မျက်နှာပေါ်ကအရေးကြောင်းများဖြေရှင်းခြင်း (ကျန်းမာရေးဆောင်းပါး)

 893

ဒေါက်တာလွင်သန့် (NP News) - ဇူလိုင် ၁ဝ

အသက်ကြီးလာတဲ့အခါဖြစ်လာတဲ့တင်းတိပ်တွေ၊ ကလေးမွေးပြီးမျက်နှာမှာတင်းတိပ်တွေကျန်ခဲ့တာရှိတယ်။ တင်းတိပ် ဖြစ်တာနဲ့ (၈၀%)ကနေရောင်ခြည်ကြောင့်ဖြစ်တယ်။မြန်မာနိုင်ငံမှာလည်းနေရောင်ခြည်ဒဏ်ကပိုများတယ်။ ဘာကြောင့်လဲဆိုရင်အိုဇုန်းလွှာပါးလာတယ်။ ကမ္ဘာကြီးပူနွေးခြင်း(Global warming)ဖြစ်လာတယ်ဆိုတော့ မြန်မာလိုမျိုးအပူပိုင်းဒေသမှာနေရတော့ နေရောင်ခြည်ဒဏ်ကိုပိုပြီးခံစားရပါတယ်။ နွေရာသီဆိုရင်ခရမ်းလွန် ရောင်ခြည်တွေပိုများတယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာဆို ဟော်မုန်းတွေပြောင်းလဲတယ်။နူးညံ့တဲ့ဟော်မုန်းတွေခန္ဓာကိုယ်ထဲမှာရှိနေတယ်။ အရေပြားကလည်းပျော့နေတယ်။ အဲဒီလိုအချိန်မှာနေရောင်ခြည်ပြင်းပြင်းထိလိုက်ရင်အရေပြားမှာဒဏ်ဖြစ်သွားတယ်။ သည်လိုဒဏ်ဖြစ်ပြီဆိုရင်ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတော့ စာအုပ်အရ(၁၀)နှစ်ပြန်ပြီးပြုပြင်ရတယ်ဆိုထားတယ်။ ဆိုလိုတာကပြန်ပြီးကောင်းနိုင်ဖို့အချိန်ကြာလို့နေလောင်တာမဖြစ်အောင်ကာကွယ်ရပါမယ်။ မြန်မာတွေနေပူထဲမှာထီးတွေ၊ ဦးထုပ်တွေဆောင်းတဲ့အကျင့်နည်းပါတယ်။ ဦးထုပ်ဆောင်းတဲ့သူဆိုရင် နိုင်ငံခြားသားဖြစ်နေပါတယ်။

နိုင်ငံခြားသားတွေလုပ်လေ့ရှိတဲ့နေပူစာလှုံတာ( Warming)က အရေပြားကိုထိခိုက်မှုအနည်းငယ်ရှိပါတယ်။ သူတို့က မြန်မာတွေလို ညိုတိုတိုလေးနဲ့ရွှေရောင်သမ်းတဲ့အသားအရေမျိုးကိုအရမ်းကြိုက်တယ်။ သူတို့အသားအရေက ဖြူဖျော့ဖျော့ဖြစ်နေတယ်။ သူတို့တွေ သည်လို နေပူဆာလှုံတာကြောင့်အရေပြားကင်ဆာအကြောင်းသိရပါတယ်။ သူတို့တွေပဲနေပူစာလှုံတာကြောင့်အရေပြားကင်ဆာဖြစ်ကြတယ်။ အခုနေပူစာလှုံတာသိပ်မလုပ်ကြတော့ဘူး။ အရေပြားကိုအရမ်းဂရုစိုက်လာကြတယ်။ တစ်ချိန်လုံးနေရောင်ခံမရင်(Sun scream)လိမ်းတယ်။

