နေတိုးထိပ်သီးအစည်းအဝေးမတိုင်မီ တရုတ်က နေတိုး၏ လုပ်ရပ်များကို ပြစ်တင်ရှုတ်ချ

 4712

ALynn (NP News) - ဇူလိုင် ၁ဝ

ဝါရှင်တန်တွင်ကျင်းပမည့် ထိပ်သီးအစည်းအဝေးအကြိုတွင် တရုတ်က မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့(နေတိုး)၏လုပ်ရပ်များကို အင်္ဂါနေ့(ဇူလိုင်လ ၉ ရက်)တွင် ပြစ်တင်ဝေဖန်ခဲ့သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အင်္ဂါနေ့မှစပြီး (၃)ရက်ကြာ နေတိုးမဟာမိတ် အဖွဲ့ခေါင်းဆောင်များအပြင် သြစတြေးလျ၊ ဂျပန်၊ နယူးဇီလန် နှင့် တောင်ကိုရီးယားခေါင်းဆောင် များကိုပါ လက်ခံ၍ ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့သည်။

NATO အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က (၇၅) နှစ်မြောက် ထိပ်သီးအစည်းအဝေးမတိုင်မီ သတင်းစာရှင်းလင်းပွဲ၌ “နိုင်ငံများအားလုံးပါဝင်မှုက ကျွန်ုပ်တို့၏ လုံခြုံရေးသည် ဒေသတွင်းမဟုတ်ကြောင်း၊ ကျွန်ုပ်တို့၏ လုံခြုံရေးသည် ကမ္ဘာလုံးဆိုင်ရာဖြစ်ကြောင်း သက်သေပြနေသည်"ဟု ပြောကြားခဲ့သည်။ “ယူကရိန်းအပေါ် ရုရှားရဲ့တရားမဝင် စစ်ပွဲဆင်နွှဲခြင်းကို အီရန်၊ မြောက်ကိုရီးယား၊ တရုတ်တို့က ထောက်ခံအားပေးနေကြောင်း ရှင်းရှင်းလင်းလင်း သက်သေပြနေပါတယ်”ဟု Stoltenberg က တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း နေတိုးမှတ်တမ်းတစ်ခုအရ သိရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက “နေတိုးအဖွဲ့သည် ဆိုဗီယက်ယူနီယံကို ဆန့်ကျင်ရန်အတွက် ၁၉၄၉ ခုနှစ်တွင် တည် ထောင်ခဲ့သည့် စုပေါင်းလုံခြုံရေးအဖွဲ့သာဖြစ်ကြောင်း” ဖော်ပြခဲ့သည်။

"လုံခြုံ‌ရေးမဟာမိတ်အဖြစ်ဖွဲ့ထားသော နေတိုးသည် အခြားနိုင်ငံများ၏ လုံခြုံ‌ရေးများတွင်ပါ ပါဝင်လှုပ်ရှားလာသော လုပ်ရပ်များသည် ဒေသတွင်းအတွက်သာမက တစ်ကမ္ဘာလုံးအတွက်ပါ အလွန်မြင့်မားတဲ့ လုံခြုံရေးအန္တရာယ်တွေ ယူဆောင်လာခဲ့ပါတယ်"ဟု နိုင်ငံခြားရေးဝန် ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Lin Jian က ဘေဂျင်း၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ "နေတိုးရဲ့တရုတ်နိုင်ငံအပေါ် တိုက်ခိုက်မှုများကို ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း၊ နေတိုးရဲ့အာရှ-ပစိဖိတ်ဒေသအတွင်း လုံခြုံရေးအကြောင်းပြချက်ဖြင့် ဝင်ရောက်လှုပ်ရှားလာခြင်းများသည် ဒေသတွင်းတင်းမာမှုများကို လှုံ့ဆော်နေကြောင်း" ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲအတွင်း ဆုတ်ယုတ်မှုများနှင့်အတူ အဖွဲ့ဝင်နိုင်ငံများ၏ ရွေးကောက်ပွဲဆိုင်ရာ ဂယက်များကြောင့် နေတိုးခေါင်းဆောင်များသည် ဝါရှင်တန်တွင် စုဝေးဖို့ဖြစ်လာကြသည်။ ဘိုင်ဒန်သည် ၎င်း၏ ရီပတ်ဘလီကန် သမ္မတလောင်းပြိုင်ဘက် ဒေါ်နယ်ထရမ့်ကို ကြိုးကြိုးစားစား စကားစစ်ထိုးပြီးနောက် သက်တမ်းတစ်ခုအတွက် အပြင်းအထန်လုံးပမ်းနေရသည်။ သမ္မတ ဗလာဒီမာဇာလန်စကီးသည် ယူကရိန်းနိုင်ငံအား နေတိုးအဖွဲ့အတွင်းပါဝင်ရန် ဖိတ်ခေါ်ခြင်းမခံရသော်လည်း ယခုနေတိုးထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများထံမှ ခိုင်မာသော အထောက်အပံ့များရရန် မျှော်မှန်းထားသည်။

zawgyi version
ေနတိုးထိပ္သီးအစည္းအေဝးမတိုင္မီ တ႐ုတ္က ေနတိုး၏ လုပ္ရပ္မ်ားကို ျပစ္တင္ရႈတ္ခ်
ALynn (NP News) - ဇူလိုင္ ၁ဝ

