အာဆီယံနိုင်ငံများ၏ IQ အကောင်းဆုံးနိုင်ငံစာရင်းတွင် စင်ကာပူက ထိပ်ဆုံးတွင်ရှိနေပြီး မြန်မာနိုင်ငံက အဆင့် (၅)နေရာမှာရပ်တည်

 1045

ဂျန်ဇက် (NP News) - ဇူလိုင် ၁၁

၂၀၂၄ ခုနှစ်အတွက် အာဆီယံနိုင်ငံများ၏ IQ အကောင်းဆုံးနိုင်ငံစာရင်းတွင် စင်ကာပူနိုင်ငံက ထိပ်ဆုံး၌ရပ်တည်နေပြီး မြန်မာနိုင်ငံကအဆင့် (၅)နေရာတွင်ရပ်တည်နေကြောင်း မကြာသေးမီကဖော်ပြခဲ့သော International IQ Test ၏ဖော်ပြချက်များအရသိရသည်။

International IQ Test သည် ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတဝှမ်းရှိ လူပေါင်း ၁၆၉၁၇၄၀ ဦးကို မေးခွန်းများပေးကာစမ်းသပ်စစ်ဆေးခဲ့ပြီးနောက် ကမ္ဘာ့အဆင့်သတ်မှတ်ဖော်ပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါအဖွဲ့၏ ဖော်ပြချက်များအရ အာဆီယံနိုင်ငံများ ၏ IQ အကောင်းဆုံးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံကအဆင့် (၅)နေရာတွင်ရှိနေပြီး မြန်မာနိုင်ငံသားများ၏ ပျှမ်းမျှ IQ အဆင့်တန်းရမှတ်က (၉၇ ဒသမ ၃၉) မှတ်ရရှိနေကြောင်းသိရသည်။ International IQ Test ၏ဖော်ပြချက်များအရ စင်ကာပူနိုင်ငံသားများ၏ပျှမ်းမျှ IQ အဆင့်တန်းရမှတ်နှုန်းက (၁၀၆ ဒသမ ၁၈)မှတ်ရရှိနေပြီး ဗီယက်နမ်နိုင်ငံသားများ၏ IQ အဆင့်တန်းရမှတ်က (၁၀၁ ဒသမ ၄၅)မှတ်ရရှိနေကာ မလေးရှားနိုင်ငံသားများ၏ ပျှမ်းမျှ IQ နှုန်းက (၉၉ ဒသမ ၅၅)မှတ်ရှိနေပြီး ထိုင်းနိုင်ငံသားများ၏ ပျှမ်းမျှ IQ နှုန်းက (၉၈ ဒသမ ၄၆) မှတ်ရရှိနေကြောင်းသိရသည်။

အာဆီယံနိုင်ငံများကြား IQ အဆင့်တန်းနှုန်း ကွာဟချက်သည် ပညာရေး နှင့် သိမြင်မှုစွမ်းဆောင်ရည်ပိုင်းတွင် ကွဲပြားသွားခဲ့ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံသည် အာဆီယံဒေသအတွင်း သာမက ကမ္ဘာ့နိုင်ငံများထဲတွင်လည်း ပညာရေးနှင့်ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်နေသော နိုင်ငံဖြစ်ကြောင်းသိရသည်။ အင်ဒိုနီးရှားနှင့်လာအိုနိုင်ငံတို့သည် အာဆီယံဒေသအတွင်းနိုင်ငံများအနက် ပျှမ်းမျှ IQ အကောင်းဆုံးနိုင်ငံစာရင်းတွင်အောက်ဆုံးနေရာ၌ ရပ်တည်နေကြောင်းသိရသည်။ မြန်မာနိုင်ငံသားများ၏ IQ အဆင့်တန်းသည် စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်းနိုင်ငံတို့၏နောက်တွင်ရပ်တည်နေကာ အင်ဒိုနိးရှား၊ လာအို ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နိုင်ငံတို့၏အထက်တွင် ရပ်တည်နေကြောင်းသိရသည်။

International IQ Test ၏စမ်းသပ်စစ်ဆေးမှုရလဒ်များနှင့်အဆင့်သတ်မှတ်ချက်များရ တောင်ကိုရီးယားနိုင်ငံသည်ကမ္ဘာပေါ်တွင် ပျှမ်းမျှ IQ အကောင်းဆုံးနိုင်ငံစာရင်းတွင် ထိပ်ဆုံးမှာရပ်တည်နေပြီး တောင်ကိုရီးယား၊ တရုတ်၊ အီရန်၊ ဂျပန်၊ စင်ကာပူနိုင်ငံတို့ ထိပ်ဆုံးငါးနိုင်ငံအတွင်းရှိကာ အာရှတိုက်နိုင်ငံများဖြစ်နေကြောင်းသိရသည်။ မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ IQ အကောင်းဆုံးနိုင်ငံစာရင်းတွင် ကမ္ဘာအဆင့် (၆၁)နေရာတွင်ရှိနေကာ ဂါဘွန်နှင့်ကွန်ဂိုနိုင်ငံတို့က ကမ္ဘာအဆင့်အောက်ဆုံးတွင်ရပ်တည်နေကြောင်းသိရသည်။

zawgyi version
အာဆီယံႏိုင္ငံမ်ား၏ IQ အေကာင္းဆုံးႏိုင္ငံစာရင္းတြင္ စင္ကာပူက ထိပ္ဆုံးတြင္ရွိေနၿပီး ျမန္မာႏိုင္ငံက အဆင့္ (၅)ေနရာမွာရပ္တည္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၁