အသက်ကြီးလာလို့ဖြစ်လာတဲ့အရေးကြောင်းတွေလျော့ပါးပျောက်ကင်းအောင်လုပ်နိုင်ပါတယ်။ လူကြီးနဲ့လူငယ်ကအရေးကြောင်းတွေဖြစ်လာလို့ပြန်ကောင်းဖို့အချိန်ယူရတဲ့ကြာချိန်ကွာပါတယ်။ အသက်(၃၀-၄၀)ကျော်လာပြီဆိုရင်ပျက်စီးသွားတဲ့အသားအရေပြန်ကောင်းဖို့ကြာချိန်ပိုကြာလာပါတယ်။ အသက်(၆၀-၇၀)ဆိုရင် အရေးအကြောင်းတွေပြန်ကောင်းတဲ့ဖြစ်စဉ်မရှိတော့ပါဘူး။ သူ့အတိုင်းလေးပဲပျက်နေတယ်။ မပျက်အောင်ဆက်ထိန်းဖို့လိုပါတယ်။ ဒါကြောင့်အသက်(၃၀)ကျော်လာပြီဆိုရင် အသားအရေမပျက်စီးအောင်အရေးကြောင်းတွေမဖြစ်အောင် စတင်ထိန်းသိမ်းသင့်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ ပျက်စီးသွားတဲ့အရေပြားတွေပြန်ပြုပြင်ဖို့အချိန်ကြာလာတာကြောင့်ဖြစ်တယ်။ အသက်ကြီးသွားရင်တော့ဘယ်အခါမှပြန်ကောင်းတဲ့(Recovery)ဆိုတာမရှိတော့ပါဘူး။ ဝက်ခြံထွက်ရတဲ့ပြသာနာကအများက ဆယ်ကျော်သက်တွေမှာဖြစ်တာများတယ်။ ကလေးဘဝနဲ့လူကြီးဘဝအကူးဖြစ်တယ်။ ကလေးဘဝမှာအရေပြားက နူးနူးညံ့ညံ့လေး၊ လူကြီးဖြစ်လာချိန်မှာအဆီကစထွက်ပါတယ်။ အချို့ကလေးတွေကို အသက်(၁၀)နှစ်လောက်မှာ ကလေးကအသားအရေ (၁၁-၁၂) နှစ်လောက်မှာအဆီစထွက်တယ်။ မိန်းကလေးတွေဆိုရင် သိသိသာသာပဲ သွေးသားပါပြောင်းလဲလာတဲ့အတွက် ဟော်မုန်းတွေပါပြောင်းလဲလာတယ်။ အဆီဂလင်းတွေက ဟော်မုန်းကိုတုံ့ပြန်မှု(Sensitive)ဖြစ်လာပြီးတော့ သည်ဟော်မုန်းတွေကြောင့်ပဲအဆီစထုတ်လာတယ်။ အဆီကများလာပြီး ချွေးပေါက်တွေပိတ်သွားတယ်ပိတ်သွားရင်ဂလင်းတွေရောင်လာပြီးဖောင်းလာတယ်။ သည်နေရာကိုကုတ်လိုက်လို့ဖြစ်ဖြစ်၊ ဖဲ့လိုက်လို့ဖြစ်ဖြစ် ပိုဝင်သွားရင် အနီလုံးတွေဖြစ်လာပါတယ်။ အဲဒါဝက်ခြံဖြစ်လာစေတယ်။ ဆယ်ကျော်သက်အရွယ်တွေမှာဖြစ်တာသဘာဝပါပဲ။ ဒါကိုထိန်းပေးဖို့လိုအပ်ပါတယ်။

မိတ်ကပ်နဲ့အစိုဓာတ်ထိန်းခရင်မ်တွေကို ဝက်ခြံရှိသူတွေ သုံးလို့ရပါတယ်။ ကိုယ်နဲ့သင့် တော်တာကိုသုံးသင့်ပါတယ်။ မိတ်ကပ်ကချွေးပေါက်ပိတ်မှာစိုးပါတယ်။ ဟိုအရင်ငယ်စဉ်ကထုတ်တဲ့ မိတ်ကပ်က မိတ်ကပ်သက်သက်ဖြစ်တယ်။ အခုခတ်မိတ်ကပ်က အရေပြားထိန်းခြင်း(skin care)ပါပေါင်းနေပါတယ်။ အာဟာရ(Nutration)လည်း ဖြည့်စွက်ထားပါတယ်။ ခုခေတ်မိတ်ကပ်တွေပိုကောင်းပါတယ်။ အရမ်းကြီးထူထူထဲထဲမလိမ်းပဲ အသားထဲသိမ့်သွားမယ့်လိုရှင်း(lotion)ပုံစံလိမ်းသင့်တယ်။ ဝက်ခြံရှိတုန်းမှာတစ်နေ့ကုန်သုံးခဲ့တဲ့မိတ်ကပ်မသုံးသင့်ပါဘူး။ ပျက်သွားရင်ပြင်လိမ်းသင့်တယ်။ သည်လိုမိတ်ကပ်မျိုးဆိုရင်ချွေးပေါက်သိပ်မပိတ်ဘူး။ အဆီသိပ်မထွက်ဘူးလိမ်းနိုင်တယ်။

