ပီရူး ရေခဲတောင်မှာ ၂၂ နှစ်ကြာ ပျောက်ဆုံးနေတဲ့ တောင်တက်သမားရုပ်အလောင်း မပုပ်မသိုးဘဲ ပြန်တွေ့

 8898

ရောင်နီ (NP News) - ဇူလိုင် ၁၁

ပီရူးနိုင်ငံရဲ့အမြင့်ဆုံးတောင် ဟူအ်စကာရန်မှာ လွန်ခဲ့တဲ့ ၂၂ နှစ်က ပျောက်ဆုံးနေခဲ့တဲ့ အမေရိကန်တောင်တက်သမားတစ်ဦးရဲ့ရုပ်အလောင်းကို မပုပ်မသိုးဘဲ အကောင်းပကတိနဲ့ ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါရုပ်အလောင်းဟာ ရေခဲကြောင့် မပုပ်မသိုး ရှိနေခဲ့ပြီး တောင်တက်ဖိနပ်များ၊ လုံခြုံရေး ကြိုးတွေနဲ့ ယာဉ်မောင်းလိုင်စင်၊ ပတ်စပို့တွေလည်း အကောင်းအတိုင်းပြန်တွေ့ရတာကြောင့် ဘယ်သူဘယ်ဝါဆိုတာ ချက်ချင်းဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ရုပ်အလောင်းကို ဇူလိုင် ၅ ရက်က အမြင့် ၅၂၀၀ မီတာ (၁၇,၀၆၀.၃၇ ပေ) မှာ ရေခဲထု အရည်ပျော် ရွေ့လျားလာခြင်းက တွေ့ရှိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ရေခဲထုတွေ အရည်ပျော်လာခြင်းက "လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒီနေရာမှာ မြှုပ်နှံထားတဲ့အရာတွေ ရေခဲမျက်နှာပြင်ပေါ်မှာ ပြန်တွေ့လာရတယ်" လို့ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

ပီရူးမှာ ခန့်မှန်းခြေအားဖြင့် ရေခဲမြစ် ၆၈ ရာခိုင်နှုန်းရှိပြီး အဆိုပါရေခဲပြင်အများစုဟာ ပီရူးနိုင်ငံ ကောဒီလာရာဘလာကာမှာ တည်ရှိကာ နှစ်စဉ် ရေခဲတောင်တက်သမား ၁၀၀၀ ကျော်ထိ လာရောက်လေ့ရှိပါတယ်။

Zawgyi Version;
ပီ႐ူး ေရခဲေတာင္မွာ ၂၂ ႏွစ္ၾကာ ေပ်ာက္ဆုံးေနတဲ့ ေတာင္တက္သမား႐ုပ္အေလာင္း မပုပ္မသိုးဘဲ ျပန္ေတြ႕
ေရာင္နီ (NP News) - ဇူလိုင္ ၁၁

ပီ႐ူးႏိုင္ငံရဲ႕အျမင့္ဆုံးေတာင္ ဟူအ္စကာရန္မွာ လြန္ခဲ့တဲ့ ၂၂ ႏွစ္က ေပ်ာက္ဆုံးေနခဲ့တဲ့ အေမရိကန္ေတာင္တက္သမားတစ္ဦးရဲ႕႐ုပ္အေလာင္းကို မပုပ္မသိုးဘဲ အေကာင္းပကတိနဲ႔ ျပန္လည္ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါ႐ုပ္အေလာင္းဟာ ေရခဲေၾကာင့္ မပုပ္မသိုး ရွိေနခဲ့ၿပီး ေတာင္တက္ဖိနပ္မ်ား၊ လုံၿခဳံေရး ႀကိဳးေတြနဲ႔ ယာဥ္ေမာင္းလိုင္စင္၊ ပတ္စပို႔ေတြလည္း အေကာင္းအတိုင္းျပန္ေတြ႕ရတာေၾကာင့္ ဘယ္သူဘယ္ဝါဆိုတာ ခ်က္ခ်င္းေဖာ္ထုတ္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ ႐ုပ္အေလာင္းကို ဇူလိုင္ ၅ ရက္က အျမင့္ ၅၂၀၀ မီတာ (၁၇,၀၆၀.၃၇ ေပ) မွာ ေရခဲထု အရည္ေပ်ာ္ ေ႐ြ႕လ်ားလာျခင္းက ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က ဆိုပါတယ္။

ေရခဲထုေတြ အရည္ေပ်ာ္လာျခင္းက "လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာက ဒီေနရာမွာ ျမႇဳပ္ႏွံထားတဲ့အရာေတြ ေရခဲမ်က္ႏွာျပင္ေပၚမွာ ျပန္ေတြ႕လာရတယ္" လို႔ ကြၽမ္းက်င္သူတစ္ဦးက ေျပာပါတယ္။

ပီ႐ူးမွာ ခန႔္မွန္းေျခအားျဖင့္ ေရခဲျမစ္ ၆၈ ရာခိုင္ႏႈန္းရွိၿပီး အဆိုပါေရခဲျပင္အမ်ားစုဟာ ပီ႐ူးႏိုင္ငံ ေကာဒီလာရာဘလာကာမွာ တည္ရွိကာ ႏွစ္စဥ္ ေရခဲေတာင္တက္သမား ၁၀၀၀ ေက်ာ္ထိ လာေရာက္ေလ့ရွိပါတယ္။

Related news

© 2021. All rights reserved.