၂၀၂၄ ခုႏွစ္အတြက္ အာဆီယံႏိုင္ငံမ်ား၏ IQ အေကာင္းဆုံးႏိုင္ငံစာရင္းတြင္ စင္ကာပူႏိုင္ငံက ထိပ္ဆုံး၌ရပ္တည္ေနၿပီး ျမန္မာႏိုင္ငံကအဆင့္ (၅)ေနရာတြင္ရပ္တည္ေနေၾကာင္း မၾကာေသးမီကေဖာ္ျပခဲ့ေသာ International IQ Test ၏ေဖာ္ျပခ်က္မ်ားအရသိရသည္။

International IQ Test သည္ ၿပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္အတြင္း ကမာၻတဝွမ္းရွိ လူေပါင္း ၁၆၉၁၇၄၀ ဦးကို ေမးခြန္းမ်ားေပးကာစမ္းသပ္စစ္ေဆးခဲ့ၿပီးေနာက္ ကမာၻ႔အဆင့္သတ္မွတ္ေဖာ္ျပခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အဆိုပါအဖြဲ႕၏ ေဖာ္ျပခ်က္မ်ားအရ အာဆီယံႏိုင္ငံမ်ား ၏ IQ အေကာင္းဆုံးႏိုင္ငံစာရင္းတြင္ ျမန္မာႏိုင္ငံကအဆင့္ (၅)ေနရာတြင္ရွိေနၿပီး ျမန္မာႏိုင္ငံသားမ်ား၏ ပွ်မ္းမွ် IQ အဆင့္တန္းရမွတ္က (၉၇ ဒသမ ၃၉) မွတ္ရရွိေနေၾကာင္းသိရသည္။ International IQ Test ၏ေဖာ္ျပခ်က္မ်ားအရ စင္ကာပူႏိုင္ငံသားမ်ား၏ပွ်မ္းမွ် IQ အဆင့္တန္းရမွတ္ႏႈန္းက (၁၀၆ ဒသမ ၁၈)မွတ္ရရွိေနၿပီး ဗီယက္နမ္ႏိုင္ငံသားမ်ား၏ IQ အဆင့္တန္းရမွတ္က (၁၀၁ ဒသမ ၄၅)မွတ္ရရွိေနကာ မေလးရွားႏိုင္ငံသားမ်ား၏ ပွ်မ္းမွ် IQ ႏႈန္းက (၉၉ ဒသမ ၅၅)မွတ္ရွိေနၿပီး ထိုင္းႏိုင္ငံသားမ်ား၏ ပွ်မ္းမွ် IQ ႏႈန္းက (၉၈ ဒသမ ၄၆) မွတ္ရရွိေနေၾကာင္းသိရသည္။

အာဆီယံႏိုင္ငံမ်ားၾကား IQ အဆင့္တန္းႏႈန္း ကြာဟခ်က္သည္ ပညာေရး ႏွင့္ သိျမင္မႈစြမ္းေဆာင္ရည္ပိုင္းတြင္ ကြဲျပားသြားခဲ့ျခင္းျဖစ္ၿပီး စင္ကာပူႏိုင္ငံသည္ အာဆီယံေဒသအတြင္း သာမက ကမာၻ႔ႏိုင္ငံမ်ားထဲတြင္လည္း ပညာေရးႏွင့္ပတ္သက္ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံးျပဳလုပ္ေနေသာ ႏိုင္ငံျဖစ္ေၾကာင္းသိရသည္။ အင္ဒိုနီးရွားႏွင့္လာအိုႏိုင္ငံတို႔သည္ အာဆီယံေဒသအတြင္းႏိုင္ငံမ်ားအနက္ ပွ်မ္းမွ် IQ အေကာင္းဆုံးႏိုင္ငံစာရင္းတြင္ေအာက္ဆုံးေနရာ၌ ရပ္တည္ေနေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံသားမ်ား၏ IQ အဆင့္တန္းသည္ စင္ကာပူ၊ ဗီယက္နမ္၊ မေလးရွား၊ ထိုင္းႏိုင္ငံတို႔၏ေနာက္တြင္ရပ္တည္ေနကာ အင္ဒိုနိးရွား၊ လာအို ကေမာၻဒီးယား၊ ဖိလစ္ပိုင္ႏိုင္ငံတို႔၏အထက္တြင္ ရပ္တည္ေနေၾကာင္းသိရသည္။

International IQ Test ၏စမ္းသပ္စစ္ေဆးမႈရလဒ္မ်ားႏွင့္အဆင့္သတ္မွတ္ခ်က္မ်ားရ ေတာင္ကိုရီးယားႏိုင္ငံသည္ကမာၻေပၚတြင္ ပွ်မ္းမွ် IQ အေကာင္းဆုံးႏိုင္ငံစာရင္းတြင္ ထိပ္ဆုံးမွာရပ္တည္ေနၿပီး ေတာင္ကိုရီးယား၊ တ႐ုတ္၊ အီရန္၊ ဂ်ပန္၊ စင္ကာပူႏိုင္ငံတို႔ ထိပ္ဆုံးငါးႏိုင္ငံအတြင္းရွိကာ အာရွတိုက္ႏိုင္ငံမ်ားျဖစ္ေနေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံသည္ ၂၀၂၄ ခုႏွစ္အတြက္ ကမာၻ႔ IQ အေကာင္းဆုံးႏိုင္ငံစာရင္းတြင္ ကမာၻအဆင့္ (၆၁)ေနရာတြင္ရွိေနကာ ဂါဘြန္ႏွင့္ကြန္ဂိုႏိုင္ငံတို႔က ကမာၻအဆင့္ေအာက္ဆုံးတြင္ရပ္တည္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.