အချို့လည်းဝက်ခြံမဟုတ်ဘူး။ သဘာဝဝက်ခြံလည်းမဟုတ်ဘူး။ မျက်နှာအနီဖုလေးတွေရှိနေတတ်တယ်။ ကလေးငယ်တဲ့အရွယ်မှာတော့ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တာ၊ခြင်ကိုက်သွားတာ၊ မိတ်ထွက်တာ၊ ဓာတ်မထည့်တာတို့ကြောင့်ဖြစ်နိုင်တယ်ဆိုရင်ကြောက်စရာမဟုတ်ပါဘူး။ အလှတွေပျက်တော့မှာဆိုပြီး မစိုးရိမ်စေချင်ဘူး။ စိုးရိမ်စိတ်ကြောင့်လည်းဝက်ခြံထွက်လာတတ်တယ်။ ဝမ်းချုပ်ရင်လည်းဝက်ခြံထွက်တတ်ပါတယ်။ အိပ်ရေးပျက်ရင်လည်း ဝက်ခြံထွက်တတ်ပါတယ်။ အခုခေတ်ကလေးတွေဟာ၊ အငန်နဲ့အစပ်အတော်စားလာတယ်။ ဆားကအရေပြားဖောင်းလာစေတယ်။ ဖောင်းတဲ့အခါကျတော့ ဝက်ခြံတွေကလည်းဖောင်းတယ်။ အစပ်စာတွေစားတဲ့အခါမှာချွေးတွေ၊ အဆီတွေထွက်စေပါတယ်။ ဟော့ပေါ့စားတဲ့အလေ့အထများလာတော့ အဆီငွေ့တွေကဦးရေပြားနဲ့မျက်နှာမှာရှိတဲ့ချွေးပေါက်တွေကိုလာပိတ်စေပါတယ်။အမှတ်တမဲ့ဆိုပေမယ့်ဂရုစိုက်ဖို့လိုပါတယ်။ စားကောင်းတယ်ဆိုပေမယ့်အရသာပြင်းတဲ့အစားအသောက်တွေကိုရှောင်ဖို့လိုပါတယ်။

ဝက်ခြံကိုမညှစ်ထုတ်သင့်ပါဘူး။ အရေပြားဆရာဝန်ကဝက်ခြံညှစ်နိုင်ရင်၊ အပြင်ကိုပေါက်ထွက်တာအပြင်ဘေးဖက်ကိုလည်းပေါက်ထွက်ပါတယ်။ဘေးဖက်ကိုပေါက်သွားထွက်ရင်အရေပြားထဲကိုဝင်သွားပါတယ်။အရေပြားထိခိုက်သွားတဲ့အတွက်ရောင်ရမ်းတာဖြစ်စေပါတယ်။အမည်းစက်ကျန်နေတတ်တယ်။ဒါကြောင့်ဝက်ခြံကိုမကုတ်သင့်၊မဖဲသင့်ပါဘူး။ခုခေတ်မှာဝက်ခြံကိုဖောက်ထုတ်ရမယ်ဆိုပြီး၊ပြောနေတာကမှားယွင်းတဲ့အယူအဆပဲဖြစ်ပါတယ်။ ကံမကောင်းရင်ခုညှစ်လိုက်တဲ့ဝက်ခြံနေရာမှာ အချိုင့်ဖြစ်သွားတတ်ပါသေးတယ်။ ဝက်ခြံဆိုတာကအသက်(၁၈-၁၉)နှစ်လောက်ဆိုရင် ဟော်မုန်းတွေတည်ငြိမ်သွားပြီး သူ့ဖာသာသူကောင်းသွားပါလိမ့်မယ်။ အဲဒီအချိန်မတိုင်ခင်မှာ အဆိုပါအချိုင့်ကိုဆရာဝန်နဲ့ဆိုရင်စိတ်ထိခိုက်တာတွေဖြစ်မှာစိုးလို့ ဆရာဝန်နဲ့ပြသပြီးကုသမှုခံယူကြရတာပဲဖြစ်ပါတယ်။

မျက်နှာမှာအရေးကြောင်းဖြစ်လာရတာက ကော်လာဂျင်(Collagen)ကဆိုင်းကြိုးလိုမျိုးဆွဲထားတယ်။ အဆိုပါဆွဲတာလေးလျော့သွားရင်၊ အရေပြားကတွန့်သွားတယ်။ ကော်လာဂျင်က ဘယ်အချိန်တွန့်သွားလဲဆိုရင် ဓာတ်တိုးဖြစ်စဉ်ဖြစ်တဲ့ အောက်စီဒေးတစ်ဓာတ်ပြုမှု (oxidative Reation) ဖြစ်ရင်၊ ကော်လာဂျင်တွန့်သွားပါတယ်။ ငယ်ငယ်လေးနဲ့အရေးကြောင်းတွေဖြစ်နေပြီဆိုရင် ကျူ(၁၀)(Q-10)ကိုသောက်သာကောင်းပါတယ်။ သောက်လည်းသောက်လိမ်းလည်းလိမ်းနိုင်ပါတယ်။ ကိုယ်ဘာကြောင့်ဖြစ်သလဲဆိုတာ ကိုယ့်ဖာသာဆန်းစစ်ဖို့လိုပါတယ်။ ဝမ်းအရမ်းချုပ်တတ်တာလား။ နေပူထဲမှာတစ်ချိန်လုံးနေသလား။ ပုံမှန်လေးအသက်ကြီးလာတာမဟုတ်ဘူး။ အရွယ်မတိုင်ခင်အသက်ကြီးလာတာဖြစ်လို့၊သူများထက်ပိုပြီးဂရုစိုက်ဖို့လိုပါတယ်။

