မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ သံတွဲမြို့ခံအချို့ မေးခွန်းထုတ်

 5408

သုတကျော်(NP News) - ဇူလိုင် ၁၆

အနာဂတ်တွင်ပါ ချွတ်ခြုံကျမည့်ဘေးကို ဒေသခံများ ရင်ဆိုင်ရမည်ဖြစ်သောကြောင့် AA ဖော် ဆောင်နေသော မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ သံတွဲမြို့ခံအချို့က NP News မှ တစ်ဆင့် မေးခွန်းထုတ်ပြောကြားသည်။

AA အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ စတင်ဖော်ဆောင်ခဲ့ပြီးနောက် သံတွဲမြို့ နယ်တွင် တိုက်ပွဲများနှင့်အတူ အဆိုပါမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် AA က ကြိုးပမ်းနေခြင်း ဖြစ်ကာ မြို့ခံအများစုအပြင် မြို့နယ်တွင်း ကျေးရွာပြည်သူများလည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည်။

ယခင်က စီးပွားရေးကောင်းမွန်ခဲ့သော သံတွဲမြို့၏ အခြေအနေသည် နာလန်ထူနိုင်ဖွယ်မရှိဘဲ လျှပ်စစ်မီး မရသောကြောင့် အသေးစား၊ အလတ်စားလုပ်ငန်းများ ရပ်ဆိုင်းကာ မြို့၏စီးပွားရေး လုပ်ငန်းများ ထိခိုက်လာမည်ဖြစ်ပြီး ကျန်းမာရေးအတွက်လည်း အခက်အခဲများ ကြုံလာမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ တစ်ချိန်က ချင်း၊ ကရင်၊ ကချင်ဆို အမှောင် နယ်မြေအဖြစ် မသွားချင်သလို သံတွဲလို့ပြော တာနဲ့ “ဟွန့်”ခနဲဖြစ်သွားလိမ့်မယ်။ လမ်းပန်းဆက်သွယ်ရေးက အခုကရင်တွေဘက်က လမ်းကြော တွေလို ဘယ်သူ့ကို အဖေခေါ်ရမှန်း မသိတွေ့လာလိမ့်မယ်။ အဲဒီတော့ ဘယ်သူနာသလဲ။ မြို့ခံပြည်သူ တွေ နာတယ်။ ဘယ်သူက ဒါကို တာဝန်ယူမလဲ၊ ခေါင်းခံမလဲ မေးကြည့်ရင် ဘယ်သူမှလည်း တာဝန် မယူဘူး။ မြို့ပြန်လည် ထူထောင်ရေးအတွက် ဘယ်လိုတွေ လှူမယ်၊ ဘယ်လိုတွေ ပေးဆပ်မယ် ပြောနေရင်လည်း ကြည့်ကျက်သာယုံ။ ဘယ်သူမှ ကာလရှည်ကြာ မလှူနိုင်၊ မပေးဆပ်နိုင်သလို အားလုံးဝိုင်းလှူပြီး နှစ် ၂၀ ပေးတောင် မြို့က မူလကို ပြန်မရောက်ဘူး။ ဘာလို့လဲဆိုတော့ လှူတဲ့ငွေက စစ်ဘေးရှောင်တွေ၊ ဒုက္ခသည်တွေကို ပေးရင်း၊ ကျွေးရင်းပဲ လုံးချာလည်သွား လိမ့်မယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် သံတွဲမြို့မှ စစ်ဘေးရှောင်လိုသူများအနေဖြင့် ရန်ကုန်သို့ တိမ်းရှောင်လိုပါက မြို့မှ မိုင် ၂၀ ခန့်အကွာတွင်ရှိသော ကျောက်ကြီးရွာအထိ သွားရောက်နေရကာ မြို့ခံများအနေဖြင့် လက်နက်ကြီး သံများကိုကြားနေရပြီး ဆက်သွယ်ရေးများလည်း ပြတ်တောက်လာသည့် အခြေအနေ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ ညဘက် လေယာဉ်တွေကလည်း လာပစ်တယ်ဆိုတော့ ပင်လယ်နားဘက်က ရွာတွေက ဘယ်သူမှ မထွက်ရဲတော့ဘူး။ နောက်တစ်ခုက ဘာတွေပေါ် လာသလဲဆိုတော့ သူခိုးလက်ခံဝယ်တဲ့သူ ပေါ်လာသလို အိမ်တွေကို ပေါ်တင်ဖောက်ထွင်းယူတဲ့အဖွဲ့ တွေ များလာတယ်။ လူတွေက ရန်ကုန်ပြေး ကြတယ် ဆိုတော့ အဲဒီအိမ်တွေမှာ ဆန်ကျန်ရင် တက်ယူတယ်။ ပစ္စည်းတွေကို ရောင်းတယ်ပေါ့” ဟု ၎င်းက ဆိုသည်။

