UID နံပါတ်အတု ရှိနေသည့်အတွက် ကြားခံပွဲစားများကို မသုံးရန်သတိပေး

 4213

မြူနစ် (NP News) - ဇူလိုင် ၁၁

နိုင်ငံအတွင်း၌ UID နံပါတ်အတု အသုံးပြုမှုများကို တွေ့ရှိနေရသည့်အတွက် ကြားခံပွဲစားများဖြင့် ဆောင်ရွက်ခြင်းမပြုလုပ်ကြရန် သတိပေးတိုက်တွန်းမှုများရှိနေသည်။

လက်ရှိတွင် နစက၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း နေထိုင်သူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာအချက်အလက်များကို ကောက်ယူကာ UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နေလျက်ရှိသည်။ အဆိုပါ UID နံပါတ်ရရှိမှသာ နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့်၊ ပြည်ပထွက်ခွာအလုပ်လုပ်ခွင့်တို့ကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရေဆိပ် နှင့် နယ်စပ်ဂိတ်များတွင် တရားဝင်ထုတ်ပေးထားခြင်းမရှိသည့် UID နံပါတ်အတု အသုံးပြုသူများကို စစ်ဆေးတွေ့ရှိနေရသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အရာရှိတစ်ဦးက NP News ကို ပြောသည်။ “ ဟုတ်တယ်။ UID ကတ်အတု လုပ်ထားတဲ့သူတွေကို တွေ့နေရတယ်။ အများအားဖြင့်တော့ နယ်စပ်ဂိတ်တွေမှာ တွေ့ရတယ်။ အဲဒီ UID ပြမှပဲ ထွက်ခွင့်ပေးတာကိုး။ ကွန်ပျူတာထဲမှာ မှတ်ပုံတင်နံပါတ်ရိုက်လိုက်တာနဲ့ အတုအစစ် ဟုတ်မဟုတ် ပေါ်တာပဲ။ အဓိကတော့ ပွဲစားတွေနဲ့ မလုပ်ဖို့ ပြောချင်တယ်” ဟု အထက်ပါဝန်ကြီးဌာနမှ အရာရှိက ပြောသည်။

လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် UID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းစဉ်ကို သက်ဆိုင်ရာ လဝကမြို့ နယ်ရုံးများတွင် ဆောင်ရွက်ပေးနေသကဲ့သို့ Mobile Team များဖြင့်လည်း ကွင်းဆင်းဆောင်ရွက်ပေးနေလျက်ရှိပြီး အခမဲ့လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

UID နံပါတ်သည် လူတစ်ဦးချင်းစီ ကိုင်ဆောင်သည့် နိုင်ငံသားကတ်ပြားတစ်မျိုးမျိုးနှင့် နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ်၏ ကိုယ်ရေးအချက်အလက်များအပေါ် မူတည်ကာ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာအချက်အလက်များဖြစ်သော မျက်နှာသွင်ပြင်၊ လက်(၁၀)ချောင်းလက်ဗွေ၊ မျက်စိသူငယ်အိမ်တို့ကို ပေါင်းစပ်ကောက်ယူပြီး နောက်ဂဏန်း (၁၀)လုံးပါသည့် Unique ID နံပါတ်ကို Random ဖြင့် ကျရာနံပါတ်ကို ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

UID နံပါတ်ကို ရရှိလိုပါက ကာယကံရှင်ကိုယ်တိုင် ဆောင်ရွက်မှသာ အစစ်အမှန်ရရှိနိုင်မည်ဖြစ် ကြောင်းလည်း သိရသည်။ ထိုသို့ဆောင်ရွက်ပေးနေသော်လည်း UID နံပါတ်အတုများကို ကိုင်ဆောင်အသုံးပြုပါက ဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူနေကြောင်းလည်း သိရသည်။

zawgyi version
UID နံပါတ္အတု ရွိေနသည့္အတြက္ ၾကားခံပြဲစားမ်ားကို မသုံးရန္သတိေပး
ျမဴနစ္ (NP News) - ဇူလိုင္ ၁၁

ႏိုင္ငံအတြင္း၌ UID နံပါတ္အတု အသုံးျပဳမႈမ်ားကို ေတြ႕ရွိေနရသည့္အတြက္ ၾကားခံပြဲစားမ်ားျဖင့္ ေဆာင္႐ြက္ျခင္းမျပဳလုပ္ၾကရန္ သတိေပးတိုက္တြန္းမႈမ်ားရွိေနသည္။