အချို့ဆိုအသက်(၂၀)လောက်နဲ့မျက်နှာပေါ်မှာအရေးအကြောင်းတွေဖြစ်နေတာတွေ့ရတယ်။ ကျူ(၁၀)(Q_10)သုံးသင့်တယ်။ ကျူ(၁၀)(Q_10)ပြောပေမယ့် တကယ်တမ်းမှာအင်တီအောက်စီဒင့်ကိုဆိုလိုပါတယ်။ ကိုယ်ထဲမှာလည်း စွန့်ပစ်ပစ္စည်း(Waste products)ရှိနေပါတယ်။ အောက်စီဂျင်က အောက်စီဂျင်အနေနဲ့(O2)ရှိနေချိန်မှာအရမ်းကိုအသုံးကျပါတယ်။အောက်စီဂျင်(O2)ကနေတစ်လုံးစီကွဲပြီး ဟိုက်ဒရိုဂျင်နဲ့ပေါင်းလိုက်ရင် ဒါမှမဟုတ်လဲအခြားနဲ့မပေါင်းပဲ-(-၀)အနေနဲ့ရှိနေတာက အမှိုက်(waste products) ဖြစ်တယ်။ တစ်သျှူးတစ်ခုကအောက်စီဂျင်ပေါင်းလိုက်လို့ဘေးထွက်ဆိုးကျိုးဖြစ်တာကို ဥပမာပြောရရင်ပန်းသီးဖြစ်တယ်။အောက်စီဂျင်နဲ့ပေါင်းလိုက်ရင်မည်းသွားတယ်။ ဒါကိုမြင့်မားတဲ့ဥပမာဖြစ်တယ်။ သံချေးတတ်သလိုမည်းသွားတယ်။ ဒါကခန္ဓာကိုယ်မှာဖြစ်တယ်။ ဖြစ်တဲ့တာကိုပြန်ပြီး ဖြေပေးမယ့် အင်တီအောက်စီဒင့်လိုပါတယ်။

ထွက်ပြေးသွားတဲ့အောက်စီဂျင်(O2)ကိုပြန်ရှာရပါမယ်။ အဲဒီမှာကျူ-၁၀(Q_10)ကအကျိုးရှိပါတယ်။ (A_10)မှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ခန္ဓာကိုယ်ထဲမှာလည်းနဂိုကတည်းက အင်တီအောက်စီဒင့်တွေရှိပါတယ်။ ကိုယ်ကကျန်းမာရေးကောင်းတယ်။ ကိုယ်ခံစွမ်းအားတွေမြင့်နေတယ်ဆိုရင်၊ သူ့ဖာသာအဆင်ပြေပါတယ်။ အပြင်ကနေသုံးဖို့မလိုပါဘူး။ ဒါပေမဲ့ခုနောက်ပိုင်းမှာလူတိုင်းက ပြီးပြည့်စုံခြင်း(perfect)ဖြစ်မနေပဲ လိုနေတာကြောင့်ဖြည့်စွက်တဲ့အနေနဲ့အားဆေး(supplements)တွေ ရှိပါတယ်။ ခရင်(Cream)တွေရှိပါတယ်။ အစားအသောက်တွေစားလိုက်ရင် ခန္ဓာကိုယ်ထဲပဲရောက်တယ်။ အရေပြားကိုရောက်ဖို့ကြာမယ်။ ဒါကြောင့်မျက်နှာပေါ်မှာလိမ်းကြတယ်။ ဗီတာမင်စီ၊ ဗီတာမင်အီး၊ကျူ_၁၀(Q_10) တွေလိမ်းကြတာဖြစ်တယ်။ ဒါကြောင့်အင်တီအောက်စီဒင့်(Antioxidants) တွေသုံးတဲ့အလေ့အထ ပေါ်လာတာဖြစ်တယ်။ ဒါကြောင့်မျက်နှာပေါ်မှာအရေးကြောင်းတွေပေါ်လာရင်ကျူ-၁၀(Q-10)ကိုသုံးစွဲသင့်ပါတယ်။

zawgyi version
မ်က္ႏွာေပၚကအေရးေၾကာင္းမ်ားေျဖရွင္းျခင္း (က်န္းမာေရးေဆာင္းပါး)
ေဒါက္တာလြင္သန႔္ (NP News) - ဇူလိုင္ ၁ဝ

