဲ့တယ္လို႔ တိရိစာၦန္ တာဝန္ရွိသူေတြရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

Related news

© 2021. All rights reserved.