မလေးရှားနိုင်ငံတွင် ကုန်တိုက်များစွာ တည်ဆောက်နေသော်လည်း ဝယ်လိုအား ကျဆင်းနေ

 1123

ALynn (NP News) - ဇူလိုင် ၁၅

လူဦးရေ ၃၃ သန်းနေထိုင်ရာ မလေးရှားနိုင်ငံတွင် စင်တာများ၊ ဈေးဆိုင်တန်းများ နှင့် ကုန်တိုက်ကြီးများ အပါအဝင် ၂၀၂၃ နှစ်ကုန်တွင် စျေးဝယ်စင်တာပေါင်း ၁,၀၀၀ ကျော်ရှိခဲ့သည်ဟု အစိုးရအချက်အလက်များအရ သိရသည်။ Malaysia Shopping Malls Association မှ ရေတွက်ထားသော ၂၀၂၂ ခုနှစ်စာရင်းအရ ကုန်တိုက်များနှင့် လက်လီ အရောင်းစင်တာများ၏ ၄၀ ရာခိုင်နှုန်းနီးပါး (စုစုပေါင်း ၇၂၇ ခု) သည် ကွာလာလမ်ပူဧရိယာတစ်ခုတည်းတွင်သာ တည်ရှိနေကြောင်း သိရသည်။

အရှေ့တောင်အာရှနိုင်ငံများ၏ ကုန်တိုက်အများစုသည် ကျယ်ပြန့်သောနေရာထိုင်ခင်းများကို နှစ်သက်ကြသော် လည်း လူကြိုက်နည်းသော ကုန်တိုက်များ၏ အခန်းငှားခများမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဈေးနှုန်း မတည်မငြိမ်ဖြစ်နေသလို လက်လီဆိုင်များအကြား ယှဉ်ပြိုင်မှုများမှာလည်း ပြင်းထန်နေသည်။
National Property Information Center (NAPIC) ၏ အစီရင်ခံစာအရ မလေးရှားနိုင်ငံ၏ လက်လီရောင်းချသည့် နေရာသည် ၂၀၁၉ ခုနှစ်တွင် စတုရန်းမီတာ ၁၆ ဒသမ ၅၁ သန်းရှိရာမှ ၂၀၂၃ ခုနှစ်တွင် စတုရန်းမီတာ ၁၇ ဒသမ ၆၉ သန်းအထိ တိုးတက်လာခဲ့သည်။ ဤသို့တိုးချဲ့ခဲ့သော်လည်း လက်လီရောင်းချသည့်ဆိုင်များအတွက် နေရာချ ထားမှုနှုန်းသည် မနှစ်က ကပ်ရောဂါမတိုင်မီကထက် ၇၇ ဒသမ ၄ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ မတိုင်မီကပင် ရောင်းချမှုနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ၈၁ ဒသမ ၄ ရာခိုင်နှုန်းမှ ၂၀၁၉ ခုနှစ်တွင် ၇၉ ဒသမ ၂ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၂၂ ခုနှစ်တွင် ၇၅ ဒသမ ၄ ရာခိုင်နှုန်းသို့လည်းကောင်း ကျဆင်းခဲ့ရာ အနှစ် ၂၀ နီးပါးအတွင်း အနိမ့်ဆုံးဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ မလေးရှားနိုင်ငံ၏ နောက်ဆုံးပေါ် ကုန်တိုက်အချို့သည် ဝယ်လိုအားလျော့နည်းသော်လည်း ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားတော့ မရှိခဲ့ပါ။

Zawgyi Version;
မေလးရွားႏိုင္ငံတြင္ ကုန္တိုက္မ်ားစြာ တည္ေဆာက္ေနေသာ္လည္း ဝယ္လိုအား က်ဆင္းေန
ALynn (NP News) - ဇူလိုင္ ၁၅

