(၆၅)နှစ်အောက် ကိုးကန့်လူမျိုးများအားလုံး လက်နက်ကိုင်စစ်မှုထမ်းရမည်ဟု လှုံ့ဆော်မှုများရှိနေ

 6678

မြူနစ် (NP News) - ဇူလိုင် ၁၅

အသက်(၆၅)နှစ်အောက် ကိုးကန့်လူမျိုးများအားလုံး လက်နက်ကိုင်ကာ စစ်မှုထမ်းရမည်ဟု MNDAA အဖွဲ့ဝင်များက လှုံ့ဆော်မှုများရှိနေသည့်အတွက် ဒေသခံပြည်သူများအကြား စိုးရိမ်မှု များဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA တို့သည် ယခု ရက်ပိုင်းအတွင်း၌ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် တစ်ကျော့ပြန်တိုက်ပွဲများကို ပြန်လည် ဖော်ဆောင်ခဲ့သည်။ ယင်းကဲ့သို့ တစ်ကျော့ပြန် တိုက်ပွဲကို ပြန်လည်ဖော်ဆောင်ပြီးနောက် MNDAA အဖွဲ့ ထိန်းချုပ်ထားသည့် လောက်ကိုင် မြို့အပါအဝင် အခြားသောမြို့များကို တပ်မတော်ဘက်က ပြန်လည် တိုက်ခိုက်လာဖွယ်ရှိနေသည့်အတွက် အသက်(၆၅)နှစ်အောက် ကိုးကန့်လူမျိုးများအားလုံး လက်နက် ကိုင်ကာ စစ်မှုထမ်းရန် လှုံ့ဆော်လာခြင်းဖြစ်နိုင်ကြောင်းလည်း ဒေသခံများက ပြောသည်။
“သူတို့ ကိုးကန့်လူမျိုး (၆၅)နှစ်အောက်အကုန် လက်နက်ကိုင်ပြီး မြန်မာကို ပြန်တိုက်ရမယ်လို့ ပြောနေတာရှိတယ်။ မြန်မာနိုင်သွားရင် ကိုးကန့်တွေ နေစရာမရှိတော့ဘူးလို့ ပြောဆိုလှုံ့ဆော်နေတာရှိ တယ်။ အဲဒီလို လှုံ့ဆော်နေတယ်။ အောက်ခြေ ပြည်သူလူထုတွေက ဘယ်သူမှလိုက်နိုင်မှာ မဟုတ်ဘူး။ လက်နက်ကိုင်ပြီး ဘယ်သူမှအသေခံမှာလည်း မဟုတ်ဘူး။ ကျန်တာတော့မသိဘူး။ သူတို့ကတော့ အဲဒီလို လိုင်းပေါ်ကနေ လှုံ့ဆော်နေကြတာပဲ” ဟု လောက်ကိုင်မြို့ခံတစ်ဦးက NP News ကို ပြောသည်။ ထို့ပြင် လောက်ကိုင်မြို့ခံများသည် လေကြောင်းရန် အန္တရာယ်အပါအဝင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာမည်ကို စိုးရိမ်မှုများရှိနေသည့်အတွက် ဒုတိယအကြိမ် စစ်ဘေးရှောင်ရန် ပြင်ဆင်မှုများရှိနေကြောင်း မြို့ခံများထံမှ သိရသည်။
MNDAA အဖွဲ့သည် ကိုးကန့်ဒေသ၌ ကလေးငယ်များအပါအဝင် လူသစ်စုဆောင်းမှုများကို ပြုလုပ်နေသည့်အပြင် လောက်ကိုင်မြို့၌ လာရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အပါအဝင် တိုင်းရင်းသား လူမျိုးများကိုဖမ်းဆီးကာ တိုက်ပွဲဝင် ခိုင်းခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း နစကပြော ခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုထားသည်။

Zawgyi Version;
(၆၅)ႏွစ္ေအာက္ ကိုးကန႔္လူမ်ိဳးမ်ားအားလုံး လက္နက္ကိုင္စစ္မႈထမ္းရမည္ဟု လႈံ႕ေဆာ္မႈမ်ားရွိေန ျမဴနစ္ (NP News) - ဇူလိုင္ ၁၅

