တန့်ယန်းသို့ "ဝ" တပ်ဖွဲ့များ ဝင်ရောက်ရခြင်းအကြောင်းအရင်း အမှန်ကို တာဝန်ရှိသူတစ်ဦး ရှင်းပြ

 11784

သုတကျော် (NP News) - ဇူလိုင် ၁၃

UWSA ဘက်မှ အင်အားအလုံးအရင်းဖြင့် တန့်ယန်းမြို့သို့ဝင်ရောက်ခြင်းမှာ ကျယ်ပြန့်လာနေသော ရှမ်းမြောက်က ပဋိပက္ခများ ကူးမလာစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု UWSA မှ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက NP News ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ရှမ်းပြည်မြောက်ပိုင်းတွင်တည်ရှိပြီး စစ်ဘေးမသက်ရောက်သေးသည့် တန့်ယန်းမြို့သို့ "ဝ" တပ်ဖွဲ့ဝင်များက ဇူလိုင်လ ၁၁ ရက်တွင် ဝင်ရောက်လာခြင်းဖြစ်ကာ ခန့်မှန်းပမာဏအားဖြင့် အင်အား (၃၀ဝဝ)ခန့်ရှိ မည်ဟု ခန့်မှန်းထားပြီး ဒေသတွင်းသတင်းမီဒီယာအချို့က UWSA ၏ ၁၇၁ စစ်ဒေသမှ အင်အားများနှင့် တပ်မဟာ ၃၁၈ မှ အင်အားများပါဝင်သည်ဟု ရေးသားထားချက်များရှိသည်။

"ကျယ်ပြန့်လာနေတဲ့ ရှမ်းမြောက်က ပဋိပက္ခတွေ တန့်ယန်းဘက်ကူးမလာအောင် ကြိုတင်ကာ ကွယ်တဲ့အနေဖြင့် စိုးရိမ်နေကြတဲ့ဒေသခံနဲ့ကျွန်တော်တို့မိသားစုများရဲ့ တောင်းဆိုချက်နဲ့အတူ အစိုးရနဲ့ ညှိ နှိုင်းပြီးဝင်ရောက်တာမှန်ပါတယ်။ မူလ ကျွန်တော်တို့ရဲ့ဘက်မလိုက်မူဝါဒကိုကျင့်သုံးပြီး ပဋိပက္ခဖြစ်ပွားမှုကိုလည်း လက်ခံမှာမဟုတ်ပါဘူး"ဟု ဦးညီရမ်းက ဆိုသည်။

ထိုသို့ ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ တန့်ယန်းဒေသ တည်ငြိမ်အေးချမ်းရေးလိုလားပြီး အဘက် ဘက်အတွက်လည်း အကျိုးရှိမည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားသည်။ တန့်ယန်းမြို့သည် "ဝ"အထူးဒေသတွင် အနီးဆုံးတည်ရှိရာ မြို့တစ်မြို့ဖြစ်ပြီး သံလွင်မြစ်သာခြားကာ UWSA အတွက် အရေးပါသော နယ်စပ်မြို့တစ်မြို့သဖွယ်တည်ရှိနေခြင်းဖြစ်ပြီး NP News က သိရှိရသော အချက်အလက်များအရ အဆိုပါမြို့တွင် UWSA တပ်ဖွဲ့ဝင်များ၏ မိသားစုများ၊ ဆွေမျိုးများ နေထိုင်နေကြကြောင်း သိရသည်။ ထို့ပြင် အဆိုပါမြို့သည် "ဝ" အထူးဒေသ၏ မြို့တော်ဖြစ်သော ပန်ဆန်နှင့် လည်း နီးကပ်သည့်အနေအထားဖြစ်သောကြောင့် "ဝ"အဖွဲ့အတွက် လိုအပ်နေသော မြို့တစ်မြို့ဖြစ်ကာ လက်ရှိတွင် ဒေသခံများကလည်း စောင့်ကြည့်နေကြကြောင်း သိရသည်။

ထို့ပြင် စောင့်ကြည့်လေ့သူအချို့၏ အဆိုအရ တန့်ယန်းမြို့နယ်တွင်ပါ တိုက်ပွဲဖြစ်လာပါက ၎င်းတို့ အထူးဒေသအတွင်းသို့ စစ်ဘေးရှောင် ပြည်သူများ အလုံးအရင်းဖြင့် ဝင်ရောက်လာနိုင်သည့်အတွက် တိုက်ပွဲမဖြစ်စေရန် နေရာယူပေးခြင်းဖြစ်သည်ဟုလည်း သုံးသပ်မှုများရှိနေသည်။

zawgyi version
တန႔္ယန္းသို႔ "ဝ" တပ္ဖြဲ႕မ်ား ဝင္ေရာက္ရျခင္းအေၾကာင္းအရင္း အမွန္ကို တာဝန္ရွိသူတစ္ဦး ရွင္းျပ
သုတေက်ာ္ (NP News) - ဇူလိုင္ ၁၃

