BLACKPINK အဖွဲ့ဝင် လီဆာ 2024 Global Citizen Festival မှာ ခေါင်းစီးမှ ပါဝင်

 487

ရောင်နီ (NP News) - ဇူလိုင် ၁၁

တောင်ကိုရီးယားအမျိုးသမီး K POP အဖွဲ့၊ BLACKPINK ရဲ့အဖွဲ့ဝင် လီဆာဟာ နယူးယောက်မှာ ကျင်းပမယ့် 2024 Global Citizen Festival မှာ ခေါင်းစီးကနေ ပါဝင်မယ်လို့ သိရပါတယ်။

ဒီအကြောင်းကို ဇူလိုင် ၉ ရက်မှာ Global Citizen က တရားဝင်ကြော်ငြာခဲ့တာပါ။ Global Citizen Festival ဟာ ကမ္ဘာတဝှမ်း ဆင်းရဲမွဲတေသူတွေကို အကူအညီပေးတဲ့ ကမ်ပိန်းတစ်ခုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဂီတပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ ယခုနှစ်ရဲ့ Global Citizen ဖျော်ဖြေပွဲကိုတော့ စက်တင်ဘာ ၂၈ ရက်မှာ ကျင်းပမှာဖြစ်ပြီး လက်မှတ်တွေကို Global Citizen အက်ပ် (သို့မဟုတ်) ဝက်ဘ်ဆိုက်မှ အခမဲ့ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

လီဆာဟာ မကြာသေးခင်က ထွက်ရှိတဲ့ တစ်ကိုယ်တော်အယ်လ်ဘမ် "Rockstar" ဟာလည်း ထွက်ရှိပြီး ၁၂ ရက်အတွင်း ကြည့်ရှုသူ ၉၆ သန်းထိ ရရှိခဲ့ပါတယ်။
အဆိုပါပွဲတော်မှာ Post Malone၊ Doja Cat၊ Jelly Roll နဲ့ Rauw Alejandro တို့လည်း ခေါင်းစည်းနေရာက ပါဝင်ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

Zawgyi Version;
BLACKPINK အဖြဲ႕ဝင္ လီဆာ 2024 Global Citizen Festival မွာ ေခါင္းစီးမွ ပါဝင္
ေရာင္နီ (NP News) - ဇူလိုင္ ၁၁

ေတာင္ကိုရီးယားအမ်ိဳးသမီး K POP အဖြဲ႕၊ BLACKPINK ရဲ႕အဖြဲ႕ဝင္ လီဆာဟာ နယူးေယာက္မွာ က်င္းပမယ့္ 2024 Global Citizen Festival မွာ ေခါင္းစီးကေန ပါဝင္မယ္လို႔ သိရပါတယ္။

ဒီအေၾကာင္းကို ဇူလိုင္ ၉ ရက္မွာ Global Citizen က တရားဝင္ေၾကာ္ျငာခဲ့တာပါ။ Global Citizen Festival ဟာ ကမာၻတဝွမ္း ဆင္းရဲမြဲေတသူေတြကို အကူအညီေပးတဲ့ ကမ္ပိန္းတစ္ခုရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္ၿပီး ႏွစ္စဥ္က်င္းပေလ့ရွိတဲ့ ဂီတပြဲေတာ္တစ္ခုလည္းျဖစ္ပါတယ္။ ယခုႏွစ္ရဲ႕ Global Citizen ေဖ်ာ္ေျဖပြဲကိုေတာ့ စက္တင္ဘာ ၂၈ ရက္မွာ က်င္းပမွာျဖစ္ၿပီး လက္မွတ္ေတြကို Global Citizen အက္ပ္ (သို႔မဟုတ္) ဝက္ဘ္ဆိုက္မွ အခမဲ့ဝယ္ယူႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

လီဆာဟာ မၾကာေသးခင္က ထြက္ရွိတဲ့ တစ္ကိုယ္ေတာ္အယ္လ္ဘမ္ "Rockstar" ဟာလည္း ထြက္ရွိၿပီး ၁၂ ရက္အတြင္း ၾကည့္ရႈသူ ၉၆ သန္းထိ ရရွိခဲ့ပါတယ္။
အဆိုပါပြဲေတာ္မွာ Post Malone၊ Doja Cat၊ Jelly Roll နဲ႔ Rauw Alejandro တို႔လည္း ေခါင္းစည္းေနရာက ပါဝင္ေဖ်ာ္ေျဖသြားမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.