အသက္(၆၅)ႏွစ္ေအာက္ ကိုးကန႔္လူမ်ိဳးမ်ားအားလုံး လက္နက္ကိုင္ကာ စစ္မႈထမ္းရမည္ဟု MNDAA အဖြဲ႕ဝင္မ်ားက လႈံ႕ေဆာ္မႈမ်ားရွိေနသည့္အတြက္ ေဒသခံျပည္သူမ်ားအၾကား စိုးရိမ္မႈ မ်ားျဖစ္ေပၚေနေၾကာင္း သတင္းရရွိသည္။
ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ႏွင့္ တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA တို႔သည္ ယခု ရက္ပိုင္းအတြင္း၌ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕တြင္ တစ္ေက်ာ့ျပန္တိုက္ပြဲမ်ားကို ျပန္လည္ ေဖာ္ေဆာင္ခဲ့သည္။ ယင္းကဲ့သို႔ တစ္ေက်ာ့ျပန္ တိုက္ပြဲကို ျပန္လည္ေဖာ္ေဆာင္ၿပီးေနာက္ MNDAA အဖြဲ႕ ထိန္းခ်ဳပ္ထားသည့္ ေလာက္ကိုင္ ၿမိဳ႕အပါအဝင္ အျခားေသာၿမိဳ႕မ်ားကို တပ္မေတာ္ဘက္က ျပန္လည္ တိုက္ခိုက္လာဖြယ္ရွိေနသည့္အတြက္ အသက္(၆၅)ႏွစ္ေအာက္ ကိုးကန႔္လူမ်ိဳးမ်ားအားလုံး လက္နက္ ကိုင္ကာ စစ္မႈထမ္းရန္ လႈံ႕ေဆာ္လာျခင္းျဖစ္ႏိုင္ေၾကာင္းလည္း ေဒသခံမ်ားက ေျပာသည္။
“သူတို႔ ကိုးကန႔္လူမ်ိဳး (၆၅)ႏွစ္ေအာက္အကုန္ လက္နက္ကိုင္ၿပီး ျမန္မာကို ျပန္တိုက္ရမယ္လို႔ ေျပာေနတာရွိတယ္။ ျမန္မာႏိုင္သြားရင္ ကိုးကန႔္ေတြ ေနစရာမရွိေတာ့ဘူးလို႔ ေျပာဆိုလႈံ႕ေဆာ္ေနတာရွိ တယ္။ အဲဒီလို လႈံ႕ေဆာ္ေနတယ္။ ေအာက္ေျခ ျပည္သူလူထုေတြက ဘယ္သူမွလိုက္ႏိုင္မွာ မဟုတ္ဘူး။ လက္နက္ကိုင္ၿပီး ဘယ္သူမွအေသခံမွာလည္း မဟုတ္ဘူး။ က်န္တာေတာ့မသိဘူး။ သူတို႔ကေတာ့ အဲဒီလို လိုင္းေပၚကေန လႈံ႕ေဆာ္ေနၾကတာပဲ” ဟု ေလာက္ကိုင္ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။ ထို႔ျပင္ ေလာက္ကိုင္ၿမိဳ႕ခံမ်ားသည္ ေလေၾကာင္းရန္ အႏၲရာယ္အပါအဝင္ တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြား လာမည္ကို စိုးရိမ္မႈမ်ားရွိေနသည့္အတြက္ ဒုတိယအႀကိမ္ စစ္ေဘးေရွာင္ရန္ ျပင္ဆင္မႈမ်ားရွိေနေၾကာင္း ၿမိဳ႕ခံမ်ားထံမွ သိရသည္။
MNDAA အဖြဲ႕သည္ ကိုးကန႔္ေဒသ၌ ကေလးငယ္မ်ားအပါအဝင္ လူသစ္စုေဆာင္းမႈမ်ားကို ျပဳလုပ္ေနသည့္အျပင္ ေလာက္ကိုင္ၿမိဳ႕၌ လာေရာက္ အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာ အပါအဝင္ တိုင္းရင္းသား လူမ်ိဳးမ်ားကိုဖမ္းဆီးကာ တိုက္ပြဲဝင္ ခိုင္းျခင္းမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္း နစကေျပာ ခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထုတ္ေဖာ္ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.