လွန်ခဲ့တဲ့နှစ်ပေါင်း(၁၃၀၀)ခန့်တည်းက ကျောက်နံရံတစ်ခုမှာ စိုက်ဝင်နေတဲ့ ပြင်သစ်ဒဏ္ဍာရီလာဓား Durandal ခိုးယူခံရ

 6499

Pika (NP News) - ဇူလိုင် ၁၁

လွန်ခဲ့သည့်နှစ်ပေါင်း(၁၃၀၀)ခန့်တည်းက ပြင်သစ်နိုင်ငံ Rocamadour ရွာရှိ ကျောက်နံရံတစ်ခုတွင် စိုက်ဝင်နေသည့် ဒဏ္ဍာရီလာဓား Durandal သည် ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပြီး ခိုးယူခံရပုံပေါ်ကြောင်း အာဏာပိုင်များက ယူဆထားကြသည်။

ဒဏ္ဍာရီလာဓါး Durandal ကို ပြင်သစ်ဘုရင်အာသာ၏ ဒဏ္ဍာရီလာဓါး Excalibur နှင့် တန်းတူညီမျှကြောင်း မကြာခဏဖော်ပြပြောဆိုလေ့ရှိကြသည်။ ဒဏ္ဍာရီအရ ကောင်းကင်တမန်တော်တစ်ပါးက Durandal ကို သန့်ရှင်း သောရောမဧကရာဇ် Charlemagne အား ပေးအပ်ခဲ့ပြီး နောက်ပိုင်းတွင် Charlemagne က ၎င်း၏ သစ္စာရှိ သူရဲကောင်းရိုလန်အား လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Durandal ကို (၁၁)ရာစုကဗျာ The Song of Rolandတွင် ဖော်ပြထားပြီး ၎င်း၏ မှော်စွမ်းအင်များမှာ စိန့်ပီတာ၏ သွား၊ စိန့်ဘေစင်၏ သွေးနှင့် စိန့်ဒန်းနစ်၏ ဆံပင်တို့မှ ဆင်းသက်လာခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ရိုလန် သည် Roncevaux Pass တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် Durandal ဓါးကို ရန်သူများ၏ လက်ထဲသို့ မရောက်ရှိစေရန်အတွက် ချိုးပစ်ရန်ကြိုးပမ်းခဲ့ဖူးကြောင်း သိရသည်။

သို့သော်လည်း ချိုးပစ်နိုင်စွမ်းမရှိသော ရိုလန်သည် Durandal ဓါးကို ကောင်းကင်ပေါ်သို့ ပစ်လွှတ်ခဲ့ပြီးနောက် အဆိုပါဓါးမှာ ကြီးမားသောကျောက်တုံးတစ်ခုပေါ်သို့ ကျရောက်ကာစိုက်နေခဲ့သည်မှာ ယခုအချိန်အထိအဖြစ် ကြောင်း ဒဏ္ဍာရီများအရ သိရသည်။ မြို့တော်ဝန် Dominique Lenfant က “ဒဏ္ဍာရီလာဓါး Durandal ဟာ ခိုးယူခံရတယ် ယူဆရပါတယ်။ ဒဏ္ဍာရီတစ်ခုဖြစ်နေမယ်ဆိုရင်တောင် ဒီဓါးဟာ ကျွန်တော်တို့ရွာရဲ့ ကံကြမ္မာနဲ့ ဆက်နွယ်နေပါတယ်။ ဒီဓါးကို ပြန်ယူပြီး အရင်နေရာမှာပြန်ထားမှသာ အရာအားလုံးက အရင်အတိုင်းပြန်ဖြစ်မယ် လို့ လူတိုင်းက မျှော်လင့်နေပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version;
လြန္ခဲ့တဲ့ႏွစ္ေပါင္း(၁၃၀၀)ခန႔္တည္းက ေက်ာက္နံရံတစ္ခုမွာ စိုက္ဝင္ေနတဲ့ ျပင္သစ္ဒ႑ာရီလာဓား Durandal ခိုးယူခံရ
Pika (NP News) - ဇူလိုင္ ၁၁

