နေတိုး ထောက်ပံ့ထားသော လက်နက်များအသုံးပြုမှုနှင့်ပတ်သက်၍ ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် ယူကရိန်း တောင်းဆို

 1150

ALynn (NP News) - ဇူလိုင် ၁၅

ရုရှားနိုင်ငံရှိပစ်မှတ်များအပေါ် တာဝေးပစ် လက်နက်များအသုံးပြုမှု ကန့်သတ်ချက်များ ရုပ် သိမ်းပေးရန် နေတိုးမဟာမိတ်များကို ကြာသပတေးနေ့ (ဇူလိုင်လ ၁၁ ရက်)တွင် ယူကရိန်း က တိုက်တွန်းခဲ့ပြီး ယင်းအပြုအမူသည် မော်စကိုနှင့်စစ်ပွဲတွင် အပြောင်းအလဲတစ်ခုဖြစ်လာမည်ဟု ဖော်ပြခဲ့သည်။ တရုတ်ကမူ ရုရှားအပေါ် ၎င်းကဘက်လိုက်၍ ထောက်ခံနေသည်ဟူသော နေတိုး၏ စွပ်စွဲချက်ကို ရှုတ်ချခဲ့သည်။
နေတိုးအဖွဲ့ဝင်များသည် ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၁၀ ရက်)တွင် ဝါရှင်တန်၌ပြုလုပ်သော ထိပ်သီး အစည်းအဝေးတွင် ယူကရိန်းကို ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နောက်ထပ် အကူအညီ များကို ကတိပြုကာ နေတိုးအဖွဲ့ဝင်အဖြစ်သို့ ရောက်ရှိနိုင်မည့်လမ်းကြောင်းကို ပံ့ပိုးပေးမည်ဟု ကတိ ပြုခဲ့သည်။ “ ဒီထိပ်သီးအစည်းအဝေးမှာ ကျွန်တော်တို့ဟာ ယူကရိန်းနိုင်ငံကို အောင်နိုင်ရေးအတွက် ရည် ရွယ်ပြီး တတ်နိုင်သမျှ ကူညီနေပါတယ်” ဟု နေတိုး အဖွဲ့အတွင်းရေးမှူးချုပ် Jens Stoltenberg
က ဝါ ရှင်တန်တွင် သုံးရက်ကြာ နေတိုး(၃၂)နိုင်ငံ၏တွေ့ ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ကြာသပတေးနေ့ ထိပ်သီးစည်းဝေးပွဲ ပြီးဆုံးခါနီးတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် သည် ယူက ရိန်းသမ္မတ ဗလာဒီမာဇီလန်စကီးကို သမ္မတပူတင် ဟု မှားယွင်းစွာ ရည်ညွှန်း ပြောဆိုခဲ့ သည်။ သိပ်မကြာခင်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်လည်း ဘိုင်ဒန်က ဒုတိယ သမ္မတ Kamala Harris
ကို “ ဒုတိ ယသမ္မတ Trump” ဟု ရည်ညွှန်းပြီး နောက်ပြောင် ပြောဆိုခဲ့ဖူးသည်။ ဇီလန်စကီးသည် အစောပိုင်းတွင် မဟာမိတ်များအား ယူကရိန်းကို တညီတညွတ်တည်း ပံ့ပိုးကူညီမှုများကို ဆက်လက် ထိန်းသိမ်းထားပေးရန် နှင့် အကူအညီအသစ်များကို လျင်မြန်စွာ ပေးအပ်ရန် တောင်းဆိုခဲ့သည်။
ဇီလန်စကီး၏ အစိုးရအဖွဲ့အကြီးအကဲ Andryi Yermak က ရုရှားသည် ၎င်း၏လက်နက် အသုံးပြုမှု အပေါ် ကန့်သတ်ချက်များမရှိကြောင်းနှင့် ယူကရိန်း ၏ မဟာမိတ်များသည်လည်း ယူကရိန်း ကို ၎င်းတို့ ထောက်ပံ့သောပစ္စည်းများ အသုံးပြုမှုအပေါ် ကန့်သတ်ချက်အားလုံးကို ရုပ်သိမ်းနိုင်ပါက တိုက်ပွဲများ တွင် ပိုမိုအားမျှခြေဖြစ်လာနိုင်ကြောင်း လူထုဖိုရမ် တွင် ပြောကြားခဲ့သည်။
နေတိုးအဖွဲ့ဝင်များသည် ယူကရိန်းက ၎င်းတို့ လှူဒါန်းသည့် လက်နက်များကို မည်သို့အသုံးပြုရ မည်ကို ကွဲပြားစွာသတ်မှတ်ခဲ့ကြသည်။ အချို့က ယူကရိန်းရှိ ရုရှားစစ်တပ်ကို ထောက်ပံ့သည့် ပစ်မှတ် များကို ရုရှားနယ်စပ်အတွင်း၌သာ အသုံးပြုခွင့်ပေးကာ အမေရိကန်သည် ပိုမိုကျဉ်းမြောင်းသော ချဉ်း ကပ်မှုကို လုပ်ဆောင်နေချိန်တွင် ကိယက်ဗ်သည် ယင်းလက်နက်များကို ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ် များကို တိုက်ခိုက်ရန် အသုံးပြုနိုင်ဖို့ တောင်းဆိုလာခြင်း ဖြစ်သည်။

