ဆယ်ကျော်သက်အဖွဲ့တစ်ဖွဲ့က လန်ဒန်မြေအောက်ရထားဘူတာရုံ(၂၇၂)ရုံကို အချိန်(၁၈)နာရီကျော်အတွင်း လည်ပတ်ခဲ့ပြီး ဂင်းနစ်စံချိုးဖျက်

 148

Pika (NP News) - ဇူလိုင် ၁၁

အသက်(၁၆)နှစ်မှ(၁၇)နှစ်ကြားရှိသော ဗြိတိန်ဆယ်ကျော်သက် ရှစ်ယောက်ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် လန်ဒန်မြေအောက်ရထားဘူတာရုံ(၂၇၂)ရုံကို အချိန်(၁၈)နာရီ (၈)မိနစ် နှင့် (၁၃)စက္ကန့်အတွင်း လည်ပတ်ခဲ့ပြီး နောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

ကိုယ့်ကိုယ်ကိုယ် The Amersham Ambushers ဟု ခေါ်ဆိုကြသော အဆိုပါအဖွဲ့သည် လန်ဒန်မြေအောက် ရထားဘူတာရုံတိုင်းကို အများသူငှာ သယ်ယူပို့ဆောင်ရေးရထားကိုသာ အသုံးပြုကာ လည်ပတ်ခဲ့ကြခြင်းဖြစ် ကြောင်းလည်း သိရသည်။ ၎င်းတို့သည် "The London Tube Challenge" ဟုခေါ်သော စိန်ခေါ်မှုကို ယခင်က နှစ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမျိုးမရှိဘဲ တတိယအကြိမ်မြောက်ကြိုးစားမှုတွင် အောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါအဖွဲ့ဝင်အာသာဖီးလစ်က “အကြောင်းပြချက်နှစ်ခုကြောင့် ဒီစံချိန်ကို ကျွန်တော်တို့ ချိုးဖျက်ချင်ခဲ့တာပါ။ ကျွန်တော်တို့အထဲက အချို့ဟာ သင်္ချာပိုင်းမှာကျွမ်းကျင်တာကြောင့် လမ်းကြောင်းတွေကို စီစဉ်ရတာဟာ ပျော်စရာကောင်းတဲ့ ပဟေဋ္ဌိတစ်ခုပါပဲ။ ပြီးတော့ ဒီကြိုးပမ်းမှုဟာ အရင်ကတည်းက သွားစရာအကြောင်းမရှိတဲ့ လန်ဒန်မြို့ရဲ့အစိတ်အပိုင်းတွေကို စူးစမ်းလေ့လာခွင့်ရရှိစေခဲ့ပါတယ်” ဟု ပြောခဲ့သည်။

အဆိုပါဂင်းနစ်စံချိန်ကို ယခင်ကိုင်ဆောင်ထားသူသည် The Amersham Ambushers အဖွဲ့နှင့် နေ့လည်စာစားရန်အတွက် မကြာမီအချိန်အတွင်း တွေ့ဆုံလိမ့်မည်ဖြစ်ကြောင်းလည်း အာသာဖီးလစ်က ပြောကြားခဲ့သည်။

Zawgyi Version;
ဆယ္ေက်ာ္သက္အဖြဲ႕တစ္ဖြဲ႕က လန္ဒန္ေျမေအာက္ရထားဘူတာ႐ုံ(၂၇၂)႐ုံကို အခ်ိန္(၁၈)နာရီေက်ာ္အတြင္း လည္ပတ္ခဲ့ၿပီး ဂင္းနစ္စံခ်ိဳးဖ်က္
Pika (NP News) - ဇူလိုင္ ၁၁

အသက္(၁၆)ႏွစ္မွ(၁၇)ႏွစ္ၾကားရွိေသာ ၿဗိတိန္ဆယ္ေက်ာ္သက္ ရွစ္ေယာက္ပါဝင္ေသာ အဖြဲ႕တစ္ဖြဲ႕သည္ လန္ဒန္ေျမေအာက္ရထားဘူတာ႐ုံ(၂၇၂)႐ုံကို အခ်ိန္(၁၈)နာရီ (၈)မိနစ္ ႏွင့္ (၁၃)စကၠန႔္အတြင္း လည္ပတ္ခဲ့ၿပီး ေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ကိုယ့္ကိုယ္ကိုယ္ The Amersham Ambushers ဟု ေခၚဆိုၾကေသာ အဆိုပါအဖြဲ႕သည္ လန္ဒန္ေျမေအာက္ ရထားဘူတာ႐ုံတိုင္းကို အမ်ားသူငွာ သယ္ယူပို႔ေဆာင္ေရးရထားကိုသာ အသုံးျပဳကာ လည္ပတ္ခဲ့ၾကျခင္းျဖစ္ ေၾကာင္းလည္း သိရသည္။ ၎တို႔သည္ "The London Tube Challenge" ဟုေခၚေသာ စိန္ေခၚမႈကို ယခင္က ႏွစ္ႀကိမ္ႀကိဳးပမ္းခဲ့ေသာ္လည္း ေအာင္ျမင္ခဲ့ျခင္းမ်ိဳးမရွိဘဲ တတိယအႀကိမ္ေျမာက္ႀကိဳးစားမႈတြင္ ေအာင္ျမင္ခဲ့ျခင္း ျဖစ္ေၾကာင္းလည္း သိရသည္။

အဆိုပါအဖြဲ႕ဝင္အာသာဖီးလစ္က “အေၾကာင္းျပခ်က္ႏွစ္ခုေၾကာင့္ ဒီစံခ်ိန္ကို ကြၽန္ေတာ္တို႔ ခ်ိဳးဖ်က္ခ်င္ခဲ့တာပါ။ ကြၽန္ေတာ္တို႔အထဲက အခ်ိဳ႕ဟာ သခ်ၤာပိုင္းမွာကြၽမ္းက်င္တာေၾကာင့္ လမ္းေၾကာင္းေတြကို စီစဥ္ရတာဟာ ေပ်ာ္စရာေကာင္းတဲ့ ပေဟ႒ိတစ္ခုပါပဲ။ ၿပီးေတာ့ ဒီႀကိဳးပမ္းမႈဟာ အရင္ကတည္းက သြားစရာအေၾကာင္းမရွိတဲ့ လန္ဒန္ၿမိဳ႕ရဲ႕အစိတ္အပိုင္းေတြကို စူးစမ္းေလ့လာခြင့္ရရွိေစခဲ့ပါတယ္” ဟု ေျပာခဲ့သည္။

အဆိုပါဂင္းနစ္စံခ်ိန္ကို ယခင္ကိုင္ေဆာင္ထားသူသည္ The Amersham Ambushers အဖြဲ႕ႏွင့္ ေန႔လည္စာစားရန္အတြက္ မၾကာမီအခ်ိန္အတြင္း ေတြ႕ဆုံလိမ့္မည္ျဖစ္ေၾကာင္းလည္း အာသာဖီးလစ္က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.