ဂျပန်မှာ ကလေးမွေးဖွားနှုန်း ကျဆင်းမှုကြောင့် အနှီး ဒိုင်ဘာကို လူကြီးသုံးအတွက် အာရုံစိုက် ထုတ်လုပ်ငွေရှာဖို့ စဉ်းစားလာကြ
237
ရောင်နီ (NP News) - ဇူလိုင် ၁၃
ဂျပန်မှာ တစ်နှစ်ထက်တစ်နှစ် ကလေးမွေးဖွားနှုန်း ကျဆင်းလာခြင်းကြောင့် ဒိုင်ဘာထုတ်လုပ်ရေးကုမ္ပဏီက ကလေးဒိုင်ဘာတွေကို လျှော့ချပြီး၊ လူကြီးဒိုင်ဘာတွေကို ပိုမိုထုတ်ဖို့ စဉ်းစားနေကြပြီဖြစ်တယ်လို့ သိရပါတယ်။
ခရီးသွား အထင်ကရနေရာဖြစ်တဲ့ ဖူဂျီတောင် အနီး၊ ဖူဂျှနိုမီရာ ဒေသရှိ Daio Paper ကလေးအနှီးဒိုင်ဘာ စက်ရုံမှာ လူကြီးအနှီး ဒိုင်ဘာတွေဟာ ကလေးအနှီးဒိုင်ဘာထက် ပိုရောင်းကောင်းလာတယ်လို့ စက်ရုံတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဂျပန်နိုင်ငံရဲ့လူဦးရေသက်တမ်း တိုးလာတာနဲ့အမျှ အရွယ်ရောက်ပြီးသူ အနှီးရောင်းရငွေဟာ ကလေး အနှီး ရောင်းရငွေထက် နှစ်ဆဖြစ်နေပြီဖြစ်တယ်လို့ ၄င်းက ဆိုပါတယ်။
ဂျပန်မှာ ပြီးခဲ့တဲ့နှစ်က ကလေးမွေးဖွားမှုနှုန်း စံချိန်တင် ကျဆင်းသွားခဲ့ပြီး ဂျပန်နိုင်ငံ လူဦးရေဟာလည်း ၂၀၇၀ ပြည့်နှစ်မှာ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းလာဖွယ်ရှိပြီး အဲဒီကိန်းဂဏန်းတွေက အခြားကလေးဒိုင်ဘာ ကုမ္ပဏီတွေ ကိုလည်း ထုတ်ကုန်ဦးတည်ချက် အာရုံပြောင်းဖို့ တွန်းအားပေးနေတယ်လို့ ဆိုပါတယ်။
Zawgyi Version;