ထိုသို့ ခိုးယူသည့် ဖြစ်စဉ်များမှာ ဂျိတ္တောကျေးရွာ၊ မြပြင်ကျေးရွာ၊ လင်းသာကျေးရွာဘက်တွင် လည်း ဖြစ်ပွားနေကြောင်း ၎င်းက ဆိုသည်။ “ အမှန်အတိုင်း ပြောရရင် သူတို့တွေက မြို့သိမ်းတယ်ဆို တာမျိုး ကျန်တဲ့သူတွေ (အွန်လိုင်းမှာ) တင်တယ်လေ။ ဟိုက နေကြည့်ပြီး ပြန်မဲလာတယ်လေ။ မြို့သိမ်း ပါတယ်လို့ ပြောတဲ့အထဲမှာ တစ်ခုက အနီးစပ်ဆုံး ပြောကြမယ်ဆို ရမ်းဗြဲ အုတ်ပုံ ဖြစ်ကျန်ခဲ့တာပဲ။ သိမ်းနိုင်တဲ့သူက ဒီအဆောက် အအုံတွေအတွက် ငွေထုတ်နိုင်တဲ့ အင်အားရှိလား” ဟု ၎င်းက မေးခွန်းထုတ်ပြောကြားသည်။

zawgyi version
ၿမိဳ႕သိမ္းတိုက္ပြဲႏွင့္ပတ္သက္၍ သံတြဲၿမိဳ႕ခံအခ်ိဳ႕ ေမးခြန္းထုတ္
သုတေက်ာ္(NP News) - ဇူလိုင္ ၁၆

အနာဂတ္တြင္ပါ ခြၽတ္ၿခဳံက်မည့္ေဘးကို ေဒသခံမ်ား ရင္ဆိုင္ရမည္ျဖစ္ေသာေၾကာင့္ AA ေဖာ္ ေဆာင္ေနေသာ ၿမိဳ႕သိမ္းတိုက္ပြဲႏွင့္ပတ္သက္၍ သံတြဲၿမိဳ႕ခံအခ်ိဳ႕က NP News မွ တစ္ဆင့္ ေမးခြန္းထုတ္ေျပာၾကားသည္။

AA အဖြဲ႕က ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ တိုက္ပြဲမ်ား စတင္ေဖာ္ေဆာင္ခဲ့ၿပီးေနာက္ သံတြဲၿမိဳ႕ နယ္တြင္ တိုက္ပြဲမ်ားႏွင့္အတူ အဆိုပါၿမိဳ႕ကို သိမ္းပိုက္ႏိုင္ေရးအတြက္ AA က ႀကိဳးပမ္းေနျခင္း ျဖစ္ကာ ၿမိဳ႕ခံအမ်ားစုအျပင္ ၿမိဳ႕နယ္တြင္း ေက်း႐ြာျပည္သူမ်ားလည္း ေနရပ္စြန႔္ခြာ တိမ္းေရွာင္ေနၾကရသည္။

ယခင္က စီးပြားေရးေကာင္းမြန္ခဲ့ေသာ သံတြဲၿမိဳ႕၏ အေျခအေနသည္ နာလန္ထူႏိုင္ဖြယ္မရွိဘဲ လွ်ပ္စစ္မီး မရေသာေၾကာင့္ အေသးစား၊ အလတ္စားလုပ္ငန္းမ်ား ရပ္ဆိုင္းကာ ၿမိဳ႕၏စီးပြားေရး လုပ္ငန္းမ်ား ထိခိုက္လာမည္ျဖစ္ၿပီး က်န္းမာေရးအတြက္လည္း အခက္အခဲမ်ား ႀကဳံလာမည္ ျဖစ္ေၾကာင္း ၎ကဆိုသည္။