အသက္ႀကီးလာတဲ့အခါျဖစ္လာတဲ့တင္းတိပ္ေတြ၊ ကေလးေမြးၿပီးမ်က္ႏွာမွာတင္းတိပ္ေတြက်န္ခဲ့တာရွိတယ္။ တင္းတိပ္ ျဖစ္တာနဲ႔ (၈၀%)ကေနေရာင္ျခည္ေၾကာင့္ျဖစ္တယ္။ျမန္မာႏိုင္ငံမွာလည္းေနေရာင္ျခည္ဒဏ္ကပိုမ်ားတယ္။ ဘာေၾကာင့္လဲဆိုရင္အိုဇုန္းလႊာပါးလာတယ္။ ကမာၻႀကီးပူေႏြးျခင္း(Global warming)ျဖစ္လာတယ္ဆိုေတာ့ ျမန္မာလိုမ်ိဳးအပူပိုင္းေဒသမွာေနရေတာ့ ေနေရာင္ျခည္ဒဏ္ကိုပိုၿပီးခံစားရပါတယ္။ ေႏြရာသီဆိုရင္ခရမ္းလြန္ ေရာင္ျခည္ေတြပိုမ်ားတယ္။ ကိုယ္ဝန္ေဆာင္တဲ့အခ်ိန္မွာဆို ေဟာ္မုန္းေတြေျပာင္းလဲတယ္။ႏူးညံ့တဲ့ေဟာ္မုန္းေတြခႏၶာကိုယ္ထဲမွာရွိေနတယ္။ အေရျပားကလည္းေပ်ာ့ေနတယ္။ အဲဒီလိုအခ်ိန္မွာေနေရာင္ျခည္ျပင္းျပင္းထိလိုက္ရင္အေရျပားမွာဒဏ္ျဖစ္သြားတယ္။ သည္လိုဒဏ္ျဖစ္ၿပီဆိုရင္ဘယ္ေလာက္ေၾကာက္ဖို႔ေကာင္းလဲဆိုေတာ့ စာအုပ္အရ(၁၀)ႏွစ္ျပန္ၿပီးျပဳျပင္ရတယ္ဆိုထားတယ္။ ဆိုလိုတာကျပန္ၿပီးေကာင္းႏိုင္ဖို႔အခ်ိန္ၾကာလို႔ေနေလာင္တာမျဖစ္ေအာင္ကာကြယ္ရပါမယ္။ ျမန္မာေတြေနပူထဲမွာထီးေတြ၊ ဦးထုပ္ေတြေဆာင္းတဲ့အက်င့္နည္းပါတယ္။ ဦးထုပ္ေဆာင္းတဲ့သူဆိုရင္ ႏိုင္ငံျခားသားျဖစ္ေနပါတယ္။

ႏိုင္ငံျခားသားေတြလုပ္ေလ့ရွိတဲ့ေနပူစာလႈံတာ( Warming)က အေရျပားကိုထိခိုက္မႈအနည္းငယ္ရွိပါတယ္။ သူတို႔က ျမန္မာေတြလို ညိဳတိုတိုေလးနဲ႔ေ႐ႊေရာင္သမ္းတဲ့အသားအေရမ်ိဳးကိုအရမ္းႀကိဳက္တယ္။ သူတို႔အသားအေရက ျဖဴေဖ်ာ့ေဖ်ာ့ျဖစ္ေနတယ္။ သူတို႔ေတြ သည္လို ေနပူဆာလႈံတာေၾကာင့္အေရျပားကင္ဆာအေၾကာင္းသိရပါတယ္။ သူတို႔ေတြပဲေနပူစာလႈံတာေၾကာင့္အေရျပားကင္ဆာျဖစ္ၾကတယ္။ အခုေနပူစာလႈံတာသိပ္မလုပ္ၾကေတာ့ဘူး။ အေရျပားကိုအရမ္းဂ႐ုစိုက္လာၾကတယ္။ တစ္ခ်ိန္လုံးေနေရာင္ခံမရင္(Sun scream)လိမ္းတယ္။

