အနုပညာရှင်များ စုပေါင်း၍ ကျောက်ကပ်လူနာပေါင်း(၁ဝဝ)အတွက် အလှူငွေ(၄၈)သိန်း လှူဒါန်း

 274

သန့်ဇင် (NP News) - ဇူလိုင် ၁၁

အနုပညာရှင်များစုပေါင်း၍ ရန်ကုန်မြို့ ကုတင်(၅၀၀)အထူးကုဆေးရုံကြီးရှိ ကျောက်ကပ်လူနာပေါင်း (၁၀၀) အတွက် အလှူငွေကျပ် (၄၈)သိန်းကို ယနေ့(ဇူလိုင်လ ၁၁ ရက်) နေ့လည်ပိုင်းက လှူဒါန်းခဲ့ကြသည်။

အဆိုပါ လှူဒါန်းပွဲအခမ်းအနားကို BO BO film Productionက ဦးစီး၍ မင်းသူ၊ အောင်ခိုင်၊ မိုးဒီ၊ နေဝင်း၊ မေမြင့်မိုရ်၊ ထွန်းပုလဲရတနာ အစရှိသည့် အနုပညာရှင်များ၊ အတတ်ပညာရှင်များ စုပေါင်း၍ ပထမအကြိမ်အဖြစ် ကျောက်ကပ် ကုသရန်အခက်အခဲရှိသော လူနာ(၁၀၀)အတွက် လူတစ်ဦးလျှင် ကျောက်ကပ်(၄)ကြိမ်ဆေးနိုင်ရန် ရည်ရွယ်ကာ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
“အခုလှူဒါန်းပွဲက အဲဒီထဲကမှ သူတို့ကိုထောက်ပံ့တဲ့ လူနာ(၁၀၀)စာအတွက် လူနာတစ်ယောက်ကို (၄)ကြိမ် ဆိုတော့ လူအယောက် (၁၀၀)စာအတွက် အကြိမ်(၄၀၀)နှုန်း ၄၈ သိန်းကို လှူဒါန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဲဒီလှူဒါန်းတဲ့ (၄၈)သိန်းကို တက်ရောက်လာတဲ့ ကျောက်ကပ်ဆေးမယ့်လူနာတွေအတွက် အကျိုးရှိစွာ သုံးစွဲ ပေးပါ့မယ်လို့ ကတိပြုပါတယ်” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းထွေးက ပြောသည်။

အဆိုပါ ကျောက်ကပ်ဆေးလူနာ(၁၀၀)အတွက် လှူဒါန်းပွဲကို အနုပညာရှင်များစွာတက်ရောက်ခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများလည်း ပေးခဲ့ကြသည်။
အဆိုပါဆေးရုံကြီးတွင် ကျောက်ကပ်ဆေးနေရသောလူနာ(၂၀၀)ဝန်းကျင်ခန့် ရှိကြောင်းလည်း ဒေါက်တာ အောင်လင်းထွေး၏ ပြောကြားချက်အရ သိရသည်။
“ကျွန်တော်တို့ဆေးရုံမှာက ကျောက်ကပ်တစ်ခါဆေးရင် (၁၂၀၀၀) သွင်းရပါတယ် ခင်ဗျ။ အခုဆိုရင် ကျွန်တော်တို့ ဆေးရုံမှာ ကျောက်ကပ်ဆေးတဲ့ လူနာ (၂၀၀)ဝန်းကျင်လောက် ရှိပါတယ်။ ကျောက်ကပ်ဆေးမယ့်လူနာတွေ ကလည်း မသေမချင်း၊ ကျောက်ကပ်အစားထိုးပြီးမှ အသက်ဆက်ရတာဖြစ်ပါတယ်။ သူတို့မှ တော်တော်လေး စီးပွားရေး ဒုက္ခရောက်ပါတယ်။ အပြင်မှာဆိုရင် ကျောက်ကပ်တစ်ခါဆေးရင် တစ်သိန်းနီးပါးလောက်ကို ကုန်ပါတယ်။ အဲဒါက တောက်လျှောက်ဆေးရတာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version;
အႏုပညာရွင္မ်ား စုေပါင္း၍ ေက်ာက္ကပ္လူနာေပါင္း(၁ဝဝ)အတြက္ အလႉေငြ(၄၈)သိန္း လႉဒါန္း
သန႔္ဇင္ (NP News) - ဇူလိုင္ ၁၁

