ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မုံရွာဆိပ်ကမ်းတာရိုးမြောက်ပိုင်းတွင် ရေစိမ့်ဝင်မှုဖြစ်ပေါ်နေရာ သဲအိတ်များကာရံပြီးစောင့်ကြည့်နေ

 1734

ယွန်း (NP News) - ဇူလိုင် ၁၁

ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မုံရွာဆိပ်ကမ်းတာရိုးမြောက်ပိုင်းတွင် ရေစိမ့်ဝင်မှုဖြစ်ပေါ်နေရာ သဲအိတ်များကာရံပြီး မုံရွာမြို့ခံများက စောင့်ကြည့်နေကြကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်(၉)ရက်နေ့မှစ၍ ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၃ ပေနီးပါးခန့် မြင့်တက်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ မုံရွာဆိပ်ကမ်းတာရိုး၏ မြောက်ပိုင်းတွင် ရေစိမ့်ဝင်မှုများဖြစ်ပေါ်ခဲ့ပြီး မြစ်ရေဝင်ရောက်မှုမရှိစေရေးအတွက် ဇူလိုင်လ ၁၁ ရက် နေ့လည်ပိုင်းမှစတင်၍ ရေစိမ့်ဝင်သည့်နေရာများအား သဲအိတ်များဖြင့် ကာရံခဲ့ကြောင်းသိရသည်။

"မုံရွာကလက်ရှိမှာ ချင်းတွင်းမြစ်ရေက စိုးရိမ်ရေအမှတ်ထက်ကို ၂ပေခွဲကျော် ၃ ပေလောက်တက်နေပါတယ်။ တက်နေတာက ပြီးခဲ့တဲ့ ၉ ရက်နေ့ကစပြီး စိုးရိမ်မှတ် ၁၀၀၀ စင်တီမီတာရဲ့ အထက်ကို ၃ ပေနီးပါးလောက်တက်နေတာ။ နောက်ထက်လည်း တစ်ပေ၊ တစ်ပေခွဲလောက်တက်ဦးမယ်လို့ မိုးဇလကလည်း ကြေညာထားတယ်။ ၂၀၁၁ ခုနှစ်လောက်ထဲက မုံရွာမြို့မှာ တာရိုးကြီးက ၈ မိုင်လောက်ရှိတယ်လုပ်ထားတာ။ ပြီးတော့ ၂၀၁၈ လောက်မှာ ထပ်ပြီးတော့မြှင့်ထားသေးတယ်။ အဲဒီတာရိုးရဲ့ မြောက်ပိုင်းမှာ ရေစိမ့်နေတာပေါ့။ ကျော်တာတွေ၊ ကျိုးတာတွေတော့မရှိသေးဘူး။ လောလောဆယ်တော့ သဲအိတ်တွေကာပြီးလုပ်ထားပါတယ်။ တာရိုးရဲ့အရှည်က ၈ မိုင်လောက်တော့ရှိတယ်။ မုံရွာမြို့မှာကတော့ ၃ မိုင်လောက်ပဲ ရှိတာပေါ့" ဟု မုံရွာမြို့ရှိ ဒေသခံသတင်းရင်းမြစ်တစ်ဦးက NP News ကိုပြောသည်။

လက်ရှိတွင် အဆိုပါတာရိုးအတွင်းသို့ ရေစိမ့်ဝင်မှုကို စောင့်ကြည့်နေရကြောင်း ၎င်းကဆက်လက်ပြောသည်။ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ဇူလိုင်လ ဒုတိယ (၁၀)ရက်ပတ်အတွက်မြစ်ရေအခြေအနေခန့်မှန်းချက်တွင် ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့၊ ကနီမြို့ နှင့် မုံရွာမြို့တို့တွင် လက်ရှိရေမှတ်များအထက် ၁ပေ၊ ၁ပေခွဲခန့်အထိ မြင့်တက်လာနိုင်ပြီး ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း နှင့် ခန္တီးမြို့တို့တွင် လက်ရှိရေမှတ်များအောက် ၁၂ပေ မှ ၁၄ပေခန့်အထိကျဆင်းလာနိုင်ကြောင်း ဇူလိုင်လ ၁၁ရက်နေ့ကထုတ်ပြန်ထားသည်။

ထို့ပြင် မုံရွာမြို့၏တောင်ဘက်နှင့် မြောက်ဘက် အနိမ့်ပိုင်း ကျေးရွာများတွင် ချင်းတွင်းမြစ်ရေဝင်ရောက်မှုများရှိနေပြီး ကျေးရွာ(၄၀) ခန့် ရေလွတ်ရာ ပြောင်းရွှေ့နေကြရကြောင်းသိရသည်။

zawgyi version
ခ်င္းတြင္းျမစ္ေရျမင့္တက္မႈေၾကာင့္ မုံ႐ြာဆိပ္ကမ္းတာ႐ိုးေျမာက္ပိုင္းတြင္ ေရစိမ့္ဝင္မႈျဖစ္ေပၚေနရာ သဲအိတ္မ်ားကာရံၿပီးေစာင့္ၾကည့္ေန

ယြန္း (NP News) - ဇူလိုင္ ၁၁

ခ်င္းတြင္းျမစ္ေရျမင့္တက္မႈေၾကာင့္ မုံ႐ြာဆိပ္ကမ္းတာ႐ိုးေျမာက္ပိုင္းတြင္ ေရစိမ့္ဝင္မႈျဖစ္ေပၚေနရာ သဲအိတ္မ်ားကာရံၿပီး မုံ႐ြာၿမိဳ႕ခံမ်ားက ေစာင့္ၾကည့္ေနၾကေၾကာင္း သတင္းရင္းျမစ္မ်ားထံမွ သိရသည္။