အသက္ႀကီးလာလို႔ျဖစ္လာတဲ့အေရးေၾကာင္းေတြေလ်ာ့ပါးေပ်ာက္ကင္းေအာင္လုပ္ႏိုင္ပါတယ္။ လူႀကီးနဲ႔လူငယ္ကအေရးေၾကာင္းေတြျဖစ္လာလို႔ျပန္ေကာင္းဖို႔အခ်ိန္ယူရတဲ့ၾကာခ်ိန္ကြာပါတယ္။ အသက္(၃၀-၄၀)ေက်ာ္လာၿပီဆိုရင္ပ်က္စီးသြားတဲ့အသားအေရျပန္ေကာင္းဖို႔ၾကာခ်ိန္ပိုၾကာလာပါတယ္။ အသက္(၆၀-၇၀)ဆိုရင္ အေရးအေၾကာင္းေတြျပန္ေကာင္းတဲ့ျဖစ္စဥ္မရွိေတာ့ပါဘူး။ သူ႔အတိုင္းေလးပဲပ်က္ေနတယ္။ မပ်က္ေအာင္ဆက္ထိန္းဖို႔လိုပါတယ္။ ဒါေၾကာင့္အသက္(၃၀)ေက်ာ္လာၿပီဆိုရင္ အသားအေရမပ်က္စီးေအာင္အေရးေၾကာင္းေတြမျဖစ္ေအာင္ စတင္ထိန္းသိမ္းသင့္ေနပါၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ ပ်က္စီးသြားတဲ့အေရျပားေတြျပန္ျပဳျပင္ဖို႔အခ်ိန္ၾကာလာတာေၾကာင့္ျဖစ္တယ္။ အသက္ႀကီးသြားရင္ေတာ့ဘယ္အခါမွျပန္ေကာင္းတဲ့(Recovery)ဆိုတာမရွိေတာ့ပါဘူး။ ဝက္ၿခံထြက္ရတဲ့ျပသာနာကအမ်ားက ဆယ္ေက်ာ္သက္ေတြမွာျဖစ္တာမ်ားတယ္။ ကေလးဘဝနဲ႔လူႀကီးဘဝအကူးျဖစ္တယ္။ ကေလးဘဝမွာအေရျပားက ႏူးႏူးညံ့ညံ့ေလး၊ လူႀကီးျဖစ္လာခ်ိန္မွာအဆီကစထြက္ပါတယ္။ အခ်ိဳ႕ကေလးေတြကို အသက္(၁၀)ႏွစ္ေလာက္မွာ ကေလးကအသားအေရ (၁၁-၁၂) ႏွစ္ေလာက္မွာအဆီစထြက္တယ္။ မိန္းကေလးေတြဆိုရင္ သိသိသာသာပဲ ေသြးသားပါေျပာင္းလဲလာတဲ့အတြက္ ေဟာ္မုန္းေတြပါေျပာင္းလဲလာတယ္။ အဆီဂလင္းေတြက ေဟာ္မုန္းကိုတုံ႔ျပန္မႈ(Sensitive)ျဖစ္လာၿပီးေတာ့ သည္ေဟာ္မုန္းေတြေၾကာင့္ပဲအဆီစထုတ္လာတယ္။ အဆီကမ်ားလာၿပီး ေခြၽးေပါက္ေတြပိတ္သြားတယ္ပိတ္သြားရင္ဂလင္းေတြေရာင္လာၿပီးေဖာင္းလာတယ္။ သည္ေနရာကိုကုတ္လိုက္လို႔ျဖစ္ျဖစ္၊ ဖဲ့လိုက္လို႔ျဖစ္ျဖစ္ ပိုဝင္သြားရင္ အနီလုံးေတြျဖစ္လာပါတယ္။ အဲဒါဝက္ၿခံျဖစ္လာေစတယ္။ ဆယ္ေက်ာ္သက္အ႐ြယ္ေတြမွာျဖစ္တာသဘာဝပါပဲ။ ဒါကိုထိန္းေပးဖို႔လိုအပ္ပါတယ္။

မိတ္ကပ္နဲ႔အစိုဓာတ္ထိန္းခရင္မ္ေတြကို ဝက္ၿခံရွိသူေတြ သုံးလို႔ရပါတယ္။ ကိုယ္နဲ႔သင့္ ေတာ္တာကိုသုံးသင့္ပါတယ္။ မိတ္ကပ္ကေခြၽးေပါက္ပိတ္မွာစိုးပါတယ္။ ဟိုအရင္ငယ္စဥ္ကထုတ္တဲ့ မိတ္ကပ္က မိတ္ကပ္သက္သက္ျဖစ္တယ္။ အခုခတ္မိတ္ကပ္က အေရျပားထိန္းျခင္း(skin care)ပါေပါင္းေနပါတယ္။ အာဟာရ(Nutration)လည္း ျဖည့္စြက္ထားပါတယ္။ ခုေခတ္မိတ္ကပ္ေတြပိုေကာင္းပါတယ္။ အရမ္းႀကီးထူထူထဲထဲမလိမ္းပဲ အသားထဲသိမ့္သြားမယ့္လိုရွင္း(lotion)ပုံစံလိမ္းသင့္တယ္။ ဝက္ၿခံရွိတုန္းမွာတစ္ေန႔ကုန္သုံးခဲ့တဲ့မိတ္ကပ္မသုံးသင့္ပါဘူး။ ပ်က္သြားရင္ျပင္လိမ္းသင့္တယ္။ သည္လိုမိတ္ကပ္မ်ိဳးဆိုရင္ေခြၽးေပါက္သိပ္မပိတ္ဘူး။ အဆီသိပ္မထြက္ဘူးလိမ္းႏိုင္တယ္။