လြန္ခဲ့သည့္ႏွစ္ေပါင္း(၁၃၀၀)ခန႔္တည္းက ျပင္သစ္ႏိုင္ငံ Rocamadour ႐ြာရွိ ေက်ာက္နံရံတစ္ခုတြင္ စိုက္ဝင္ေနသည့္ ဒ႑ာရီလာဓား Durandal သည္ ႐ုတ္တရက္ေပ်ာက္ဆုံးသြားခဲ့ၿပီး ခိုးယူခံရပုံေပၚေၾကာင္း အာဏာပိုင္မ်ားက ယူဆထားၾကသည္။

ဒ႑ာရီလာဓါး Durandal ကို ျပင္သစ္ဘုရင္အာသာ၏ ဒ႑ာရီလာဓါး Excalibur ႏွင့္ တန္းတူညီမွ်ေၾကာင္း မၾကာခဏေဖာ္ျပေျပာဆိုေလ့ရွိၾကသည္။ ဒ႑ာရီအရ ေကာင္းကင္တမန္ေတာ္တစ္ပါးက Durandal ကို သန႔္ရွင္း ေသာေရာမဧကရာဇ္ Charlemagne အား ေပးအပ္ခဲ့ၿပီး ေနာက္ပိုင္းတြင္ Charlemagne က ၎၏ သစၥာရွိ သူရဲေကာင္း႐ိုလန္အား လႊဲေျပာင္းေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Durandal ကို (၁၁)ရာစုကဗ်ာ The Song of Rolandတြင္ ေဖာ္ျပထားၿပီး ၎၏ ေမွာ္စြမ္းအင္မ်ားမွာ စိန႔္ပီတာ၏ သြား၊ စိန႔္ေဘစင္၏ ေသြးႏွင့္ စိန႔္ဒန္းနစ္၏ ဆံပင္တို႔မွ ဆင္းသက္လာျခင္းျဖစ္ေၾကာင္း ေရးသားထားသည္။ ႐ိုလန္ သည္ Roncevaux Pass တိုက္ပြဲတြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီးေနာက္ Durandal ဓါးကို ရန္သူမ်ား၏ လက္ထဲသို႔ မေရာက္ရွိေစရန္အတြက္ ခ်ိဳးပစ္ရန္ႀကိဳးပမ္းခဲ့ဖူးေၾကာင္း သိရသည္။

သို႔ေသာ္လည္း ခ်ိဳးပစ္ႏိုင္စြမ္းမရွိေသာ ႐ိုလန္သည္ Durandal ဓါးကို ေကာင္းကင္ေပၚသို႔ ပစ္လႊတ္ခဲ့ၿပီးေနာက္ အဆိုပါဓါးမွာ ႀကီးမားေသာေက်ာက္တုံးတစ္ခုေပၚသို႔ က်ေရာက္ကာစိုက္ေနခဲ့သည္မွာ ယခုအခ်ိန္အထိအျဖစ္ ေၾကာင္း ဒ႑ာရီမ်ားအရ သိရသည္။ ၿမိဳ႕ေတာ္ဝန္ Dominique Lenfant က “ဒ႑ာရီလာဓါး Durandal ဟာ ခိုးယူခံရတယ္ ယူဆရပါတယ္။ ဒ႑ာရီတစ္ခုျဖစ္ေနမယ္ဆိုရင္ေတာင္ ဒီဓါးဟာ ကြၽန္ေတာ္တို႔႐ြာရဲ႕ ကံၾကမၼာနဲ႔ ဆက္ႏြယ္ေနပါတယ္။ ဒီဓါးကို ျပန္ယူၿပီး အရင္ေနရာမွာျပန္ထားမွသာ အရာအားလုံးက အရင္အတိုင္းျပန္ျဖစ္မယ္ လို႔ လူတိုင္းက ေမွ်ာ္လင့္ေနပါတယ္” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.