ဩဂုတ်လလယ်တွင် ဒုတိယအကြိမ်လေလံပစ်မည့် ခြံအမှတ်(၅၄)နေအိမ်ကို ခြိမ်းခြောက်မှုများကြောင့် ဝယ်ယူသူပေါ်ပေါက်ဖွယ်မရှိ

 7756

သုတကျော် (NP News) - ဇူလိုင် ၁၀

ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သော ခြံအမှတ် ၅၄ နေအိမ်ကို ဈေးနှုန်းသစ် ပြင်ဆင်သတ်မှတ်ကာ ဩဂုတ်လလယ်ပိုင်းအတွင်း ဒုတိယအကြိမ် လေလံတင်ရောင်းချမည် ဖြစ်သော်လည်း ဝယ်ယူသူပေါ်ပေါက်ဖွယ်မရှိကြောင်း NP News က စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)နှင့် နေအိမ်ကို မတ်လ ၂၀ ရက်က ကျပ် ၃၁၅ ဘီလျံဖြင့် လေလံတင် ရောင်းချခဲ့သော်လည်း လေလံဆွဲဝယ်ယူမည့်သူမရှိဘဲ ပြီးဆုံးသွားခဲ့ခြင်းဖြစ်သည်။

ထပ်မံလေလံတင်ရောင်းချရာတွင် ဦးအောင်ဆန်းဦးဘက်က ငွေကျပ် ၂၈၅ ဘီလျံအဖြစ် ပြင်ဆင်သတ်မှတ်ပေးရန်တင်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဘက်က ကန့်ကွက်ခဲ့ကာ ကမာရွတ်ခရိုင်တရားရုံးက ကျပ် ၃၀ဝ ဘီလျံဖြင့် လေလံတင်ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်သည့် မြေကွက် နှင့် မြေပေါ်ရှိ အဆောက်အအုံများအပါအဝင် အကျိုးခံစားခွင့် အရပ်ရပ်ကို ကျပ်သိန်းပေါင်း ဘီလျံ (၃၀ဝ)ဖြင့် လာမည့် ဩဂုတ် လ ၁၅ ရက်၊ နံနက် ၁၀ နာရီတွင် အဆိုပါခြံဝန်းအတွင်း၌ လေလံတင်ရောင်းချမည်ဖြစ်ကာ ကိုယ်တိုင်သော်လည်းကောင်း၊ တရားဝင် လွှဲအပ်သည့် ကိုယ်စားလှယ်ဖြင့်သော်လည်း ကောင်း လေလံဆွဲဝယ်ယူနိုင်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ လေလံတင်ရောင်းချမှုနှင့်ပတ်သက်၍ ပထမအကြိမ်ကလည်း အကြမ်းဖက် သမားများက အသက်အန္တရာယ်ခြိမ်းခြောက်မှုများရှိနေသည့်အတွက် လေလံဆွဲမည့်သူမရှိခဲ့ပေ။ ယခုတစ်ကြိမ်တွင်လည်း အလားတူကိစ္စများ ကြုံလာရနိုင်သည့်အလား အလာများရှိနေသောကြောင့် လေလံပွဲအောင်မြင် ဖွယ်မရှိကြောင်း NP News ၏ သတင်းရင်းမြစ်အချို့က သုံးသပ်သည်။

ထို့ပြင် အိမ်နှင့် ခြံအတွက် သတ်မှတ်ထားသည့် ပမာဏမှာလည်း ဈေးနှုန်းများပြားရာ လေလံဆွဲဝယ်ယူမည့်သူအတွက် လက်တွန့်စရာ အခြေအနေတစ်ခု ဖြစ်နေကြောင်းလည်း သိရသည်။ ခြံအမှတ် ၅၄ ကို လေလံတင်ရောင်းချသည့် ပမာဏကို ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က တစ်ယောက်တစ်ဝက်စီရရှိမည်ဖြစ်ကာ ဦးအောင်ဆန်းဦးက ၎င်းရရှိမည့်ငွေ၏ ထက်ဝက်ထက်မနည်းသောပမာဏကို မြန်မာနိုင်ငံ၏ပညာရေး ကဏ္ဍအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း NP News က စုံစမ်းသိရှိရသည်။

zawgyi version
ဩဂုတ္လလယ္တြင္ ဒုတိယအႀကိမ္ေလလံပစ္မည့္ ၿခံအမွတ္(၅၄)ေနအိမ္ကို ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ ဝယ္ယူသူေပၚေပါက္ဖြယ္မရွိ
သုတေက်ာ္ (NP News) - ဇူလိုင္ ၁၀