ၿပီးခဲ့သည့္ ဇူလိုင္(၉)ရက္ေန႔မွစ၍ ခ်င္းတြင္းျမစ္ေရသည္ စိုးရိမ္ေရမွတ္အထက္ ၃ ေပနီးပါးခန႔္ ျမင့္တက္ခဲ့ရာ စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕နယ္ရွိ မုံ႐ြာဆိပ္ကမ္းတာ႐ိုး၏ ေျမာက္ပိုင္းတြင္ ေရစိမ့္ဝင္မႈမ်ားျဖစ္ေပၚခဲ့ၿပီး ျမစ္ေရဝင္ေရာက္မႈမရွိေစေရးအတြက္ ဇူလိုင္လ ၁၁ ရက္ ေန႔လည္ပိုင္းမွစတင္၍ ေရစိမ့္ဝင္သည့္ေနရာမ်ားအား သဲအိတ္မ်ားျဖင့္ ကာရံခဲ့ေၾကာင္းသိရသည္။

"မုံ႐ြာကလက္ရွိမွာ ခ်င္းတြင္းျမစ္ေရက စိုးရိမ္ေရအမွတ္ထက္ကို ၂ေပခြဲေက်ာ္ ၃ ေပေလာက္တက္ေနပါတယ္။ တက္ေနတာက ၿပီးခဲ့တဲ့ ၉ ရက္ေန႔ကစၿပီး စိုးရိမ္မွတ္ ၁၀၀၀ စင္တီမီတာရဲ႕ အထက္ကို ၃ ေပနီးပါးေလာက္တက္ေနတာ။ ေနာက္ထက္လည္း တစ္ေပ၊ တစ္ေပခြဲေလာက္တက္ဦးမယ္လို႔ မိုးဇလကလည္း ေၾကညာထားတယ္။ ၂၀၁၁ ခုႏွစ္ေလာက္ထဲက မုံ႐ြာၿမိဳ႕မွာ တာ႐ိုးႀကီးက ၈ မိုင္ေလာက္ရွိတယ္လုပ္ထားတာ။ ၿပီးေတာ့ ၂၀၁၈ ေလာက္မွာ ထပ္ၿပီးေတာ့ျမႇင့္ထားေသးတယ္။ အဲဒီတာ႐ိုးရဲ႕ ေျမာက္ပိုင္းမွာ ေရစိမ့္ေနတာေပါ့။ ေက်ာ္တာေတြ၊ က်ိဳးတာေတြေတာ့မရွိေသးဘူး။ ေလာေလာဆယ္ေတာ့ သဲအိတ္ေတြကာၿပီးလုပ္ထားပါတယ္။ တာ႐ိုးရဲ႕အရွည္က ၈ မိုင္ေလာက္ေတာ့ရွိတယ္။ မုံ႐ြာၿမိဳ႕မွာကေတာ့ ၃ မိုင္ေလာက္ပဲ ရွိတာေပါ့" ဟု မုံ႐ြာၿမိဳ႕ရွိ ေဒသခံသတင္းရင္းျမစ္တစ္ဦးက NP News ကိုေျပာသည္။

လက္ရွိတြင္ အဆိုပါတာ႐ိုးအတြင္းသို႔ ေရစိမ့္ဝင္မႈကို ေစာင့္ၾကည့္ေနရေၾကာင္း ၎ကဆက္လက္ေျပာသည္။ မိုးေလဝသႏွင့္ဇလေဗဒဦးစီးဌာန၏ ဇူလိုင္လ ဒုတိယ (၁၀)ရက္ပတ္အတြက္ျမစ္ေရအေျခအေနခန္႔မွန္းခ်က္တြင္ ခ်င္းတြင္းျမစ္ေရသည္ မင္းကင္းၿမိဳ႕၊ ကနီၿမိဳ႕ ႏွင့္ မုံ႐ြာၿမိဳ႕တို႔တြင္ လက္ရွိေရမွတ္မ်ားအထက္ ၁ေပ၊ ၁ေပခြဲခန္႔အထိ ျမင့္တက္လာႏိုင္ၿပီး ကေလးဝ၊ ေမာ္လိုက္၊ ေဖာင္းျပင္၊ ဟုမၼလင္း ႏွင့္ ခႏၲီးၿမိဳ႕တို႔တြင္ လက္ရွိေရမွတ္မ်ားေအာက္ ၁၂ေပ မွ ၁၄ေပခန္႔အထိက်ဆင္းလာႏိုင္ေၾကာင္း ဇူလိုင္လ ၁၁ရက္ေန႔ကထုတ္ျပန္ထားသည္။

ထို႔ျပင္ မုံ႐ြာၿမိဳ႕၏ေတာင္ဘက္ႏွင့္ ေျမာက္ဘက္ အနိမ့္ပိုင္း ေက်း႐ြာမ်ားတြင္ ခ်င္းတြင္းျမစ္ေရဝင္ေရာက္မႈမ်ားရွိေနၿပီး ေက်း႐ြာ(၄၀) ခန္႔ ေရလြတ္ရာ ေျပာင္းေ႐ႊ႕ေနၾကရေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.