အိန္ဒိယနိုင်ငံမှာ နှစ်ထပ်ဘတ်စ်ကားနဲ့ ထရပ်ကားတို့ တိုက်မိပြီး အနည်းဆုံးလူ(၁၈)ဦး သေဆုံး

 888

Pika (NP News) - ဇူလိုင် ၁ဝ

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဇူလိုင်လ(၁၀)ရက်က နှစ်ထပ်ခရီးသည်တင် ဘတ်စ်ကားတစ်စီးနဲ့ နွားနို့သယ်တဲ့ ထရပ်ကားတစ်စီးတို့ တိုက်မိခဲ့ပြီး အနည်းဆုံးလူ(၁၈)ဦးသေဆုံးကာ အခြားလူပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ အဲဒီယာဉ်မတော်တဆမှုဟာ Uttar Pradesh ပြည်နယ် အမြန်လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့လူ(၁၉)ဦးကို အနီးမှာရှိတဲ့ရွာသားတွေက ဆေးရုံကို ချက်ချင်းပို့ဆောင်ပေးခဲ့တယ်လို့ ရဲအရာရှိ အာဗင်းကူမာက ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေအားလုံးရဲ့အခြေအနေဟာ စိုးရိမ်စရာမရှိဘူးလို့လည်း ၎င်းက ထပ်မံပြောဆိုခဲ့ ပါတယ်။ နှစ်ထပ်ခရီးသည်တင်ဘတ်စ်ကားဟာ ဘီဟာပြည်နယ်ကနေ နယူးဒေလီမြို့ကို သွားနေတာဖြစ်တယ်လို့ လည်း သိရပါတယ်။

အာဗင်းကူမာ က “သေဆုံးသူတွေက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဖော်ထုတ်နိုင်ဖို့ အာဏာပိုင်တွေက လုပ်ဆောင်နေပါတယ်။ ပြီးတော့ မတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းအရင်းအတိအကျကို သိရှိရဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ ပြောခဲ့ပါတယ်။

အစောပိုင်းစုံစမ်းစစ်ဆေးမှုတွေအရ အရှိန်ပြင်းပြင်းမောင်းနှင်လာတဲ့ ဘတ်စ်ကားဟာ နွားနို့သယ်တဲ့ထရပ်ကားကို နောက်ကနေဝင်တိုက်မိခဲ့ပြီး ကားနှစ်စီးလုံး တိမ်းမှောက်သွားခဲ့တာဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Gaurang Rathi က ပြောကြားခဲ့ပါတယ်။
ယာဉ်တိုက်မှုက ပြင်းထန်တာကြောင့် ခရီးသည်တင်ဘတ်စ်ကားတစ်ခြမ်းက လုံးဝပျက်စီးသွားခဲ့ပြီးခရီးသည်တွေ လွင့်စင်သွားခဲ့တယ်လို့လည်း သိရပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့ဓါတ်ပုံတွေမှာ လမ်းတစ်လျှောက် ရုပ်အလောင်းတွေ ပြန့်ကျဲနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှုန်းအမြင့်ဆုံးနိုင်ငံဖြစ်ပြီး နှစ်စဉ်လူထောင်ချီ သေဆုံး/ဒဏ်ရာ ရနေတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
အိႏၵိယႏိုင္ငံမွာ ႏွစ္ထပ္ဘတ္စ္ကားနဲ႔ ထရပ္ကားတို႔ တိုက္မိၿပီး အနည္းဆုံးလူ(၁၈)ဦး ေသဆုံး
Pika (NP News) - ဇူလိုင္ ၁ဝ

အိႏၵိယႏိုင္ငံေျမာက္ပိုင္းမွာ ဇူလိုင္လ(၁၀)ရက္က ႏွစ္ထပ္ခရီးသည္တင္ ဘတ္စ္ကားတစ္စီးနဲ႔ ႏြားႏို႔သယ္တဲ့ ထရပ္ကားတစ္စီးတို႔ တိုက္မိခဲ့ၿပီး အနည္းဆုံးလူ(၁၈)ဦးေသဆုံးကာ အျခားလူေပါင္းမ်ားစြာ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။ အဲဒီယာဥ္မေတာ္တဆမႈဟာ Uttar Pradesh ျပည္နယ္ အျမန္လမ္းမႀကီးေပၚမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့လူ(၁၉)ဦးကို အနီးမွာရွိတဲ့႐ြာသားေတြက ေဆး႐ုံကို ခ်က္ခ်င္းပို႔ေဆာင္ေပးခဲ့တယ္လို႔ ရဲအရာရွိ အာဗင္းကူမာက ေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ ထိခိုက္ဒဏ္ရာရရွိခဲ့သူေတြအားလုံးရဲ႕အေျခအေနဟာ စိုးရိမ္စရာမရွိဘူးလို႔လည္း ၎က ထပ္မံေျပာဆိုခဲ့ ပါတယ္။ ႏွစ္ထပ္ခရီးသည္တင္ဘတ္စ္ကားဟာ ဘီဟာျပည္နယ္ကေန နယူးေဒလီၿမိဳ႕ကို သြားေနတာျဖစ္တယ္လို႔ လည္း သိရပါတယ္။

အာဗင္းကူမာ က “ေသဆုံးသူေတြက ဘယ္သူဘယ္ဝါျဖစ္တယ္ဆိုတာကို ေဖာ္ထုတ္ႏိုင္ဖို႔ အာဏာပိုင္ေတြက လုပ္ေဆာင္ေနပါတယ္။ ၿပီးေတာ့ မေတာ္တဆမႈျဖစ္ပြားရတဲ့အေၾကာင္းအရင္းအတိအက်ကို သိရွိရဖို႔အတြက္ စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။

အေစာပိုင္းစုံစမ္းစစ္ေဆးမႈေတြအရ အရွိန္ျပင္းျပင္းေမာင္းႏွင္လာတဲ့ ဘတ္စ္ကားဟာ ႏြားႏို႔သယ္တဲ့ထရပ္ကားကို ေနာက္ကေနဝင္တိုက္မိခဲ့ၿပီး ကားႏွစ္စီးလုံး တိမ္းေမွာက္သြားခဲ့တာျဖစ္တယ္လို႔ အစိုးရတာဝန္ရွိသူတစ္ဦးျဖစ္တဲ့ Gaurang Rathi က ေျပာၾကားခဲ့ပါတယ္။
ယာဥ္တိုက္မႈက ျပင္းထန္တာေၾကာင့္ ခရီးသည္တင္ဘတ္စ္ကားတစ္ျခမ္းက လုံးဝပ်က္စီးသြားခဲ့ၿပီးခရီးသည္ေတြ လြင့္စင္သြားခဲ့တယ္လို႔လည္း သိရပါတယ္။ ဆိုရွယ္မီဒီယာေပၚမွာတင္ထားတဲ့ဓါတ္ပုံေတြမွာ လမ္းတစ္ေလွ်ာက္ ႐ုပ္အေလာင္းေတြ ျပန႔္က်ဲေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ အိႏၵိယႏိုင္ငံဟာ ကမာၻေပၚမွာ ယာဥ္တိုက္မႈေၾကာင့္ ေသဆုံးမႈႏႈန္းအျမင့္ဆုံးႏိုင္ငံျဖစ္ၿပီး ႏွစ္စဥ္လူေထာင္ခ်ီ ေသဆုံး/ဒဏ္ရာ ရေနတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.