ေဒၚေအာင္ဆန္းစုၾကည္ေနထိုင္ခဲ့ေသာ ၿခံအမွတ္ ၅၄ ေနအိမ္ကို ေဈးႏႈန္းသစ္ ျပင္ဆင္သတ္မွတ္ကာ ဩဂုတ္လလယ္ပိုင္းအတြင္း ဒုတိယအႀကိမ္ ေလလံတင္ေရာင္းခ်မည္ ျဖစ္ေသာ္လည္း ဝယ္ယူသူေပၚေပါက္ဖြယ္မရွိေၾကာင္း NP News က စုံစမ္းသိရွိရသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္၊ တကၠသိုလ္ရိပ္သာလမ္းရွိ ၿခံအမွတ္ (၅၄)ႏွင့္ ေနအိမ္ကို မတ္လ ၂၀ ရက္က က်ပ္ ၃၁၅ ဘီလ်ံျဖင့္ ေလလံတင္ ေရာင္းခ်ခဲ့ေသာ္လည္း ေလလံဆြဲဝယ္ယူမည့္သူမရွိဘဲ ၿပီးဆုံးသြားခဲ့ျခင္းျဖစ္သည္။

ထပ္မံေလလံတင္ေရာင္းခ်ရာတြင္ ဦးေအာင္ဆန္းဦးဘက္က ေငြက်ပ္ ၂၈၅ ဘီလ်ံအျဖစ္ ျပင္ဆင္သတ္မွတ္ေပးရန္တင္ျပခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္၏ ေရွ႕ေနမ်ားဘက္က ကန႔္ကြက္ခဲ့ကာ ကမာ႐ြတ္ခ႐ိုင္တရား႐ုံးက က်ပ္ ၃၀ဝ ဘီလ်ံျဖင့္ ေလလံတင္ေရာင္းခ်ရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေဒၚခင္ၾကည္ အမည္ေပါက္ပိုင္ဆိုင္သည့္ ေျမကြက္ ႏွင့္ ေျမေပၚရွိ အေဆာက္အအုံမ်ားအပါအဝင္ အက်ိဳးခံစားခြင့္ အရပ္ရပ္ကို က်ပ္သိန္းေပါင္း ဘီလ်ံ (၃၀ဝ)ျဖင့္ လာမည့္ ဩဂုတ္ လ ၁၅ ရက္၊ နံနက္ ၁၀ နာရီတြင္ အဆိုပါၿခံဝန္းအတြင္း၌ ေလလံတင္ေရာင္းခ်မည္ျဖစ္ကာ ကိုယ္တိုင္ေသာ္လည္းေကာင္း၊ တရားဝင္ လႊဲအပ္သည့္ ကိုယ္စားလွယ္ျဖင့္ေသာ္လည္း ေကာင္း ေလလံဆြဲဝယ္ယူႏိုင္ေၾကာင္း ႏိုင္ငံပိုင္သတင္းစာတြင္ ေဖာ္ျပထားသည္။

အဆိုပါ ေလလံတင္ေရာင္းခ်မႈႏွင့္ပတ္သက္၍ ပထမအႀကိမ္ကလည္း အၾကမ္းဖက္ သမားမ်ားက အသက္အႏၲရာယ္ၿခိမ္းေျခာက္မႈမ်ားရွိေနသည့္အတြက္ ေလလံဆြဲမည့္သူမရွိခဲ့ေပ။ ယခုတစ္ႀကိမ္တြင္လည္း အလားတူကိစၥမ်ား ႀကဳံလာရႏိုင္သည့္အလား အလာမ်ားရွိေနေသာေၾကာင့္ ေလလံပြဲေအာင္ျမင္ ဖြယ္မရွိေၾကာင္း NP News ၏ သတင္းရင္းျမစ္အခ်ိဳ႕က သုံးသပ္သည္။

ထို႔ျပင္ အိမ္ႏွင့္ ၿခံအတြက္ သတ္မွတ္ထားသည့္ ပမာဏမွာလည္း ေဈးႏႈန္းမ်ားျပားရာ ေလလံဆြဲဝယ္ယူမည့္သူအတြက္ လက္တြန႔္စရာ အေျခအေနတစ္ခု ျဖစ္ေနေၾကာင္းလည္း သိရသည္။ ၿခံအမွတ္ ၅၄ ကို ေလလံတင္ေရာင္းခ်သည့္ ပမာဏကို ဦးေအာင္ဆန္းဦးႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တို႔က တစ္ေယာက္တစ္ဝက္စီရရွိမည္ျဖစ္ကာ ဦးေအာင္ဆန္းဦးက ၎ရရွိမည့္ေငြ၏ ထက္ဝက္ထက္မနည္းေသာပမာဏကို ျမန္မာႏိုင္ငံ၏ပညာေရး က႑အတြက္ လႉဒါန္းသြားမည္ျဖစ္ေၾကာင္းလည္း NP News က စုံစမ္းသိရွိရသည္။

Related news

© 2021. All rights reserved.