ရန်ကုန်မြစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအပါအဝင် လူ(၁၇)ဦးလိုက်ပါလာသည့် သဗ္ဗာန်တိမ်းမှောက်၍ (၈)ဦးပျောက်ဆုံးနေ

 19181

သန့်ဇင် (NP News) - ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြစ်(လှိုင်မြစ်)အတွင်း ကျောင်းသား၊ ကျောင်းသူများအပါအဝင် လူ(၁၇)ဦးလိုက်ပါလာသည့် သဗ္ဗာန်တိမ်းမှောက်၍ (၈)ဦးပျောက်ဆုံးနေကြောင်း ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၁၀ရက်)နံနက် ၈နာရီဝန်းကျင်အချိန်ခန့်က ကြည့်မြင်တိုင်မြို့ နယ်၊ ဈေးကလေးရပ်ကွက်၊ ရန်ကုန်မြစ်အတွင်း၊ ဗားကရားဆိပ်ကမ်းမှ ရေမိုင်(၅)ဖာလုံခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ရောက်သွားတော့ ပြောနေကြတာတော့ ရပ်ထားတဲ့တွဲသင်္ဘောကို တိုက်မိပြီး (၂)ခြမ်းကွဲပြီးမှောက်သွားတာ။ အရှိန် တော်တော်ပါတယ်လို့ယူဆလို့ရတယ်။ ကျောင်းသား၊ ကျောင်းသူပိုများတယ်။ ခရီးသည်က (၆)ယောက်ပဲပါတာ။ ပြန်ဆယ်ရတဲ့ လူတွေကတော့ စိုးရိမ်စရာမရှိပါဘူး”ဟု ရောင်စဉ်မဲ့လူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ကနဦးရရှိထားသည့် သတင်းများအရ သဗ္ဗာန်တိမ်းမှောက်မှုဖြစ်စဉ်အတွင်း သဗ္ဗာန်ပေါ်တွင်လိုက်ပါသူ (၁၇)ဦးအနက် ကျောင်းသား၊ ကျောင်သူ (၃)ဦးနှင့် ခရီးသည် (၅)ဦး စုစုပေါင်း (၈)ဦးပျောက်ဆုံးနေလျက်ရှိကြောင်းသိရသည်။ ထို့နောက် ပြန်လည်ဆယ်ယူရရှိသူများအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး ပျောက်ဆုံးနေသူများအား မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နှင့် အခြားလူမှုကူညီရေးအသင်းများပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးများဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

zawgyi version
ရန္ကုန္ျမစ္အတြင္း ေက်ာင္းသား၊ ေက်ာင္းသူမ်ားအပါအဝင္ လူ(၁၇)ဦးလိုက္ပါလာသည့္ သဗၺာန္တိမ္းေမွာက္၍ (၈)ဦးေပ်ာက္ဆုံးေန
သန႔္ဇင္ (NP News) - ဇူလိုင္ ၁၀

ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကုန္ျမစ္(လႈိင္ျမစ္)အတြင္း ေက်ာင္းသား၊ ေက်ာင္းသူမ်ားအပါအဝင္ လူ(၁၇)ဦးလိုက္ပါလာသည့္ သဗၺာန္တိမ္းေမွာက္၍ (၈)ဦးေပ်ာက္ဆုံးေနေၾကာင္း ေရာင္စဥ္မဲ့လူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ဇူလိုင္လ ၁၀ရက္)နံနက္ ၈နာရီဝန္းက်င္အခ်ိန္ခန႔္က ၾကည့္ျမင္တိုင္ၿမိဳ႕ နယ္၊ ေဈးကေလးရပ္ကြက္၊ ရန္ကုန္ျမစ္အတြင္း၊ ဗားကရားဆိပ္ကမ္းမွ ေရမိုင္(၅)ဖာလုံခန႔္အကြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “ကြၽန္ေတာ္တို႔ေရာက္သြားေတာ့ ေျပာေနၾကတာေတာ့ ရပ္ထားတဲ့တြဲသေဘၤာကို တိုက္မိၿပီး (၂)ျခမ္းကြဲၿပီးေမွာက္သြားတာ။ အရွိန္ ေတာ္ေတာ္ပါတယ္လို႔ယူဆလို႔ရတယ္။ ေက်ာင္းသား၊ ေက်ာင္းသူပိုမ်ားတယ္။ ခရီးသည္က (၆)ေယာက္ပဲပါတာ။ ျပန္ဆယ္ရတဲ့ လူေတြကေတာ့ စိုးရိမ္စရာမရွိပါဘူး”ဟု ေရာင္စဥ္မဲ့လူမႈ ကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ကနဦးရရွိထားသည့္ သတင္းမ်ားအရ သဗၺာန္တိမ္းေမွာက္မႈျဖစ္စဥ္အတြင္း သဗၺာန္ေပၚတြင္လိုက္ပါသူ (၁၇)ဦးအနက္ ေက်ာင္းသား၊ ေက်ာင္သူ (၃)ဦးႏွင့္ ခရီးသည္ (၅)ဦး စုစုေပါင္း (၈)ဦးေပ်ာက္ဆုံးေနလ်က္ရွိေၾကာင္းသိရသည္။ ထို႔ေနာက္ ျပန္လည္ဆယ္ယူရရွိသူမ်ားအား ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားၿပီး ေပ်ာက္ဆုံးေနသူမ်ားအား ျမန္မာႏိုင္ငံမီးသတ္ တပ္ဖြဲ႕ႏွင့္ အျခားလူမႈကူညီေရးအသင္းမ်ားပူးေပါင္းကာ ရွာေဖြကယ္ဆယ္ေရးမ်ားဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

Picture

oosoe myint

10/07/2024 15:51

​​ကျောင်းသား​ကျောင်းသူ​တွေအတွက် စိတ်မ​​ကောင်းပါဘူး။

Related news

© 2021. All rights reserved.