အႏုပညာရွင္မ်ားစုေပါင္း၍ ရန္ကုန္ၿမိဳ႕ ကုတင္(၅၀၀)အထူးကုေဆး႐ုံႀကီးရွိ ေက်ာက္ကပ္လူနာေပါင္း (၁၀၀) အတြက္ အလႉေငြက်ပ္ (၄၈)သိန္းကို ယေန႔(ဇူလိုင္လ ၁၁ ရက္) ေန႔လည္ပိုင္းက လႉဒါန္းခဲ့ၾကသည္။

အဆိုပါ လႉဒါန္းပြဲအခမ္းအနားကို BO BO film Productionက ဦးစီး၍ မင္းသူ၊ ေအာင္ခိုင္၊ မိုးဒီ၊ ေနဝင္း၊ ေမျမင့္မိုရ္၊ ထြန္းပုလဲရတနာ အစရွိသည့္ အႏုပညာရွင္မ်ား၊ အတတ္ပညာရွင္မ်ား စုေပါင္း၍ ပထမအႀကိမ္အျဖစ္ ေက်ာက္ကပ္ ကုသရန္အခက္အခဲရွိေသာ လူနာ(၁၀၀)အတြက္ လူတစ္ဦးလွ်င္ ေက်ာက္ကပ္(၄)ႀကိမ္ေဆးႏိုင္ရန္ ရည္႐ြယ္ကာ လႉဒါန္းျခင္းျဖစ္ေၾကာင္း သိရသည္။
“အခုလႉဒါန္းပြဲက အဲဒီထဲကမွ သူတို႔ကိုေထာက္ပံ့တဲ့ လူနာ(၁၀၀)စာအတြက္ လူနာတစ္ေယာက္ကို (၄)ႀကိမ္ ဆိုေတာ့ လူအေယာက္ (၁၀၀)စာအတြက္ အႀကိမ္(၄၀၀)ႏႈန္း ၄၈ သိန္းကို လႉဒါန္းတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ အဲဒီလႉဒါန္းတဲ့ (၄၈)သိန္းကို တက္ေရာက္လာတဲ့ ေက်ာက္ကပ္ေဆးမယ့္လူနာေတြအတြက္ အက်ိဳးရွိစြာ သုံးစြဲ ေပးပါ့မယ္လို႔ ကတိျပဳပါတယ္” ဟု ေဆး႐ုံအုပ္ႀကီး ေဒါက္တာေအာင္လင္းေထြးက ေျပာသည္။

အဆိုပါ ေက်ာက္ကပ္ေဆးလူနာ(၁၀၀)အတြက္ လႉဒါန္းပြဲကို အႏုပညာရွင္မ်ားစြာတက္ေရာက္ခဲ့ၿပီး ဂုဏ္ျပဳ မွတ္တမ္းလႊာမ်ားလည္း ေပးခဲ့ၾကသည္။
အဆိုပါေဆး႐ုံႀကီးတြင္ ေက်ာက္ကပ္ေဆးေနရေသာလူနာ(၂၀၀)ဝန္းက်င္ခန႔္ ရွိေၾကာင္းလည္း ေဒါက္တာ ေအာင္လင္းေထြး၏ ေျပာၾကားခ်က္အရ သိရသည္။
“ကြၽန္ေတာ္တို႔ေဆး႐ုံမွာက ေက်ာက္ကပ္တစ္ခါေဆးရင္ (၁၂၀၀၀) သြင္းရပါတယ္ ခင္ဗ်။ အခုဆိုရင္ ကြၽန္ေတာ္တို႔ ေဆး႐ုံမွာ ေက်ာက္ကပ္ေဆးတဲ့ လူနာ (၂၀၀)ဝန္းက်င္ေလာက္ ရွိပါတယ္။ ေက်ာက္ကပ္ေဆးမယ့္လူနာေတြ ကလည္း မေသမခ်င္း၊ ေက်ာက္ကပ္အစားထိုးၿပီးမွ အသက္ဆက္ရတာျဖစ္ပါတယ္။ သူတို႔မွ ေတာ္ေတာ္ေလး စီးပြားေရး ဒုကၡေရာက္ပါတယ္။ အျပင္မွာဆိုရင္ ေက်ာက္ကပ္တစ္ခါေဆးရင္ တစ္သိန္းနီးပါးေလာက္ကို ကုန္ပါတယ္။ အဲဒါက ေတာက္ေလွ်ာက္ေဆးရတာပါ” ဟု ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.