အခ်ိဳ႕လည္းဝက္ၿခံမဟုတ္ဘူး။ သဘာဝဝက္ၿခံလည္းမဟုတ္ဘူး။ မ်က္ႏွာအနီဖုေလးေတြရွိေနတတ္တယ္။ ကေလးငယ္တဲ့အ႐ြယ္မွာေတာ့ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ျဖစ္တာ၊ျခင္ကိုက္သြားတာ၊ မိတ္ထြက္တာ၊ ဓာတ္မထည့္တာတို႔ေၾကာင့္ျဖစ္ႏိုင္တယ္ဆိုရင္ေၾကာက္စရာမဟုတ္ပါဘူး။ အလွေတြပ်က္ေတာ့မွာဆိုၿပီး မစိုးရိမ္ေစခ်င္ဘူး။ စိုးရိမ္စိတ္ေၾကာင့္လည္းဝက္ၿခံထြက္လာတတ္တယ္။ ဝမ္းခ်ဳပ္ရင္လည္းဝက္ၿခံထြက္တတ္ပါတယ္။ အိပ္ေရးပ်က္ရင္လည္း ဝက္ၿခံထြက္တတ္ပါတယ္။ အခုေခတ္ကေလးေတြဟာ၊ အငန္နဲ႔အစပ္အေတာ္စားလာတယ္။ ဆားကအေရျပားေဖာင္းလာေစတယ္။ ေဖာင္းတဲ့အခါက်ေတာ့ ဝက္ၿခံေတြကလည္းေဖာင္းတယ္။ အစပ္စာေတြစားတဲ့အခါမွာေခြၽးေတြ၊ အဆီေတြထြက္ေစပါတယ္။ ေဟာ့ေပါ့စားတဲ့အေလ့အထမ်ားလာေတာ့ အဆီေငြ႕ေတြကဦးေရျပားနဲ႔မ်က္ႏွာမွာရွိတဲ့ေခြၽးေပါက္ေတြကိုလာပိတ္ေစပါတယ္။အမွတ္တမဲ့ဆိုေပမယ့္ဂ႐ုစိုက္ဖို႔လိုပါတယ္။ စားေကာင္းတယ္ဆိုေပမယ့္အရသာျပင္းတဲ့အစားအေသာက္ေတြကိုေရွာင္ဖို႔လိုပါတယ္။

ဝက္ၿခံကိုမညႇစ္ထုတ္သင့္ပါဘူး။ အေရျပားဆရာဝန္ကဝက္ၿခံညႇစ္ႏိုင္ရင္၊ အျပင္ကိုေပါက္ထြက္တာအျပင္ေဘးဖက္ကိုလည္းေပါက္ထြက္ပါတယ္။ေဘးဖက္ကိုေပါက္သြားထြက္ရင္အေရျပားထဲကိုဝင္သြားပါတယ္။အေရျပားထိခိုက္သြားတဲ့အတြက္ေရာင္ရမ္းတာျဖစ္ေစပါတယ္။အမည္းစက္က်န္ေနတတ္တယ္။ဒါေၾကာင့္ဝက္ၿခံကိုမကုတ္သင့္၊မဖဲသင့္ပါဘူး။ခုေခတ္မွာဝက္ၿခံကိုေဖာက္ထုတ္ရမယ္ဆိုၿပီး၊ေျပာေနတာကမွားယြင္းတဲ့အယူအဆပဲျဖစ္ပါတယ္။ ကံမေကာင္းရင္ခုညႇစ္လိုက္တဲ့ဝက္ၿခံေနရာမွာ အခ်ိဳင့္ျဖစ္သြားတတ္ပါေသးတယ္။ ဝက္ၿခံဆိုတာကအသက္(၁၈-၁၉)ႏွစ္ေလာက္ဆိုရင္ ေဟာ္မုန္းေတြတည္ၿငိမ္သြားၿပီး သူ႔ဖာသာသူေကာင္းသြားပါလိမ့္မယ္။ အဲဒီအခ်ိန္မတိုင္ခင္မွာ အဆိုပါအခ်ိဳင့္ကိုဆရာဝန္နဲ႔ဆိုရင္စိတ္ထိခိုက္တာေတြျဖစ္မွာစိုးလို႔ ဆရာဝန္နဲ႔ျပသၿပီးကုသမႈခံယူၾကရတာပဲျဖစ္ပါတယ္။

မ်က္ႏွာမွာအေရးေၾကာင္းျဖစ္လာရတာက ေကာ္လာဂ်င္(Collagen)ကဆိုင္းႀကိဳးလိုမ်ိဳးဆြဲထားတယ္။ အဆိုပါဆြဲတာေလးေလ်ာ့သြားရင္၊ အေရျပားကတြန႔္သြားတယ္။ ေကာ္လာဂ်င္က ဘယ္အခ်ိန္တြန႔္သြားလဲဆိုရင္ ဓာတ္တိုးျဖစ္စဥ္ျဖစ္တဲ့ ေအာက္စီေဒးတစ္ဓာတ္ျပဳမႈ (oxidative Reation) ျဖစ္ရင္၊ ေကာ္လာဂ်င္တြန႔္သြားပါတယ္။ ငယ္ငယ္ေလးနဲ႔အေရးေၾကာင္းေတြျဖစ္ေနၿပီဆိုရင္ က်ဴ(၁၀)(Q-10)ကိုေသာက္သာေကာင္းပါတယ္။ ေသာက္လည္းေသာက္လိမ္းလည္းလိမ္းႏိုင္ပါတယ္။ ကိုယ္ဘာေၾကာင့္ျဖစ္သလဲဆိုတာ ကိုယ့္ဖာသာဆန္းစစ္ဖို႔လိုပါတယ္။ ဝမ္းအရမ္းခ်ဳပ္တတ္တာလား။ ေနပူထဲမွာတစ္ခ်ိန္လုံးေနသလား။ ပုံမွန္ေလးအသက္ႀကီးလာတာမဟုတ္ဘူး။ အ႐ြယ္မတိုင္ခင္အသက္ႀကီးလာတာျဖစ္လို႔၊သူမ်ားထက္ပိုၿပီးဂ႐ုစိုက္ဖို႔လိုပါတယ္။