“ တစ္ခ်ိန္က ခ်င္း၊ ကရင္၊ ကခ်င္ဆို အေမွာင္ နယ္ေျမအျဖစ္ မသြားခ်င္သလို သံတြဲလို႔ေျပာ တာနဲ႔ “ဟြန႔္”ခနဲျဖစ္သြားလိမ့္မယ္။ လမ္းပန္းဆက္သြယ္ေရးက အခုကရင္ေတြဘက္က လမ္းေၾကာ ေတြလို ဘယ္သူ႔ကို အေဖေခၚရမွန္း မသိေတြ႕လာလိမ့္မယ္။ အဲဒီေတာ့ ဘယ္သူနာသလဲ။ ၿမိဳ႕ခံျပည္သူ ေတြ နာတယ္။ ဘယ္သူက ဒါကို တာဝန္ယူမလဲ၊ ေခါင္းခံမလဲ ေမးၾကည့္ရင္ ဘယ္သူမွလည္း တာဝန္ မယူဘူး။ ၿမိဳ႕ျပန္လည္ ထူေထာင္ေရးအတြက္ ဘယ္လိုေတြ လႉမယ္၊ ဘယ္လိုေတြ ေပးဆပ္မယ္ ေျပာေနရင္လည္း ၾကည့္က်က္သာယုံ။ ဘယ္သူမွ ကာလရွည္ၾကာ မလႉႏိုင္၊ မေပးဆပ္ႏိုင္သလို အားလုံးဝိုင္းလႉၿပီး ႏွစ္ ၂၀ ေပးေတာင္ ၿမိဳ႕က မူလကို ျပန္မေရာက္ဘူး။ ဘာလို႔လဲဆိုေတာ့ လႉတဲ့ေငြက စစ္ေဘးေရွာင္ေတြ၊ ဒုကၡသည္ေတြကို ေပးရင္း၊ ေကြၽးရင္းပဲ လုံးခ်ာလည္သြား လိမ့္မယ္” ဟု ၎က ဆိုသည္။

လက္ရွိတြင္ သံတြဲၿမိဳ႕မွ စစ္ေဘးေရွာင္လိုသူမ်ားအေနျဖင့္ ရန္ကုန္သို႔ တိမ္းေရွာင္လိုပါက ၿမိဳ႕မွ မိုင္ ၂၀ ခန႔္အကြာတြင္ရွိေသာ ေက်ာက္ႀကီး႐ြာအထိ သြားေရာက္ေနရကာ ၿမိဳ႕ခံမ်ားအေနျဖင့္ လက္နက္ႀကီး သံမ်ားကိုၾကားေနရၿပီး ဆက္သြယ္ေရးမ်ားလည္း ျပတ္ေတာက္လာသည့္ အေျခအေန ျဖစ္ေၾကာင္း ၎က ဆိုသည္။

“ ညဘက္ ေလယာဥ္ေတြကလည္း လာပစ္တယ္ဆိုေတာ့ ပင္လယ္နားဘက္က ႐ြာေတြက ဘယ္သူမွ မထြက္ရဲေတာ့ဘူး။ ေနာက္တစ္ခုက ဘာေတြေပၚ လာသလဲဆိုေတာ့ သူခိုးလက္ခံဝယ္တဲ့သူ ေပၚလာသလို အိမ္ေတြကို ေပၚတင္ေဖာက္ထြင္းယူတဲ့အဖြဲ႕ ေတြ မ်ားလာတယ္။ လူေတြက ရန္ကုန္ေျပး ၾကတယ္ ဆိုေတာ့ အဲဒီအိမ္ေတြမွာ ဆန္က်န္ရင္ တက္ယူတယ္။ ပစၥည္းေတြကို ေရာင္းတယ္ေပါ့” ဟု ၎က ဆိုသည္။

ထိုသို႔ ခိုးယူသည့္ ျဖစ္စဥ္မ်ားမွာ ဂ်ိေတၱာေက်း႐ြာ၊ ျမျပင္ေက်း႐ြာ၊ လင္းသာေက်း႐ြာဘက္တြင္ လည္း ျဖစ္ပြားေနေၾကာင္း ၎က ဆိုသည္။ “ အမွန္အတိုင္း ေျပာရရင္ သူတို႔ေတြက ၿမိဳ႕သိမ္းတယ္ဆို တာမ်ိဳး က်န္တဲ့သူေတြ (အြန္လိုင္းမွာ) တင္တယ္ေလ။ ဟိုက ေနၾကည့္ၿပီး ျပန္မဲလာတယ္ေလ။ ၿမိဳ႕သိမ္း ပါတယ္လို႔ ေျပာတဲ့အထဲမွာ တစ္ခုက အနီးစပ္ဆုံး ေျပာၾကမယ္ဆို ရမ္းၿဗဲ အုတ္ပုံ ျဖစ္က်န္ခဲ့တာပဲ။ သိမ္းႏိုင္တဲ့သူက ဒီအေဆာက္ အအုံေတြအတြက္ ေငြထုတ္ႏိုင္တဲ့ အင္အားရွိလား” ဟု ၎က ေမးခြန္းထုတ္ေျပာၾကားသည္။

Related news

© 2021. All rights reserved.