တရုတ်နိုင်ငံ၊ စီချွမ်မှာ နိုင်ငံ့ပထမဆုံး ပန်ဒါကောလိပ် ဖွင့်လှစ်

 337

ရောင်နီ (NP News) - ဇူလိုင် ၁၄

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်၊ နန်ချောင်း China West Normal University မှာ ပန်ဒါတွေကို လေ့လာနိုင်မယ့် နိုင်ငံရဲ့ ပထမဆုံးသော ပန်ဒါကောလိပ် ဦးစီးဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
တိရစ္ဆာန်ကာကွယ်ရေး အထူးပြုကျွမ်းကျင်ပညာရှင်များဖြစ်လာစေဖို့ ရည်စူးပြီး တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝ ဘေးမဲ့တောစီမံခန့်ခွဲရေး အဓိကဘာသာရပ် ၅၀ ကို လေ့ကျင့်သင်ကြားပေးသွားဖြစ်တယ်လို့ သိရပါတယ်။

College of Life Sciences ဌာနမှူး လီအိုဝမ်ဘိုက ပန်ဒါကောလိပ်မှ ဘွဲ့ရကျောင်းသားတွေကို Giant Panda အမျိုးသားဥယျာဉ်နဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေတွေမှာ အလုပ်လုပ်နိုင်အောင်အထိ ပြုစုပျိုးထောင် သင်ကြား ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ China West Normal University's Institute of Rare Animals and Plants ရဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ ပန်ဒါကောလိပ်ဆရာမဝေဝေ ကလည်း ဒီကောလိပ်ဟာ "ထိန်းသိမ်း စောင့်ရှောက်ရေး ဇီဝဗေဒဆိုင်ရာ ပရော်ဖက်ရှင်နယ်သင်တန်းတွေကို မိတ်ဆက်ပေးသွားမှာဖြစ်ပြီး နာမည်ကြီး ပြည်တွင်းတက္ကသိုလ်တွေမှ ဇီဝဗေဒဆိုင်ရာကျွမ်းကျင်သူတွေကို ဖိတ်ခေါ်သင်ကြားပို့ချသွားမှာဖြစ်တယ်" လို့ ဆိုခဲ့ ပါတယ်။

ပန်ဒါတွေဟာ ကမ္ဘာပေါ်မှာ ပန်ဒါရိုင်းအများစု နေထိုင်ရာ စီချွမ်ပြည်နယ်အတွက် ယဉ်ကျေးမှုသင်္ကေတတစ်ခု လည်း ဖြစ်ပါတယ်။ အထူးသဖြင့် စီချွမ်၊ ရှန်စီ၊ ဂန်စု ပြည်နယ်တွေဟာ နိုင်ငံရဲ့ ပန်ဒါရိုင်း ၈၂ ရာခိုင်နှုန်းရဲ့နေအိမ် တွေဖြစ်ကြပြီး အခုလို ပန်ဒါကောလိပ်ဖွင့်လှစ်လိုက်ခြင်းဟာ အနာဂတ်အလုပ်အကိုင်သစ်တွေ တိုးပွားစေရေး တစ်စိတ်တစ်ပိုင်းဖြစ်လာမှာဖြစ်ပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံ၊ စီခြၽမ္မွာ ႏိုင္ငံ့ပထမဆုံး ပန္ဒါေကာလိပ္ ဖြင့္လွစ္
ေရာင္နီ (NP News) - ဇူလိုင္ ၁၄

တ႐ုတ္ႏိုင္ငံ၊ စီခြၽမ္ျပည္နယ္၊ နန္ေခ်ာင္း China West Normal University မွာ ပန္ဒါေတြကို ေလ့လာႏိုင္မယ့္ ႏိုင္ငံရဲ႕ ပထမဆုံးေသာ ပန္ဒါေကာလိပ္ ဦးစီးဖြင့္လွစ္သြားမယ္လို႔ သိရပါတယ္။
တိရစာၦန္ကာကြယ္ေရး အထူးျပဳကြၽမ္းက်င္ပညာရွင္မ်ားျဖစ္လာေစဖို႔ ရည္စူးၿပီး ေတာ႐ိုင္းတိရစာၦန္နဲ႔ သဘာဝ ေဘးမဲ့ေတာစီမံခန႔္ခြဲေရး အဓိကဘာသာရပ္ ၅၀ ကို ေလ့က်င့္သင္ၾကားေပးသြားျဖစ္တယ္လို႔ သိရပါတယ္။

College of Life Sciences ဌာနမႉး လီအိုဝမ္ဘိုက ပန္ဒါေကာလိပ္မွ ဘြဲ႕ရေက်ာင္းသားေတြကို Giant Panda အမ်ိဳးသားဥယ်ာဥ္နဲ႔ သဘာဝထိန္းသိမ္းေရးနယ္ေျမေတြမွာ အလုပ္လုပ္ႏိုင္ေအာင္အထိ ျပဳစုပ်ိဳးေထာင္ သင္ၾကား ေပးသြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ China West Normal University's Institute of Rare Animals and Plants ရဲ႕ ဒါ႐ိုက္တာလည္းျဖစ္တဲ့ ပန္ဒါေကာလိပ္ဆရာမေဝေဝ ကလည္း ဒီေကာလိပ္ဟာ "ထိန္းသိမ္း ေစာင့္ေရွာက္ေရး ဇီဝေဗဒဆိုင္ရာ ပေရာ္ဖက္ရွင္နယ္သင္တန္းေတြကို မိတ္ဆက္ေပးသြားမွာျဖစ္ၿပီး နာမည္ႀကီး ျပည္တြင္းတကၠသိုလ္ေတြမွ ဇီဝေဗဒဆိုင္ရာကြၽမ္းက်င္သူေတြကို ဖိတ္ေခၚသင္ၾကားပို႔ခ်သြားမွာျဖစ္တယ္" လို႔ ဆိုခဲ့ ပါတယ္။

ပန္ဒါေတြဟာ ကမာၻေပၚမွာ ပန္ဒါ႐ိုင္းအမ်ားစု ေနထိုင္ရာ စီခြၽမ္ျပည္နယ္အတြက္ ယဥ္ေက်းမႈသေကၤတတစ္ခု လည္း ျဖစ္ပါတယ္။ အထူးသျဖင့္ စီခြၽမ္၊ ရွန္စီ၊ ဂန္စု ျပည္နယ္ေတြဟာ ႏိုင္ငံရဲ႕ ပန္ဒါ႐ိုင္း ၈၂ ရာခိုင္ႏႈန္းရဲ႕ေနအိမ္ ေတြျဖစ္ၾကၿပီး အခုလို ပန္ဒါေကာလိပ္ဖြင့္လွစ္လိုက္ျခင္းဟာ အနာဂတ္အလုပ္အကိုင္သစ္ေတြ တိုးပြားေစေရး တစ္စိတ္တစ္ပိုင္းျဖစ္လာမွာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.