ရိုးမဘဏ်ဒါရိုက်တာများ ငွေကြေးခဝါချမှုနှင့် ပတ်သက်၍ ထိန်းသိမ်းခံရခြင်းမှာ မဟုတ်မှန်ကြောင်း ပြန်လည်ဖြေရှင်း

 8217

ယွန်း(NP News) - ဇူလိုင် ၁၁

ရိုးမဘဏ်ဒါရိုက်တာများ ငွေကြေးခဝါချမှုနှင့် ပတ်သက်၍ ထိန်းသိမ်းခံရခြင်းမှာ မဟုတ်မှန်ကြောင်း ရိုးမဘဏ်က ယနေ့(ဇူလိုင်လ ၁၁ ရက်)တွင် အသိပေးထုတ်ပြန်ခဲ့သည်။

ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ နှင့် CEO ဦးဘမောင်စိန် အပါအဝင် ဒါရိုက်တာ (၉)ဦးကို ငွေကြေးခဝါချမှုဖြင့် စစ်ဆေးနေပြီး Yoma Bank ပိတ်သိမ်း၊ ဖျက်သိမ်းခံရသည့် အခြေအနေအထိ ကြုံလာနိုင်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လ(၁၀)ရက်နေ့က ပြည်ပြေးမီဒီယာအချို့ က ရေးသားဖော်ပြခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ရေးသားဖော်ပြမှုများနှင့် ပတ်သက်၍ ရိုးမဘဏ်က ပြန်လည်ဖြေရှင်းလာခဲ့ရာ ထုတ်ပြန်ချက်အတွင်း ရိုးမဘဏ်ဒါရိုက်တာများ ငွေကြေးခဝါချမှုနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းခံရခြင်း၊ ထိန်းသိမ်းခံရခြင်းစသည့် သတင်းများသည် မဟုတ်မမှန် မသမာသည့် ရည်ရွယ်ချက်နှင့် ထုတ်လွှင့်သည့် သတင်းမှားများဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍနှင့် ငွေကြေးဈေးကွက်မတည်ငြိမ်မှုဖြစ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်စာတွင်ရေးသားထားသည်။ ရိုးမဘဏ်အနေဖြင့် မဟုတ်မမှန် သတင်းဖြန့်ချိသူများကို တည်ဆဲဥပဒေများဖြင့် တရားစွဲဆိုပြီး ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း စာတွင်အသိပေး ဖော်ပြထားသည်။

zawgyi version
႐ိုးမဘဏ္ဒါ႐ိုက္တာမ်ား ေငြေၾကးခဝါခ်မႈႏွင့္ ပတ္သက္၍ ထိန္းသိမ္းခံရျခင္းမွာ မဟုတ္မွန္ေၾကာင္း ျပန္လည္ေျဖရွင္း

ယြန္း(NP News) - ဇူလိုင္ ၁၁

႐ိုးမဘဏ္ဒါ႐ိုက္တာမ်ား ေငြေၾကးခဝါခ်မႈႏွင့္ ပတ္သက္၍ ထိန္းသိမ္းခံရျခင္းမွာ မဟုတ္မွန္ေၾကာင္း ႐ိုးမဘဏ္က ယေန႔(ဇူလိုင္လ ၁၁ ရက္)တြင္ အသိေပးထုတ္ျပန္ခဲ့သည္။

႐ိုးမဘဏ္ဥကၠ႒ ဦးသိမ္းေဝ ႏွင့္ CEO ဦးဘေမာင္စိန္ အပါအဝင္ ဒါ႐ိုက္တာ (၉)ဦးကို ေငြေၾကးခဝါခ်မႈျဖင့္ စစ္ေဆးေနၿပီး Yoma Bank ပိတ္သိမ္း၊ ဖ်က္သိမ္းခံရသည့္ အေျခအေနအထိ ႀကဳံလာႏိုင္ေၾကာင္း ၿပီးခဲ့သည့္ ဇူလိုင္လ(၁၀)ရက္ေန႔က ျပည္ေျပးမီဒီယာအခ်ိဳ႕ က ေရးသားေဖာ္ျပခဲ့ၾကျခင္းျဖစ္သည္။

ထိုသို႔ ေရးသားေဖာ္ျပမႈမ်ားႏွင့္ ပတ္သက္၍ ႐ိုးမဘဏ္က ျပန္လည္ေျဖရွင္းလာခဲ့ရာ ထုတ္ျပန္ခ်က္အတြင္း ႐ိုးမဘဏ္ဒါ႐ိုက္တာမ်ား ေငြေၾကးခဝါခ်မႈႏွင့္ ပတ္သက္၍ စစ္ေဆးေမးျမန္းခံရျခင္း၊ ထိန္းသိမ္းခံရျခင္းစသည့္ သတင္းမ်ားသည္ မဟုတ္မမွန္ မသမာသည့္ ရည္႐ြယ္ခ်က္ႏွင့္ ထုတ္လႊင့္သည့္ သတင္းမွားမ်ားျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

ထို႔ျပင္ ႏိုင္ငံ၏ ေငြေရးေၾကးေရးက႑ႏွင့္ ေငြေၾကးေဈးကြက္မတည္ၿငိမ္မႈျဖစ္ေစရန္ ရည္႐ြယ္၍ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္းလည္း ထုတ္ျပန္စာတြင္ေရးသားထားသည္။ ႐ိုးမဘဏ္အေနျဖင့္ မဟုတ္မမွန္ သတင္းျဖန႔္ခ်ိသူမ်ားကို တည္ဆဲဥပေဒမ်ားျဖင့္ တရားစြဲဆိုၿပီး ဥပေဒေၾကာင္းအရ ေဆာင္႐ြက္သြားမည္ျဖစ္သည္ဟုလည္း စာတြင္အသိေပး ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.