နီပေါဝန်ကြီးချုပ် လွှတ်တော်အတွင်းအယုံအကြည်မရှိ အဆိုတင်သွင်းခံရပြီး ရာထူးကဖြုတ်ချခံရ

757

ဂျန်ဇက် (NP News) - ဇူလိုင် ၁၃
နီပေါဝန်ကြီးချုပ် ပူရှာပါ ကာမယ် ဒါဟယ်ဟာ လွှတ်တော်အတွင်း အယုံ ကြည်မရှိ အဆိုတင်သွင်းခံရကာ ရာထူးကနေ ဖြုတ်ချခံလိုက်ရကြောင်းသိရပါတယ်။
ပူရှာပါဟာ နီပေါနိုင်ငံရှိ မော်ဝါဒီ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးနောက် (၁၈)လအကြာမှာရာထူးကနေ ဖြုတ်ချခံလိုက်ရတာဖြစ်ပါတယ်။ ၎င်းဟာ နီပေါနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်အတွင်း လက်နက်ကိုင်အဖွဲ့များစွာကို ဦးဆောင်ခဲ့သူဖြစ်ပေမယ့် လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ချိန်မှာ လွှတ်တော်နိုင်ငံရေးလောကကို ပါဝင်လာခဲ့သူဖြစ်ပါတယ်။ အသက် ၆၉ နှစ်အရွယ်ရှိ ပူရှာပါဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရပြီးနောက် မဟာမိတ်အဖွဲ့များရဲ့ထောက်ခံမှုတွေမရခဲ့တဲ့အတွက် ဝန်ကြီးချုပ်ရာထူးကနေ ဖြုတ်ချခံလိုက်ရတာဖြစ်ပါတယ်။
ပူရှာပါ ကာမယ် ဒါဟယ်ကို အယုံကြည်မရှိကြောင်းလွှတ်တော်အတွင်းမဲခွဲဆုံးဖြတ်ချိန်မှာ လွှတ်တော်ကိုယ်စားလှယ် ၂၅၈ ဦးအနက်လွှတ်တော်ကိုယ်စားလှယ် ၆၃ ဦး သာထောက်ခံမဲပေးခဲ့ကြောင်း သိရပါတယ်။ ပူရှာပါဟာ လွှတ်တော်အတွင်း ဝန်ကြီးချုပ်အသစ်တစ်ဦး မဲပေးရွေးချယ်ပြီးချိန်အထိ နီပေါဝန်ကြီးချုပ်အဖြစ်ဆက်လက်ရှိနေမှာဖြစ်ပြီး နီပေါဝန်ကြီးချုပ်အသစ်ရွေးချယ်မှုတွေကို လာမယ့်ရက်ပိုင်းအတွင်း ကျင်းပသွားဖွယ်ရှိနေကြောင်းသိရပါတယ်။
zawgyi version
နီေပါဝန္ႀကီးခ်ဳပ္ လႊတ္ေတာ္အတြင္းအယုံအၾကည္မရွိ အဆိုတင္သြင္းခံရၿပီး ရာထူးကျဖဳတ္ခ်ခံရ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၃
နီေပါဝန္ႀကီးခ်ဳပ္ ပူရွာပါ ကာမယ္ ဒါဟယ္ဟာ လႊတ္ေတာ္အတြင္း အယုံ ၾကည္မရွိ အဆိုတင္သြင္းခံရကာ ရာထူးကေန ျဖဳတ္ခ်ခံလိုက္ရေၾကာင္းသိရပါတယ္။
ပူရွာပါဟာ နီေပါႏိုင္ငံရွိ ေမာ္ဝါဒီ လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူၿပီးေနာက္ (၁၈)လအၾကာမွာရာထူးကေန ျဖဳတ္ခ်ခံလိုက္ရတာျဖစ္ပါတယ္။ ၎ဟာ နီေပါႏိုင္ငံမွာျဖစ္ပြားခဲ့တဲ့ ျပည္တြင္းစစ္အတြင္း လက္နက္ကိုင္အဖြဲ႕မ်ားစြာကို ဦးေဆာင္ခဲ့သူျဖစ္ေပမယ့္ လက္နက္ကိုင္ပဋိပကၡေတြ အဆုံးသတ္ခ်ိန္မွာ လႊတ္ေတာ္ႏိုင္ငံေရးေလာကကို ပါဝင္လာခဲ့သူျဖစ္ပါတယ္။ အသက္ ၆၉ ႏွစ္အ႐ြယ္ရွိ ပူရွာပါဟာ ၂၀၂၂ ခုႏွစ္ ဒီဇင္ဘာလမွာ ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခံရၿပီးေနာက္ မဟာမိတ္အဖြဲ႕မ်ားရဲ႕ေထာက္ခံမႈေတြမရခဲ့တဲ့အတြက္ ဝန္ႀကီးခ်ဳပ္ရာထူးကေန ျဖဳတ္ခ်ခံလိုက္ရတာျဖစ္ပါတယ္။
ပူရွာပါ ကာမယ္ ဒါဟယ္ကို အယုံၾကည္မရွိေၾကာင္းလႊတ္ေတာ္အတြင္းမဲခြဲဆုံးျဖတ္ခ်ိန္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ ၂၅၈ ဦးအနက္လႊတ္ေတာ္ကိုယ္စားလွယ္ ၆၃ ဦး သာေထာက္ခံမဲေပးခဲ့ေၾကာင္း သိရပါတယ္။ ပူရွာပါဟာ လႊတ္ေတာ္အတြင္း ဝန္ႀကီးခ်ဳပ္အသစ္တစ္ဦး မဲေပးေ႐ြးခ်ယ္ၿပီးခ်ိန္အထိ နီေပါဝန္ႀကီးခ်ဳပ္အျဖစ္ဆက္လက္ရွိေနမွာျဖစ္ၿပီး နီေပါဝန္ႀကီးခ်ဳပ္အသစ္ေ႐ြးခ်ယ္မႈေတြကို လာမယ့္ရက္ပိုင္းအတြင္း က်င္းပသြားဖြယ္ရွိေနေၾကာင္းသိရပါတယ္။