အုတ်တွင်းမြို့နယ်တွင် တစ်ဦးတည်းနေထိုင်သည့် အသက်(၆၀)အရွယ် အမျိုးသမီးတစ်ဦးကို လည်ပင်းဓားခုတ်ဒဏ်ရာအပါအဝင် အခြားဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တွေ့ရှိ

 1086

သန့်ဇင် (NP News) - ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တွင် တစ်ဦးတည်းနေထိုင်သည့် အသက်(၆၀)အရွယ် အမျိုးသမီးတစ်ဦးကို လည်ပင်းဓားခုတ်ဒဏ်ရာအပါအဝင် အခြားဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်းထံမှ သိရသည်။

အဆိုပါအမျိုးသမီး၏အလောင်းကို ယမန်နေ့(ဇူလိုင်လ ၁၀ ရက်)၊ ည ၇နာရီအချိန်ခန့်တွင် အုတ်တွင်းမြို့နယ်၊ ကွမ်းသီးခြံကျေးရွာရှိ ၎င်း၏နေအိမ်ခြံစည်းရိုးအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အမျိုးသမီးက တစ်ဦးတည်းနေတာပါ။ သေဆုံးနေတဲ့နေရာက သူ့အိမ်လှေကားနဲ့ ခြံစည်းရိုးကြားထဲမှာ သေဆုံးနေတာကိုတွေ့ခဲ့တာ။ အလောင်းကိုကြည့်တော့ လည်ပင်းကသွေးကလည်းခြောက်နေပြီး ခန္ဓာကိုယ်ကလည်းတောင့်နေပြီဆိုတော့ ညနေပိုင်းလောက်တည်းက အသတ်ခံထားရတာလို့ယူဆရတယ်”ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦး က NP News ကိုပြောသည်။

သေဆုံးသူအမျိုးသမီးမှာ အသက်(၆၀)နှစ်အရွယ် ဒေါ်ခင်သိန်းဆိုသူဖြစ်ပြီး ဦးခေါင်းကွဲဒဏ်ရာတစ်ချက်နှင့် လည်ပင်းပြတ်ရှဒဏ်ရာ တစ်ချက်တို့ ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ “နောက်တစ်ခုက သေဆုံးသူအမျိုးသမီးရဲ့ နားကပ်ကတစ်ဖက်ပျောက်နေပြီး တစ်ဖက်ကလည်းကျွတ်နေတယ်။ အမျိုးသမီးမှာက ခေါင်းကွဲနေတဲ့ဒဏ်ရာရှိတယ်။ လည်ပင်းမှာလဲ ဓားခုတ်ခံထားရပြီး တစ်ဝက်လောက်ပြတ်နေတဲ့ဒဏ်ရာရှိတယ်။ အလောင်းကိုတွေ့တော့ လည်ပင်းကဒဏ်ရာကို လက်နဲ့အုပ်ပြီးဆုံးနေတာ”ဟု ၎င်းကဆက်လက်ပြော သည်။

လက်ရှိတွင်သေဆုံးသူအမျိုးသမီးရုပ်အလောင်းကို အုတ်တွင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

zawgyi version
အုတ္တြင္းၿမိဳ႕နယ္တြင္ တစ္ဦးတည္းေနထိုင္သည့္ အသက္(၆၀)အ႐ြယ္ အမ်ိဳးသမီးတစ္ဦးကို လည္ပင္းဓားခုတ္ဒဏ္ရာအပါအဝင္ အျခားဒဏ္ရာမ်ားျဖင့္ေသဆုံးေနသည္ကို ေတြ႕ရွိ
သန႔္ဇင္ (NP News) - ဇူလိုင္ ၁၁

ပဲခူးတိုင္းေဒသႀကီး၊ အုတ္တြင္းၿမိဳ႕နယ္တြင္ တစ္ဦးတည္းေနထိုင္သည့္ အသက္(၆၀)အ႐ြယ္ အမ်ိဳးသမီးတစ္ဦးကို လည္ပင္းဓားခုတ္ဒဏ္ရာအပါအဝင္ အျခားဒဏ္ရာမ်ားျဖင့္ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ေၾကာင္း ရင္ခုန္သံရွင္ေရးကူညီမႈအသင္းထံမွ သိရသည္။

အဆိုပါအမ်ိဳးသမီး၏အေလာင္းကို ယမန္ေန႔(ဇူလိုင္လ ၁၀ ရက္)၊ ည ၇နာရီအခ်ိန္ခန႔္တြင္ အုတ္တြင္းၿမိဳ႕နယ္၊ ကြမ္းသီးၿခံေက်း႐ြာရွိ ၎၏ေနအိမ္ၿခံစည္း႐ိုးအနီးတြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အမ်ိဳးသမီးက တစ္ဦးတည္းေနတာပါ။ ေသဆုံးေနတဲ့ေနရာက သူ႔အိမ္ေလွကားနဲ႔ ၿခံစည္း႐ိုးၾကားထဲမွာ ေသဆုံးေနတာကိုေတြ႕ခဲ့တာ။ အေလာင္းကိုၾကည့္ေတာ့ လည္ပင္းကေသြးကလည္းေျခာက္ေနၿပီး ခႏၶာကိုယ္ကလည္းေတာင့္ေနၿပီဆိုေတာ့ ညေနပိုင္းေလာက္တည္းက အသတ္ခံထားရတာလို႔ယူဆရတယ္”ဟု ရင္ခုန္သံရွင္ေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦး က NP News ကိုေျပာသည္။

ေသဆုံးသူအမ်ိဳးသမီးမွာ အသက္(၆၀)ႏွစ္အ႐ြယ္ ေဒၚခင္သိန္းဆိုသူျဖစ္ၿပီး ဦးေခါင္းကြဲဒဏ္ရာတစ္ခ်က္ႏွင့္ လည္ပင္းျပတ္ရွဒဏ္ရာ တစ္ခ်က္တို႔ ရရွိကာ ေသဆုံးသြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။ “ေနာက္တစ္ခုက ေသဆုံးသူအမ်ိဳးသမီးရဲ႕ နားကပ္ကတစ္ဖက္ေပ်ာက္ေနၿပီး တစ္ဖက္ကလည္းကြၽတ္ေနတယ္။ အမ်ိဳးသမီးမွာက ေခါင္းကြဲေနတဲ့ဒဏ္ရာရွိတယ္။ လည္ပင္းမွာလဲ ဓားခုတ္ခံထားရၿပီး တစ္ဝက္ေလာက္ျပတ္ေနတဲ့ဒဏ္ရာရွိတယ္။ အေလာင္းကိုေတြ႕ေတာ့ လည္ပင္းကဒဏ္ရာကို လက္နဲ႔အုပ္ၿပီးဆုံးေနတာ”ဟု ၎ကဆက္လက္ေျပာ သည္။

လက္ရွိတြင္ေသဆုံးသူအမ်ိဳးသမီး႐ုပ္အေလာင္းကို အုတ္တြင္းၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားၿပီး အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ သက္ဆိုင္ရာက စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.