Zawgyi Version;
ေနတိုး ေထာက္ပံ့ထားေသာ လက္နက္မ်ားအသုံးျပဳမႈႏွင့္ပတ္သက္၍ ကန႔္သတ္ခ်က္မ်ားကို ေျဖေလွ်ာ့ေပးရန္ ယူကရိန္း ေတာင္းဆို
ALynn (NP News) - ဇူလိုင္ ၁၅

႐ုရွားႏိုင္ငံရွိပစ္မွတ္မ်ားအေပၚ တာေဝးပစ္ လက္နက္မ်ားအသုံးျပဳမႈ ကန႔္သတ္ခ်က္မ်ား ႐ုပ္ သိမ္းေပးရန္ ေနတိုးမဟာမိတ္မ်ားကို ၾကာသပေတးေန႔ (ဇူလိုင္လ ၁၁ ရက္)တြင္ ယူကရိန္း က တိုက္တြန္းခဲ့ၿပီး ယင္းအျပဳအမူသည္ ေမာ္စကိုႏွင့္စစ္ပြဲတြင္ အေျပာင္းအလဲတစ္ခုျဖစ္လာမည္ဟု ေဖာ္ျပခဲ့သည္။ တ႐ုတ္ကမူ ႐ုရွားအေပၚ ၎ကဘက္လိုက္၍ ေထာက္ခံေနသည္ဟူေသာ ေနတိုး၏ စြပ္စြဲခ်က္ကို ရႈတ္ခ်ခဲ့သည္။
ေနတိုးအဖြဲ႕ဝင္မ်ားသည္ ဗုဒၶဟူးေန႔ (ဇူလိုင္လ ၁၀ ရက္)တြင္ ဝါရွင္တန္၌ျပဳလုပ္ေသာ ထိပ္သီး အစည္းအေဝးတြင္ ယူကရိန္းကို ေထာက္ခံေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ၿပီး ေနာက္ထပ္ အကူအညီ မ်ားကို ကတိျပဳကာ ေနတိုးအဖြဲ႕ဝင္အျဖစ္သို႔ ေရာက္ရွိႏိုင္မည့္လမ္းေၾကာင္းကို ပံ့ပိုးေပးမည္ဟု ကတိ ျပဳခဲ့သည္။ “ ဒီထိပ္သီးအစည္းအေဝးမွာ ကြၽန္ေတာ္တို႔ဟာ ယူကရိန္းႏိုင္ငံကို ေအာင္ႏိုင္ေရးအတြက္ ရည္ ႐ြယ္ၿပီး တတ္ႏိုင္သမွ် ကူညီေနပါတယ္” ဟု ေနတိုး အဖြဲ႕အတြင္းေရးမႉးခ်ဳပ္ Jens Stoltenberg
က ဝါ ရွင္တန္တြင္ သုံးရက္ၾကာ ေနတိုး(၃၂)ႏိုင္ငံ၏ေတြ႕ ဆုံမႈအၿပီး သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။ ၾကာသပေတးေန႔ ထိပ္သီးစည္းေဝးပြဲ ၿပီးဆုံးခါနီးတြင္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ သည္ ယူက ရိန္းသမၼတ ဗလာဒီမာဇီလန္စကီးကို သမၼတပူတင္ ဟု မွားယြင္းစြာ ရည္ၫႊန္း ေျပာဆိုခဲ့ သည္။ သိပ္မၾကာခင္က သတင္းစာရွင္းလင္းပြဲတစ္ခုတြင္လည္း ဘိုင္ဒန္က ဒုတိယ သမၼတ Kamala Harris
