BLACK PINK အဖွဲ့ဝင် ဂျင်းနီရဲ့အခန်းတွင်း vape သောက်တဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး သူမရဲ့အေဂျင်စီက ပြန်တောင်းပန်

 3665

ရောင်နီ (NP News) - ဇူလိုင် ၁၀

တောင်ကိုရီးယားအမျိုးသမီး K POP အဖွဲ့ BLACKPINK ရဲ့ အဖွဲ့ဝင် ဂျင်းနီ သူမရဲ့အိမ်တွင်း vape သောက်ခဲ့တဲ့ ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး မကြာသေးမီက သူမရဲ့ ပရိသတ်တွေကြား အငြင်းပွားမှု ဖြစ်ခဲ့ပါတယ်။

ဇူလိုင်လ ၂ ရက်နေ့က ဂျင်းနီ ရဲ့ YouTube ချန်နယ်မှာ တင်ခဲ့တဲ့ vlog တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဗီဒီယိုဖိုင်ထဲမှာ ဂျင်းနီက မိတ်ကပ်ပြင်နေရင်း vape သောက်နေတဲ့ ကလစ်လည်း ပါခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်းအသိုင်းအဝိုင်းမှာ အငြင်းပွားမှုများဖြစ်ပွားခဲ့ပြီး ဇူလိုင်က ၈ ရက်မှာတော့ ဗီဒီယိုကို ပြန်ဖျက်ချခဲ့ရပါတယ်။ ဇူလိုင်လ ၉ ရက်နေ့မှာတော့ ဂျင်းနီရဲ့အေဂျင်စီ OA Entertainment က "ဂျင်းနီရဲ့လုပ်ရပ်အတွက် စိတ်မသက်မသာဖြစ်ခဲ့ရသူတိုင်းကို စိတ်ရင်းမှန်နဲ့တောင်းပန်ကြောင်း၊ ဂျင်းနီလည်း အခန်းတွင်း vape သောက်ခဲ့ခြင်းအတွက် အမှားကို နောင်တရနေကြောင်း၊ ဒီအဖြစ်အပျက်ကြောင့် စိတ်ပျက်ခဲ့တဲ့ သူမရဲ့ပရိသတ်တွေကိုလည်း တောင်းပန်ကြောင်း၊ နောင်လည်း ဒီလိုပြဿနာမျိုး ထပ်မဖြစ်စေဖို့ မျှော်လင့်ကြောင်း"စာထုတ်ကာ ပြန်လည်တောင်းပန်ခဲ့ပါတယ်။

တောင်ကိုရီးယား K POP နဲ့ သရုပ်ဆောင် အနုပညာ လောကမှာ အနုပညာရှင်တွေ ဆေးလိပ်သောက်ခြင်းကို အထူးကြပ်ကြပ်မတ်မတ်တားမြစ်ထားပြီး အဆိုပါအပြစ်ကို ကျူးလွန်မိရင်လည်း ပရိသတ်ရဲ့ စိတ်ပျက်ငြိုငြင်မှုကို ပြင်းပြင်းထန်ထန် ခံရလေ့ရှိပါတယ်။

zawgyi version
BLACK PINK အဖြဲ႕ဝင္ ဂ်င္းနီရဲ႕အခန္းတြင္း vape ေသာက္တဲ့ ဗီဒီယိုဖိုင္နဲ႔ ပတ္သက္ၿပီး သူမရဲ႕ေအဂ်င္စီက ျပန္ေတာင္းပန္
ေရာင္နီ (NP News) - ဇူလိုင္ ၁၀

ေတာင္ကိုရီးယားအမ်ိဳးသမီး K POP အဖြဲ႕ BLACKPINK ရဲ႕ အဖြဲ႕ဝင္ ဂ်င္းနီ သူမရဲ႕အိမ္တြင္း vape ေသာက္ခဲ့တဲ့ ဗီဒီယိုဖိုင္နဲ႔ပတ္သက္ၿပီး မၾကာေသးမီက သူမရဲ႕ ပရိသတ္ေတြၾကား အျငင္းပြားမႈ ျဖစ္ခဲ့ပါတယ္။

ဇူလိုင္လ ၂ ရက္ေန႔က ဂ်င္းနီ ရဲ႕ YouTube ခ်န္နယ္မွာ တင္ခဲ့တဲ့ vlog တစ္စိတ္တစ္ပိုင္းျဖစ္တဲ့ ဗီဒီယိုဖိုင္ထဲမွာ ဂ်င္းနီက မိတ္ကပ္ျပင္ေနရင္း vape ေသာက္ေနတဲ့ ကလစ္လည္း ပါခဲ့ပါတယ္။ အဆိုပါ ဗီဒီယိုဖိုင္ဟာ ဆိုရွယ္မီဒီယာနဲ႔ အြန္လိုင္းအသိုင္းအဝိုင္းမွာ အျငင္းပြားမႈမ်ားျဖစ္ပြားခဲ့ၿပီး ဇူလိုင္က ၈ ရက္မွာေတာ့ ဗီဒီယိုကို ျပန္ဖ်က္ခ်ခဲ့ရပါတယ္။ ဇူလိုင္လ ၉ ရက္ေန႔မွာေတာ့ ဂ်င္းနီရဲ႕ေအဂ်င္စီ OA Entertainment က "ဂ်င္းနီရဲ႕လုပ္ရပ္အတြက္ စိတ္မသက္မသာျဖစ္ခဲ့ရသူတိုင္းကို စိတ္ရင္းမွန္နဲ႔ေတာင္းပန္ေၾကာင္း၊ ဂ်င္းနီလည္း အခန္းတြင္း vape ေသာက္ခဲ့ျခင္းအတြက္ အမွားကို ေနာင္တရေနေၾကာင္း၊ ဒီအျဖစ္အပ်က္ေၾကာင့္ စိတ္ပ်က္ခဲ့တဲ့ သူမရဲ႕ပရိသတ္ေတြကိုလည္း ေတာင္းပန္ေၾကာင္း၊ ေနာင္လည္း ဒီလိုျပႆနာမ်ိဳး ထပ္မျဖစ္ေစဖို႔ ေမွ်ာ္လင့္ေၾကာင္း"စာထုတ္ကာ ျပန္လည္ေတာင္းပန္ခဲ့ပါတယ္။

ေတာင္ကိုရီးယား K POP နဲ႔ သ႐ုပ္ေဆာင္ အႏုပညာ ေလာကမွာ အႏုပညာရွင္ေတြ ေဆးလိပ္ေသာက္ျခင္းကို အထူးၾကပ္ၾကပ္မတ္မတ္တားျမစ္ထားၿပီး အဆိုပါအျပစ္ကို က်ဴးလြန္မိရင္လည္း ပရိသတ္ရဲ႕ စိတ္ပ်က္ၿငိဳျငင္မႈကို ျပင္းျပင္းထန္ထန္ ခံရေလ့ရွိပါတယ္။

Related news

© 2021. All rights reserved.