အခ်ိဳ႕ဆိုအသက္(၂၀)ေလာက္နဲ႔မ်က္ႏွာေပၚမွာအေရးအေၾကာင္းေတြျဖစ္ေနတာေတြ႕ရတယ္။ က်ဴ(၁၀)(Q_10)သုံးသင့္တယ္။ က်ဴ(၁၀)(Q_10)ေျပာေပမယ့္ တကယ္တမ္းမွာအင္တီေအာက္စီဒင့္ကိုဆိုလိုပါတယ္။ ကိုယ္ထဲမွာလည္း စြန႔္ပစ္ပစၥည္း(Waste products)ရွိေနပါတယ္။ ေအာက္စီဂ်င္က ေအာက္စီဂ်င္အေနနဲ႔(O2)ရွိေနခ်ိန္မွာအရမ္းကိုအသုံးက်ပါတယ္။ေအာက္စီဂ်င္(O2)ကေနတစ္လုံးစီကြဲၿပီး ဟိုက္ဒ႐ိုဂ်င္နဲ႔ေပါင္းလိုက္ရင္ ဒါမွမဟုတ္လဲအျခားနဲ႔မေပါင္းပဲ-(-၀)အေနနဲ႔ရွိေနတာက အမႈိက္(waste products) ျဖစ္တယ္။ တစ္သွ်ဴးတစ္ခုကေအာက္စီဂ်င္ေပါင္းလိုက္လို႔ေဘးထြက္ဆိုးက်ိဳးျဖစ္တာကို ဥပမာေျပာရရင္ပန္းသီးျဖစ္တယ္။ေအာက္စီဂ်င္နဲ႔ေပါင္းလိုက္ရင္မည္းသြားတယ္။ ဒါကိုျမင့္မားတဲ့ဥပမာျဖစ္တယ္။ သံေခ်းတတ္သလိုမည္းသြားတယ္။ ဒါကခႏၶာကိုယ္မွာျဖစ္တယ္။ ျဖစ္တဲ့တာကိုျပန္ၿပီး ေျဖေပးမယ့္ အင္တီေအာက္စီဒင့္လိုပါတယ္။

ထြက္ေျပးသြားတဲ့ေအာက္စီဂ်င္(O2)ကိုျပန္ရွာရပါမယ္။ အဲဒီမွာက်ဴ-၁၀(Q_10)ကအက်ိဳးရွိပါတယ္။ (A_10)မွာ ဗီတာမင္ေအ၊ ဗီတာမင္စီ၊ ဗီတာမင္အီး၊ ခႏၶာကိုယ္ထဲမွာလည္းနဂိုကတည္းက အင္တီေအာက္စီဒင့္ေတြရွိပါတယ္။ ကိုယ္ကက်န္းမာေရးေကာင္းတယ္။ ကိုယ္ခံစြမ္းအားေတြျမင့္ေနတယ္ဆိုရင္၊ သူ႔ဖာသာအဆင္ေျပပါတယ္။ အျပင္ကေနသုံးဖို႔မလိုပါဘူး။ ဒါေပမဲ့ခုေနာက္ပိုင္းမွာလူတိုင္းက ၿပီးျပည့္စုံျခင္း(perfect)ျဖစ္မေနပဲ လိုေနတာေၾကာင့္ျဖည့္စြက္တဲ့အေနနဲ႔အားေဆး(supplements)ေတြ ရွိပါတယ္။ ခရင္(Cream)ေတြရွိပါတယ္။ အစားအေသာက္ေတြစားလိုက္ရင္ ခႏၶာကိုယ္ထဲပဲေရာက္တယ္။ အေရျပားကိုေရာက္ဖို႔ၾကာမယ္။ ဒါေၾကာင့္မ်က္ႏွာေပၚမွာလိမ္းၾကတယ္။ ဗီတာမင္စီ၊ ဗီတာမင္အီး၊က်ဴ_၁၀(Q_10) ေတြလိမ္းၾကတာျဖစ္တယ္။ ဒါေၾကာင့္အင္တီေအာက္စီဒင့္(Antioxidants) ေတြသုံးတဲ့အေလ့အထ ေပၚလာတာျဖစ္တယ္။ ဒါေၾကာင့္မ်က္ႏွာေပၚမွာအေရးေၾကာင္းေတြေပၚလာရင္က်ဴ-၁၀(Q-10)ကိုသုံးစြဲသင့္ပါတယ္။

Related news

© 2021. All rights reserved.