ကို “ ဒုတိ ယသမၼတ Trump” ဟု ရည္ၫႊန္းၿပီး ေနာက္ေျပာင္ ေျပာဆိုခဲ့ဖူးသည္။ ဇီလန္စကီးသည္ အေစာပိုင္းတြင္ မဟာမိတ္မ်ားအား ယူကရိန္းကို တညီတၫြတ္တည္း ပံ့ပိုးကူညီမႈမ်ားကို ဆက္လက္ ထိန္းသိမ္းထားေပးရန္ ႏွင့္ အကူအညီအသစ္မ်ားကို လ်င္ျမန္စြာ ေပးအပ္ရန္ ေတာင္းဆိုခဲ့သည္။
ဇီလန္စကီး၏ အစိုးရအဖြဲ႕အႀကီးအကဲ Andryi Yermak က ႐ုရွားသည္ ၎၏လက္နက္ အသုံးျပဳမႈ အေပၚ ကန႔္သတ္ခ်က္မ်ားမရွိေၾကာင္းႏွင့္ ယူကရိန္း ၏ မဟာမိတ္မ်ားသည္လည္း ယူကရိန္း ကို ၎တို႔ ေထာက္ပံ့ေသာပစၥည္းမ်ား အသုံးျပဳမႈအေပၚ ကန႔္သတ္ခ်က္အားလုံးကို ႐ုပ္သိမ္းႏိုင္ပါက တိုက္ပြဲမ်ား တြင္ ပိုမိုအားမွ်ေျချဖစ္လာႏိုင္ေၾကာင္း လူထုဖိုရမ္ တြင္ ေျပာၾကားခဲ့သည္။
ေနတိုးအဖြဲ႕ဝင္မ်ားသည္ ယူကရိန္းက ၎တို႔ လႉဒါန္းသည့္ လက္နက္မ်ားကို မည္သို႔အသုံးျပဳရ မည္ကို ကြဲျပားစြာသတ္မွတ္ခဲ့ၾကသည္။ အခ်ိဳ႕က ယူကရိန္းရွိ ႐ုရွားစစ္တပ္ကို ေထာက္ပံ့သည့္ ပစ္မွတ္ မ်ားကို ႐ုရွားနယ္စပ္အတြင္း၌သာ အသုံးျပဳခြင့္ေပးကာ အေမရိကန္သည္ ပိုမိုက်ဥ္းေျမာင္းေသာ ခ်ဥ္း ကပ္မႈကို လုပ္ေဆာင္ေနခ်ိန္တြင္ ကိယက္ဗ္သည္ ယင္းလက္နက္မ်ားကို ႐ုရွားႏိုင္ငံအတြင္းရွိ ပစ္မွတ္ မ်ားကို တိုက္ခိုက္ရန္ အသုံးျပဳႏိုင္ဖို႔ ေတာင္းဆိုလာျခင္း ျဖစ္သည္။

Related news

© 2021. All rights reserved.