သထုံမြို့နယ်တွင် ဆိုင်ကယ်(၂)စီးတိုက်မိသဖြင့် ဖြေရှင်းနေသော နယ်ထိန်းရဲနှင့်လူတစ်စုအား ကားတစ်စီးမှ ဝင်ရောက်မိသောကြောင့် တစ်ဦးပွဲချင်းပြီး သေဆုံး

 31459

သန့်ဇင် (NP News) - ဇူလိုင်လ ၁၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဆိုင်ကယ်(၂)စီးတိုက်မိသဖြင့် ဖြေရှင်းနေသော နယ်ထိန်းရဲနှင့်လူတစ်စုအား ကားတစ်စီးမှဝင်ရောက်မိသောကြောင့် တစ်ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်အားသိရှိသည့်ဒေသခံတစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၁၅ ရက်)၊ ည ၇ နာရီအချိန်ခန့်က သထုံမြို့နယ်၊ နောင်ဘိုကျေးရွာ၊ စံနန်းတည်းခိုခန်းရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်တာက အရင်ဆုံး ဆိုင်ကယ်(၂)စီးတိုက်မိတာကို နယ်ထိန်းရဲက ဝင်ပြီးဖြေရှင်းနေတာကို ညမိုးချုပ်နေတော့ကားက မတွေ့ လိုက်ဘူး ထင်တယ်။ အဲဒါနဲ့ လူအုပ်ကြီးကိုမတွေ့တော့ ဝင်တိုက်မိတာ။ နယ်ထိန်းအပါအဝင်ဆို လူ(၆)ယောက်လောက်ရှိတယ်” ဟု ဖြစ်စဉ်အား သိရှိသည့်ဒေသခံတစ်ဦးက NP News ကို ပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်(၃၁)နှစ်အရွယ် အမျိုသားတစ်ဦးတွင် ခြေထောက်ကျိုးဒဏ်ရာ၊ လက်ကျိုးဒဏ်ရာများအပြင် ဦးခေါင်းကွဲဒဏ်ရာတို့ရရှိကာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

“သေဆုံးတာက အမျိုးသားတစ်ယောက်ပါ။ ခြေထောက်ကျိုး၊ လက်ကျိုးနဲ့ခေါင်းကွဲဒဏ်ရာတွေရပြီး ဆုံးသွားတယ်။ ကျန်တာက ထိခိုက်ဒဏ်ရာပွန်းပဲ့လောက်က ၃ ယောက် လောက်ရှိတယ်။ ကားကတော့တိုက်ပြီး မောင်းပြေးသွားတာ။ တိုက်တဲ့ကားက အိမ်စီးကား အမဲလေးလို့ ပြောကြတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့ကို ပီတိနှလုံးသားလူမှုကယ်ဆယ်ရေးအသင်းက သထုံမြို့နယ်၊ သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
သထုံၿမိဳ႕နယ္တြင္ ဆိုင္ကယ္(၂)စီးတိုက္မိသျဖင့္ ေျဖရွင္းေနေသာ နယ္ထိန္းရဲႏွင့္လူတစ္စုအား ကားတစ္စီးမွ ဝင္ေရာက္မိေသာေၾကာင့္ တစ္ဦးပြဲခ်င္းၿပီး ေသဆုံး
သန႔္ဇင္ (NP News) - ဇူလိုင္လ ၁၅

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္တြင္ ဆိုင္ကယ္(၂)စီးတိုက္မိသျဖင့္ ေျဖရွင္းေနေသာ နယ္ထိန္းရဲႏွင့္လူတစ္စုအား ကားတစ္စီးမွဝင္ေရာက္မိေသာေၾကာင့္ တစ္ဦးပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း ျဖစ္စဥ္အားသိရွိသည့္ေဒသခံတစ္ဦးထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဇူလိုင္လ ၁၅ ရက္)၊ ည ၇ နာရီအခ်ိန္ခန႔္က သထုံၿမိဳ႕နယ္၊ ေနာင္ဘိုေက်း႐ြာ၊ စံနန္းတည္းခိုခန္းေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ျဖစ္တာက အရင္ဆုံး ဆိုင္ကယ္(၂)စီးတိုက္မိတာကို နယ္ထိန္းရဲက ဝင္ၿပီးေျဖရွင္းေနတာကို ညမိုးခ်ဳပ္ေနေတာ့ကားက မေတြ႕ လိုက္ဘူး ထင္တယ္။ အဲဒါနဲ႔ လူအုပ္ႀကီးကိုမေတြ႕ေတာ့ ဝင္တိုက္မိတာ။ နယ္ထိန္းအပါအဝင္ဆို လူ(၆)ေယာက္ေလာက္ရွိတယ္” ဟု ျဖစ္စဥ္အား သိရွိသည့္ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ အသက္(၃၁)ႏွစ္အ႐ြယ္ အမ်ိဳသားတစ္ဦးတြင္ ေျခေထာက္က်ိဳးဒဏ္ရာ၊ လက္က်ိဳးဒဏ္ရာမ်ားအျပင္ ဦးေခါင္းကြဲဒဏ္ရာတို႔ရရွိကာ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“ေသဆုံးတာက အမ်ိဳးသားတစ္ေယာက္ပါ။ ေျခေထာက္က်ိဳး၊ လက္က်ိဳးနဲ႔ေခါင္းကြဲဒဏ္ရာေတြရၿပီး ဆုံးသြားတယ္။ က်န္တာက ထိခိုက္ဒဏ္ရာပြန္းပဲ့ေလာက္က ၃ ေယာက္ ေလာက္ရွိတယ္။ ကားကေတာ့တိုက္ၿပီး ေမာင္းေျပးသြားတာ။ တိုက္တဲ့ကားက အိမ္စီးကား အမဲေလးလို႔ ေျပာၾကတယ္” ဟု ၎ကဆက္လက္ေျပာသည္။

ေသဆုံးသူအမ်ိဳးသားႏွင့္ ထိခိုက္ဒဏ္ရာရရွိသူတို႔ကို ပီတိႏွလုံးသားလူမႈကယ္ဆယ္ေရးအသင္းက သထုံၿမိဳ႕နယ္၊ သိမ္ဆိပ္တိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Picture

oosoe myint

16/07/2024 06:46

နယ်ထိန်းကျမှ ဖြစ်မှဖြစ်ရာ​လေ။သတိဆိုတာ ပိုသည် မရှိ။နယ်ထိန်းက လမ်းကို အရင်ရှင်းဖို့ အသင့်ဖြစ်ရမယ်​လေ။

Related news

© 2021. All rights reserved.