ဝါရွင္တန္တြင္က်င္းပမည့္ ထိပ္သီးအစည္းအေဝးအႀကိဳတြင္ တ႐ုတ္က ေျမာက္အတၱလႏၲိတ္ စာခ်ဳပ္အဖြဲ႕(ေနတိုး)၏လုပ္ရပ္မ်ားကို အဂၤါေန႔(ဇူလိုင္လ ၉ ရက္)တြင္ ျပစ္တင္ေဝဖန္ခဲ့သည္။ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္သည္ အဂၤါေန႔မွစၿပီး (၃)ရက္ၾကာ ေနတိုးမဟာမိတ္ အဖြဲ႕ေခါင္းေဆာင္မ်ားအျပင္ ၾသစေၾတးလ်၊ ဂ်ပန္၊ နယူးဇီလန္ ႏွင့္ ေတာင္ကိုရီးယားေခါင္းေဆာင္ မ်ားကိုပါ လက္ခံ၍ ထိပ္သီးအစည္းအေဝးကို က်င္းပခဲ့သည္။

NATO အဖြဲ႕၏ အေထြေထြအတြင္းေရးမႉးခ်ဳပ္ Jens Stoltenberg က (၇၅) ႏွစ္ေျမာက္ ထိပ္သီးအစည္းအေဝးမတိုင္မီ သတင္းစာရွင္းလင္းပြဲ၌ “ႏိုင္ငံမ်ားအားလုံးပါဝင္မႈက ကြၽႏ္ုပ္တို႔၏ လုံၿခဳံေရးသည္ ေဒသတြင္းမဟုတ္ေၾကာင္း၊ ကြၽႏ္ုပ္တို႔၏ လုံၿခဳံေရးသည္ ကမာၻလုံးဆိုင္ရာျဖစ္ေၾကာင္း သက္ေသျပေနသည္"ဟု ေျပာၾကားခဲ့သည္။ “ယူကရိန္းအေပၚ ႐ုရွားရဲ႕တရားမဝင္ စစ္ပြဲဆင္ႏႊဲျခင္းကို အီရန္၊ ေျမာက္ကိုရီးယား၊ တ႐ုတ္တို႔က ေထာက္ခံအားေပးေနေၾကာင္း ရွင္းရွင္းလင္းလင္း သက္ေသျပေနပါတယ္”ဟု Stoltenberg က တနလၤာေန႔တြင္ ေျပာၾကားခဲ့ေၾကာင္း ေနတိုးမွတ္တမ္းတစ္ခုအရ သိရသည္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက “ေနတိုးအဖြဲ႕သည္ ဆိုဗီယက္ယူနီယံကို ဆန႔္က်င္ရန္အတြက္ ၁၉၄၉ ခုႏွစ္တြင္ တည္ ေထာင္ခဲ့သည့္ စုေပါင္းလုံၿခဳံေရးအဖြဲ႕သာျဖစ္ေၾကာင္း” ေဖာ္ျပခဲ့သည္။

"လုံၿခဳံ‌ေရးမဟာမိတ္အျဖစ္ဖြဲ႕ထားေသာ ေနတိုးသည္ အျခားႏိုင္ငံမ်ား၏ လုံၿခဳံ‌ေရးမ်ားတြင္ပါ ပါဝင္လႈပ္ရွားလာေသာ လုပ္ရပ္မ်ားသည္ ေဒသတြင္းအတြက္သာမက တစ္ကမာၻလုံးအတြက္ပါ အလြန္ျမင့္မားတဲ့ လုံၿခဳံေရးအႏၲရာယ္ေတြ ယူေဆာင္လာခဲ့ပါတယ္"ဟု ႏိုင္ငံျခားေရးဝန္ ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ Lin Jian က ေဘဂ်င္း၏ ပုံမွန္သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။ "ေနတိုးရဲ႕တ႐ုတ္ႏိုင္ငံအေပၚ တိုက္ခိုက္မႈမ်ားကို ျပတ္ျပတ္သားသားဆန႔္က်င္ေၾကာင္း၊ ေနတိုးရဲ႕အာရွ-ပစိဖိတ္ေဒသအတြင္း လုံၿခဳံေရးအေၾကာင္းျပခ်က္ျဖင့္ ဝင္ေရာက္လႈပ္ရွားလာျခင္းမ်ားသည္ ေဒသတြင္းတင္းမာမႈမ်ားကို လႈံ႕ေဆာ္ေနေၾကာင္း" ၎က ထပ္ေလာင္းေျပာၾကားခဲ့သည္။

ယူကရိန္းစစ္ပြဲအတြင္း ဆုတ္ယုတ္မႈမ်ားႏွင့္အတူ အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ေ႐ြးေကာက္ပြဲဆိုင္ရာ ဂယက္မ်ားေၾကာင့္ ေနတိုးေခါင္းေဆာင္မ်ားသည္ ဝါရွင္တန္တြင္ စုေဝးဖို႔ျဖစ္လာၾကသည္။ ဘိုင္ဒန္သည္ ၎၏ ရီပတ္ဘလီကန္ သမၼတေလာင္းၿပိဳင္ဘက္ ေဒၚနယ္ထရမ့္ကို ႀကိဳးႀကိဳးစားစား စကားစစ္ထိုးၿပီးေနာက္ သက္တမ္းတစ္ခုအတြက္ အျပင္းအထန္လုံးပမ္းေနရသည္။ သမၼတ ဗလာဒီမာဇာလန္စကီးသည္ ယူကရိန္းႏိုင္ငံအား ေနတိုးအဖြဲ႕အတြင္းပါဝင္ရန္ ဖိတ္ေခၚျခင္းမခံရေသာ္လည္း ယခုေနတိုးထိပ္သီးအစည္းအေဝးတြင္ အဖြဲ႕ဝင္ႏိုင္ငံမ်ားထံမွ ခိုင္မာေသာ အေထာက္အပံ့မ်ားရရန္ ေမွ်ာ္မွန္းထားသည္။

Related news

© 2021. All rights reserved.