လူဦးေရ ၃၃ သန္းေနထိုင္ရာ မေလးရွားႏိုင္ငံတြင္ စင္တာမ်ား၊ ေဈးဆိုင္တန္းမ်ား ႏွင့္ ကုန္တိုက္ႀကီးမ်ား အပါအဝင္ ၂၀၂၃ ႏွစ္ကုန္တြင္ ေစ်းဝယ္စင္တာေပါင္း ၁,၀၀၀ ေက်ာ္ရွိခဲ့သည္ဟု အစိုးရအခ်က္အလက္မ်ားအရ သိရသည္။ Malaysia Shopping Malls Association မွ ေရတြက္ထားေသာ ၂၀၂၂ ခုႏွစ္စာရင္းအရ ကုန္တိုက္မ်ားႏွင့္ လက္လီ အေရာင္းစင္တာမ်ား၏ ၄၀ ရာခိုင္ႏႈန္းနီးပါး (စုစုေပါင္း ၇၂၇ ခု) သည္ ကြာလာလမ္ပူဧရိယာတစ္ခုတည္းတြင္သာ တည္ရွိေနေၾကာင္း သိရသည္။

အေရွ႕ေတာင္အာရွႏိုင္ငံမ်ား၏ ကုန္တိုက္အမ်ားစုသည္ က်ယ္ျပန႔္ေသာေနရာထိုင္ခင္းမ်ားကို ႏွစ္သက္ၾကေသာ္ လည္း လူႀကိဳက္နည္းေသာ ကုန္တိုက္မ်ား၏ အခန္းငွားခမ်ားမွာ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ေဈးႏႈန္း မတည္မၿငိမ္ျဖစ္ေနသလို လက္လီဆိုင္မ်ားအၾကား ယွဥ္ၿပိဳင္မႈမ်ားမွာလည္း ျပင္းထန္ေနသည္။
National Property Information Center (NAPIC) ၏ အစီရင္ခံစာအရ မေလးရွားႏိုင္ငံ၏ လက္လီေရာင္းခ်သည့္ ေနရာသည္ ၂၀၁၉ ခုႏွစ္တြင္ စတုရန္းမီတာ ၁၆ ဒသမ ၅၁ သန္းရွိရာမွ ၂၀၂၃ ခုႏွစ္တြင္ စတုရန္းမီတာ ၁၇ ဒသမ ၆၉ သန္းအထိ တိုးတက္လာခဲ့သည္။ ဤသို႔တိုးခ်ဲ႕ခဲ့ေသာ္လည္း လက္လီေရာင္းခ်သည့္ဆိုင္မ်ားအတြက္ ေနရာခ် ထားမႈႏႈန္းသည္ မႏွစ္က ကပ္ေရာဂါမတိုင္မီကထက္ ၇၇ ဒသမ ၄ ရာခိုင္ႏႈန္း ေလ်ာ့နည္းခဲ့ေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

ကိုဗစ္-၁၉ မတိုင္မီကပင္ ေရာင္းခ်မႈႏႈန္းသည္ ၂၀၁၆ ခုႏွစ္တြင္ ၈၁ ဒသမ ၄ ရာခိုင္ႏႈန္းမွ ၂၀၁၉ ခုႏွစ္တြင္ ၇၉ ဒသမ ၂ ရာခိုင္ႏႈန္းသို႔လည္းေကာင္း၊ ၂၀၂၂ ခုႏွစ္တြင္ ၇၅ ဒသမ ၄ ရာခိုင္ႏႈန္းသို႔လည္းေကာင္း က်ဆင္းခဲ့ရာ အႏွစ္ ၂၀ နီးပါးအတြင္း အနိမ့္ဆုံးျဖစ္ေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။ မေလးရွားႏိုင္ငံ၏ ေနာက္ဆုံးေပၚ ကုန္တိုက္အခ်ိဳ႕သည္ ဝယ္လိုအားေလ်ာ့နည္းေသာ္လည္း ပ်က္စီးဆုံးရႈံးမႈ ႀကီးႀကီးမားမားေတာ့ မရွိခဲ့ပါ။

Related news

© 2021. All rights reserved.