ပြည်တွင်းအခွန်များဦးစီးဌာနတွင် လစ်လပ်နေသော ဒုဦးစီးမှူးရာထူး (၂၀၀)ကျော် ခန့်အပ်သွားမည်

 3750

စော (NP News) - ဇူလိုင် ၁၅

ပြည်တွင်းအခွန်များဦးစီးဌာနတွင် လစ်လပ်နေသော ဒုဦးစီးမှူးရာထူး (၂၀၀)ကျော် ခန့်အပ်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာထားခြင်းဖြစ်သည်။

အဆိုပါ ပြည်တွင်းအခွန်များဦးစီးဌာနတွင် လစ်လပ်နေသော ဒုဦးစီးမှူးရာထူး (၂၅၀)နေရာအတွက် လျှောက်လွှာ များကို ဇူလိုင်လ ၂၇ ရက်အထိ နောက်ဆုံးထား၍ ခေါ်ယူနေကြောင်း သိရသည်။

လျှောက်ထားသူများသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိရမည်ဖြစ်ပြီး အသက် (၂၇)နှစ်ထက် မကျော်လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာပုံစံကို ပြည်တွင်းအခွန်များဦးစီးဌာန၏ website www.ird.gov.mm တွင် Download ရယူကာ နေပြည်တော်(ရုံးချုပ်)၊ ရုံးအမှတ် (၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့် ဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ အမြန်ချောပို့စနစ်ဖြင့်ဖြစ်စေ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်ထားသူများအနေဖြင့် ရေးဖြေစာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတဘာသာရပ်များ ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုရမည့် နေ့ရက် နှင့် နေရာကို ထပ်မံ ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်

အဆိုပါစာမေးပွဲအောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ျပည္တြင္းအခြန္မ်ားဦးစီးဌာနတြင္ လစ္လပ္ေနေသာ ဒုဦးစီးမႉးရာထူး (၂၀၀)ေက်ာ္ ခန႔္အပ္သြားမည္
ေစာ (NP News) - ဇူလိုင္ ၁၅

ျပည္တြင္းအခြန္မ်ားဦးစီးဌာနတြင္ လစ္လပ္ေနေသာ ဒုဦးစီးမႉးရာထူး (၂၀၀)ေက်ာ္ ခန႔္အပ္သြားမည္ျဖစ္ေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနက ေၾကညာထားျခင္းျဖစ္သည္။

အဆိုပါ ျပည္တြင္းအခြန္မ်ားဦးစီးဌာနတြင္ လစ္လပ္ေနေသာ ဒုဦးစီးမႉးရာထူး (၂၅၀)ေနရာအတြက္ ေလွ်ာက္လႊာ မ်ားကို ဇူလိုင္လ ၂၇ ရက္အထိ ေနာက္ဆုံးထား၍ ေခၚယူေနေၾကာင္း သိရသည္။

ေလွ်ာက္ထားသူမ်ားသည္ တကၠသိုလ္တစ္ခုခုမွ ဘြဲ႕ရရွိရမည္ျဖစ္ၿပီး အသက္ (၂၇)ႏွစ္ထက္ မေက်ာ္လြန္သူ၊ ႏိုင္ငံ့ဝန္ထမ္းျဖစ္ပါက အသက္ (၃၀)ႏွစ္ထက္ မေက်ာ္လြန္သူျဖစ္ရမည္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္လႊာပုံစံကို ျပည္တြင္းအခြန္မ်ားဦးစီးဌာန၏ website www.ird.gov.mm တြင္ Download ရယူကာ ေနျပည္ေတာ္(႐ုံးခ်ဳပ္)၊ ႐ုံးအမွတ္ (၄၆)၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာနသို႔ လူကိုယ္တိုင္ျဖစ္ေစ၊ ကိုယ္စားလွယ္ျဖင့္ ျဖစ္ေစ၊ စာတိုက္မွျဖစ္ေစ၊ အျမန္ေခ်ာပို႔စနစ္ျဖင့္ျဖစ္ေစ ေပးပို႔ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

ေလွ်ာက္ထားသူမ်ားအေနျဖင့္ ေရးေျဖစာေမးပြဲေျဖဆိုရမည္ျဖစ္ၿပီး စာေမးပြဲတြင္ ျမန္မာစာ၊ အဂၤလိပ္စာႏွင့္ အေထြေထြဗဟုသုတဘာသာရပ္မ်ား ေျဖဆိုရမည္ျဖစ္ၿပီး စာေမးပြဲေျဖဆိုရမည့္ ေန႔ရက္ ႏွင့္ ေနရာကို ထပ္မံ ေၾကညာေပးသြားမည္ျဖစ္ေၾကာင္း သိရသည္

အဆိုပါစာေမးပြဲေအာင္ျမင္သူမ်ားကိုသာ လူေတြ႕စစ္ေဆးျခင္းႏွင့္ ကြန္ပ်ဴတာကြၽမ္းက်င္မႈစစ္ေဆးျခင္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.