ဒေါ်နယ်ထရမ့်ကို ရွေးကောက်ပွဲမှာအနိုင်ရစေဖို့ ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်က ငွေကြေးများလှူဒါန်း

 2975

ဂျန်ဇက် (NP News) - ဇူလိုင် ၁၃

ကမ္ဘာကျော်အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရတဲ့ အီလွန်မတ်က အမေရိကန်ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ရည်ရွယ်ချက်နဲ့ အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ငွေကြေးများ လှူဒါန်းပေးခဲ့ကြောင်းသိရပါတယ်။

အီလွန်မတ်ဟာ ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်း ဒေါ်နယ်ထရမ့်အတွက် မဲဆွယ်စည်းရုံးနေတဲ့ အဖွဲ့အစည်းထံ ငွေကြေးများလှူဒါန်းပေးခဲ့တာဖြစ်ကြောင်း အမေရိကန်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဒေါ်နယ်ထရမ့်အတွက် မဲဆွယ်စည်းရုံးပေးနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ America PAC အဖွဲ့ဟာ အမေရိကန်နိုင်ငံမှာ လူသိနည်းတဲ့အဖွဲ့အစည်းဖြစ်ပြီး ငွေကြေးပမာဏာ ဘယ်လောက်လှူဒါန်းခဲ့သလဲဆိုတဲ့အချက်ကို အတိအကျ သတင်းထုတ်ပြန်ခြင်းမျိုး မရှိသေးကြောင်းသိရပါတယ်။

အမေရိကန်ဒေါ်လာ ၂၃၆ ဘီလျံအထိ ကြွယ်ဝချမ်းသာသူအဖြစ် သတ်မှတ်ခံထားရတဲ့ အီလွန်မတ်ဟာ ဒေါ်နယ်ထရမ့်အတွက် မဲဆွယ်စည်းရုံးပေးနေတဲ့အဖွဲ့ကို ပမာဏလှူဒါန်းခဲ့ခြင်းမျိုးဖြစ်ပြီး ထပ်မံလှူဒါန်းသွားဖွယ်ရှိနေကြောင်းသိရပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်မှာ သမ္မတရွေးကောက်ပွဲကျင်းပမှာဖြစ်ရာ ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်း ဒေါ်နယ်ထရမ့်က အလားအလာကောင်းနေတယ်လို့ စစ်တမ်းတွေမှာဖော်ပြထားပါတယ်။

zawgyi version
ေဒၚနယ္ထရမ့္ကို ေ႐ြးေကာက္ပြဲမွာအႏိုင္ရေစဖို႔ ကမာၻေက်ာ္ဘီလ်ံနာ အီလြန္မတ္က ေငြေၾကးမ်ားလႉဒါန္း
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၃

ကမာၻေက်ာ္အခ်မ္းသာဆုံးပုဂၢိဳလ္အျဖစ္ သတ္မွတ္ခံထားရတဲ့ အီလြန္မတ္က အေမရိကန္ေ႐ြးေကာက္ပြဲမတိုင္ခင္ မဲဆြယ္စည္း႐ုံးေရးလုပ္ငန္းေတြမွာ အသုံးျပဳႏိုင္ဖို႔ရည္႐ြယ္ခ်က္နဲ႔ အေမရိကန္သမၼတေလာင္း ေဒၚနယ္ထရမ့္ကို ေငြေၾကးမ်ား လႉဒါန္းေပးခဲ့ေၾကာင္းသိရပါတယ္။

အီလြန္မတ္ဟာ ရီပတ္ဘလီကန္ပါတီရဲ႕သမၼတေလာင္း ေဒၚနယ္ထရမ့္အတြက္ မဲဆြယ္စည္း႐ုံးေနတဲ့ အဖြဲ႕အစည္းထံ ေငြေၾကးမ်ားလႉဒါန္းေပးခဲ့တာျဖစ္ေၾကာင္း အေမရိကန္မီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။ ေဒၚနယ္ထရမ့္အတြက္ မဲဆြယ္စည္း႐ုံးေပးေနတဲ့အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ America PAC အဖြဲ႕ဟာ အေမရိကန္ႏိုင္ငံမွာ လူသိနည္းတဲ့အဖြဲ႕အစည္းျဖစ္ၿပီး ေငြေၾကးပမာဏာ ဘယ္ေလာက္လႉဒါန္းခဲ့သလဲဆိုတဲ့အခ်က္ကို အတိအက် သတင္းထုတ္ျပန္ျခင္းမ်ိဳး မရွိေသးေၾကာင္းသိရပါတယ္။

အေမရိကန္ေဒၚလာ ၂၃၆ ဘီလ်ံအထိ ႂကြယ္ဝခ်မ္းသာသူအျဖစ္ သတ္မွတ္ခံထားရတဲ့ အီလြန္မတ္ဟာ ေဒၚနယ္ထရမ့္အတြက္ မဲဆြယ္စည္း႐ုံးေပးေနတဲ့အဖြဲ႕ကို ပမာဏလႉဒါန္းခဲ့ျခင္းမ်ိဳးျဖစ္ၿပီး ထပ္မံလႉဒါန္းသြားဖြယ္ရွိေနေၾကာင္းသိရပါတယ္။ အေမရိကန္ႏိုင္ငံမွာ ၂၀၂၄ ခုႏွစ္ ႏိုဝင္ဘာလ ၄ ရက္မွာ သမၼတေ႐ြးေကာက္ပြဲက်င္းပမွာျဖစ္ရာ ရီပတ္ဘလီကန္ပါတီရဲ႕သမၼတေလာင္း ေဒၚနယ္ထရမ့္က အလားအလာေကာင္းေနတယ္လို႔ စစ္တမ္းေတြမွာေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.