လက္ရွိတြင္ နစက၏ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနအေနျဖင့္ ႏိုင္ငံအတြင္း ေနထိုင္သူတစ္ဦးခ်င္းစီ၏ ကိုယ္ေရးအခ်က္အလက္မ်ားႏွင့္ ဇီဝဆိုင္ရာအခ်က္အလက္မ်ားကို ေကာက္ယူကာ UID နံပါတ္ထုတ္ေပးျခင္းလုပ္ငန္းစဥ္ကို အေကာင္အထည္ေဖာ္ေနလ်က္ရွိသည္။ အဆိုပါ UID နံပါတ္ရရွိမွသာ ႏိုင္ငံကူးလက္မွတ္ျပဳလုပ္ခြင့္၊ ျပည္ပထြက္ခြာအလုပ္လုပ္ခြင့္တို႔ကို ရရွိမည္ျဖစ္ေၾကာင္း သိရသည္။

လတ္တေလာတြင္ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးမ်ား၊ အျပည္ျပည္ဆိုင္ရာေလဆိပ္၊ ေရဆိပ္ ႏွင့္ နယ္စပ္ဂိတ္မ်ားတြင္ တရားဝင္ထုတ္ေပးထားျခင္းမရွိသည့္ UID နံပါတ္အတု အသုံးျပဳသူမ်ားကို စစ္ေဆးေတြ႕ရွိေနရသည္ဟု လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ အရာရွိတစ္ဦးက NP News ကို ေျပာသည္။ “ ဟုတ္တယ္။ UID ကတ္အတု လုပ္ထားတဲ့သူေတြကို ေတြ႕ေနရတယ္။ အမ်ားအားျဖင့္ေတာ့ နယ္စပ္ဂိတ္ေတြမွာ ေတြ႕ရတယ္။ အဲဒီ UID ျပမွပဲ ထြက္ခြင့္ေပးတာကိုး။ ကြန္ပ်ဴတာထဲမွာ မွတ္ပုံတင္နံပါတ္႐ိုက္လိုက္တာနဲ႔ အတုအစစ္ ဟုတ္မဟုတ္ ေပၚတာပဲ။ အဓိကေတာ့ ပြဲစားေတြနဲ႔ မလုပ္ဖို႔ ေျပာခ်င္တယ္” ဟု အထက္ပါဝန္ႀကီးဌာနမွ အရာရွိက ေျပာသည္။

လက္ရွိတြင္ ဝန္ႀကီးဌာနအေနျဖင့္ UID နံပါတ္ ထုတ္ေပးျခင္းလုပ္ငန္းစဥ္ကို သက္ဆိုင္ရာ လဝကၿမိဳ႕ နယ္႐ုံးမ်ားတြင္ ေဆာင္႐ြက္ေပးေနသကဲ့သို႔ Mobile Team မ်ားျဖင့္လည္း ကြင္းဆင္းေဆာင္႐ြက္ေပးေနလ်က္ရွိၿပီး အခမဲ့လုပ္ေဆာင္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

UID နံပါတ္သည္ လူတစ္ဦးခ်င္းစီ ကိုင္ေဆာင္သည့္ ႏိုင္ငံသားကတ္ျပားတစ္မ်ိဳးမ်ိဳးႏွင့္ ႏိုင္ငံျခားသားမ်ားအတြက္ ႏိုင္ငံကူးလက္မွတ္၏ ကိုယ္ေရးအခ်က္အလက္မ်ားအေပၚ မူတည္ကာ ၎တို႔၏ ကိုယ္ေရးအခ်က္အလက္မ်ားႏွင့္ ဇီဝဆိုင္ရာအခ်က္အလက္မ်ားျဖစ္ေသာ မ်က္ႏွာသြင္ျပင္၊ လက္(၁၀)ေခ်ာင္းလက္ေဗြ၊ မ်က္စိသူငယ္အိမ္တို႔ကို ေပါင္းစပ္ေကာက္ယူၿပီး ေနာက္ဂဏန္း (၁၀)လုံးပါသည့္ Unique ID နံပါတ္ကို Random ျဖင့္ က်ရာနံပါတ္ကို ထုတ္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

UID နံပါတ္ကို ရရွိလိုပါက ကာယကံရွင္ကိုယ္တိုင္ ေဆာင္႐ြက္မွသာ အစစ္အမွန္ရရွိႏိုင္မည္ျဖစ္ ေၾကာင္းလည္း သိရသည္။ ထိုသို႔ေဆာင္႐ြက္ေပးေနေသာ္လည္း UID နံပါတ္အတုမ်ားကို ကိုင္ေဆာင္အသုံးျပဳပါက ဥပေဒ ႏွင့္အညီ ထိေရာက္စြာ အေရးယူေနေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.