UWSA ဘက္မွ အင္အားအလုံးအရင္းျဖင့္ တန႔္ယန္းၿမိဳ႕သို႔ဝင္ေရာက္ျခင္းမွာ က်ယ္ျပန႔္လာေနေသာ ရွမ္းေျမာက္က ပဋိပကၡမ်ား ကူးမလာေစရန္ ႀကိဳတင္ကာကြယ္သည့္အေနျဖင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစိုးရႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္ဟု UWSA မွ ေျပာေရးဆိုခြင့္ရွိသူ ဦးညီရမ္းက NP News ၏ေမးျမန္းမႈကို ျပန္လည္ေျဖၾကားသည္။

ရွမ္းျပည္ေျမာက္ပိုင္းတြင္တည္ရွိၿပီး စစ္ေဘးမသက္ေရာက္ေသးသည့္ တန႔္ယန္းၿမိဳ႕သို႔ "ဝ" တပ္ဖြဲ႕ဝင္မ်ားက ဇူလိုင္လ ၁၁ ရက္တြင္ ဝင္ေရာက္လာျခင္းျဖစ္ကာ ခန႔္မွန္းပမာဏအားျဖင့္ အင္အား (၃၀ဝဝ)ခန႔္ရွိ မည္ဟု ခန႔္မွန္းထားၿပီး ေဒသတြင္းသတင္းမီဒီယာအခ်ိဳ႕က UWSA ၏ ၁၇၁ စစ္ေဒသမွ အင္အားမ်ားႏွင့္ တပ္မဟာ ၃၁၈ မွ အင္အားမ်ားပါဝင္သည္ဟု ေရးသားထားခ်က္မ်ားရွိသည္။

"က်ယ္ျပန႔္လာေနတဲ့ ရွမ္းေျမာက္က ပဋိပကၡေတြ တန႔္ယန္းဘက္ကူးမလာေအာင္ ႀကိဳတင္ကာ ကြယ္တဲ့အေနျဖင့္ စိုးရိမ္ေနၾကတဲ့ေဒသခံနဲ႔ကြၽန္ေတာ္တို႔မိသားစုမ်ားရဲ႕ ေတာင္းဆိုခ်က္နဲ႔အတူ အစိုးရနဲ႔ ညႇိ ႏႈိင္းၿပီးဝင္ေရာက္တာမွန္ပါတယ္။ မူလ ကြၽန္ေတာ္တို႔ရဲ႕ဘက္မလိုက္မူဝါဒကိုက်င့္သုံးၿပီး ပဋိပကၡျဖစ္ပြားမႈကိုလည္း လက္ခံမွာမဟုတ္ပါဘူး"ဟု ဦးညီရမ္းက ဆိုသည္။

ထိုသို႔ ဝင္ေရာက္ျခင္းႏွင့္ပတ္သက္၍ တန႔္ယန္းေဒသ တည္ၿငိမ္ေအးခ်မ္းေရးလိုလားၿပီး အဘက္ ဘက္အတြက္လည္း အက်ိဳးရွိမည္ဟု ယုံၾကည္ေၾကာင္းလည္း ၎က ထည့္သြင္းေျပာၾကားသည္။ တန႔္ယန္းၿမိဳ႕သည္ "ဝ"အထူးေဒသတြင္ အနီးဆုံးတည္ရွိရာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး သံလြင္ျမစ္သာျခားကာ UWSA အတြက္ အေရးပါေသာ နယ္စပ္ၿမိဳ႕တစ္ၿမိဳ႕သဖြယ္တည္ရွိေနျခင္းျဖစ္ၿပီး NP News က သိရွိရေသာ အခ်က္အလက္မ်ားအရ အဆိုပါၿမိဳ႕တြင္ UWSA တပ္ဖြဲ႕ဝင္မ်ား၏ မိသားစုမ်ား၊ ေဆြမ်ိဳးမ်ား ေနထိုင္ေနၾကေၾကာင္း သိရသည္။ ထို႔ျပင္ အဆိုပါၿမိဳ႕သည္ "ဝ" အထူးေဒသ၏ ၿမိဳ႕ေတာ္ျဖစ္ေသာ ပန္ဆန္ႏွင့္ လည္း နီးကပ္သည့္အေနအထားျဖစ္ေသာေၾကာင့္ "ဝ"အဖြဲ႕အတြက္ လိုအပ္ေနေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ကာ လက္ရွိတြင္ ေဒသခံမ်ားကလည္း ေစာင့္ၾကည့္ေနၾကေၾကာင္း သိရသည္။

ထို႔ျပင္ ေစာင့္ၾကည့္ေလ့သူအခ်ိဳ႕၏ အဆိုအရ တန႔္ယန္းၿမိဳ႕နယ္တြင္ပါ တိုက္ပြဲျဖစ္လာပါက ၎တို႔ အထူးေဒသအတြင္းသို႔ စစ္ေဘးေရွာင္ ျပည္သူမ်ား အလုံးအရင္းျဖင့္ ဝင္ေရာက္လာႏိုင္သည့္အတြက္ တိုက္ပြဲမျဖစ္ေစရန္ ေနရာယူေပးျခင္းျဖစ္သည္ဟုလည္း သုံးသပ္မႈမ်ားရွိေနသည္။

Related news

© 2021. All rights reserved.