မင်းဘူးမြို့နယ် အပါအဝင် မြို့နယ် (၅)မြို့ နယ်များတွင် လာမည့် (၃)ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်

 2149

စော (NP News) - ဇူလိုင် ၁၁

မင်းဘူးမြို့နယ် အပါအဝင် မြို့နယ် (၅)မြို့နယ်များတွင် လာမည့် (၃)ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇူလိုင်လ ၇ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

မိုးဇလ၏ မွန်းလွဲ (၂)နာရီခွဲ အချိန် ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့၏ စိုးရိမ်ရေမှတ်အောက် ၄ ပေခွဲခန့် (၁၃၀ စင်တီမီတာ)၊ ဆိပ်သာမြို့၏ စိုးရိမ်ရေမှတ်အောက် ၃ပေခွဲခန့် (၁၁၀ စင်တီမီတာ)၊ ဟင်္သာတမြို့၏ စိုးရိမ်ရေမှတ်အောက် ၃ပေခွဲခန့် (၁၀၄ စင်တီမီတာ)နှင့် ဇလွန်မြို့၏ စိုးရိမ်ရေမှတ်အောက် ၄ပေခန့် (၁၁၉ စင်တီမီတာ)တွင် ရောက်ရှိနေကြောင်း သိရသည်။

ထို့ပြင် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၄ ပေကျော်ခန့် (၁၂၉ စင်တီမီတာ)တွင် ရောက်ရှိနေပြီး ဧရာဝတီမြစ်ရေ နှင့် ငဝန်မြစ်ရေသည် လာမည့် ၃ ရက်အတွင်း အဆိုပါမြို့နယ်များ၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် မင်းဘူးမြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ ဆိပ်သာမြို့နယ်နှင့် ငါးသိုင်းချောင်းမြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာထားသည်။

zawgyi version
မင္းဘူးၿမိဳ႕နယ္ အပါအဝင္ ၿမိဳ႕နယ္ (၅)ၿမိဳ႕ နယ္မ်ားတြင္ လာမည့္ (၃)ရက္အတြင္း စိုးရိမ္ေရမွတ္သို႔ ေရာက္ရွိႏိုင္

ေစာ (NP News) - ဇူလိုင္ ၁၁

မင္းဘူးၿမိဳ႕နယ္ အပါအဝင္ ၿမိဳ႕နယ္ (၅)ၿမိဳ႕နယ္မ်ားတြင္ လာမည့္ (၃)ရက္အတြင္း စိုးရိမ္ေရမွတ္သို႔ ေရာက္ရွိႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔ (ဇူလိုင္လ ၇ ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။

မိုးဇလ၏ မြန္းလြဲ (၂)နာရီခြဲ အခ်ိန္ ထုတ္ျပန္ခ်က္အရ ဧရာဝတီျမစ္ေရသည္ မင္းဘူးၿမိဳ႕၏ စိုးရိမ္ေရမွတ္ေအာက္ ၄ ေပခြဲခန႔္ (၁၃၀ စင္တီမီတာ)၊ ဆိပ္သာၿမိဳ႕၏ စိုးရိမ္ေရမွတ္ေအာက္ ၃ေပခြဲခန႔္ (၁၁၀ စင္တီမီတာ)၊ ဟသၤာတၿမိဳ႕၏ စိုးရိမ္ေရမွတ္ေအာက္ ၃ေပခြဲခန႔္ (၁၀၄ စင္တီမီတာ)ႏွင့္ ဇလြန္ၿမိဳ႕၏ စိုးရိမ္ေရမွတ္ေအာက္ ၄ေပခန႔္ (၁၁၉ စင္တီမီတာ)တြင္ ေရာက္ရွိေနေၾကာင္း သိရသည္။

ထို႔ျပင္ ငဝန္ျမစ္ေရသည္ ငါးသိုင္းေခ်ာင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္ေအာက္ ၄ ေပေက်ာ္ခန႔္ (၁၂၉ စင္တီမီတာ)တြင္ ေရာက္ရွိေနၿပီး ဧရာဝတီျမစ္ေရ ႏွင့္ ငဝန္ျမစ္ေရသည္ လာမည့္ ၃ ရက္အတြင္း အဆိုပါၿမိဳ႕နယ္မ်ား၏ စိုးရိမ္ေရမွတ္သို႔ ေရာက္ရွိႏိုင္ေၾကာင္း မိုးဇလ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ေၾကာင့္ မင္းဘူးၿမိဳ႕နယ္၊ ဟသၤာတၿမိဳ႕နယ္၊ ဇလြန္ၿမိဳ႕နယ္၊ ဆိပ္သာၿမိဳ႕နယ္ႏွင့္ ငါးသိုင္းေခ်ာင္းၿမိဳ႕မ်ားအတြင္းရွိ ျမစ္ကမ္းအနီးႏွင့္ ေျမနိမ့္ပိုင္း ေနထိုင္သူမ်ားအေနျဖင့္ အထူးသတိျပဳေနထိုင္ၾကရန္ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက အသိေပးေၾကညာထားသည္။

Related news

© 2021. All rights reserved.