တင်းမာမှုများရှိနေချိန်တွင် အမေရိကန်က ဂျာမနီတွင် တာဝေးပစ်လက်နက်များ ဖြန့်ကြက်ချထား တော့မည်

 1707

ဂျန်ဇက် (NP News) - ဇူလိုင် ၁၆

အမေရိကန်နိုင်ငံသည် ရုရှားနိုင်ငံနှင့်တင်း မာမှုများရှိနေချိန်တွင် ဂျာမနီနိုင်ငံ၌တာဝေးပစ် ဒုံးကျည်များ ဖြန့်ကြက်ချထားသွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နှင့် ဂျာမနီအစိုးရအဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်များထဲ၌ အနာဂတ် နှစ်နိုင်ငံကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများပိုမိုကောင်းမွန်စေရန် နှင့် စွမ်းဆောင်ရည်ပိုင်း ပိုမိုကောင်းမွန်စေရန် အတွက် ဂျာမနီနိုင်ငံတွင် ၂၀၂၆ ခုနှစ်မှစတင်ပြီး တာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်ချထားတော့မည်ဖြစ် ကြောင်း ဖော်ပြထားသည်။အမေရိကန်နိုင်ငံတွင် ကျင်းပနေသော နေတိုးထိပ်သီးအစည်းအဝေးအတွင်း ဂျာမနီအစိုးရ တာဝန်ရှိသူများနှင့် အမေရိကန်အစိုးရတာဝန်ရှိသူများ ကြားတွေ့ဆုံဆွေးနွေးပြီးနောက် တာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်ချထားမည့်အစီအစဉ်ကိုဖော်ပြခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံသည် ဂျာမနီနိုင်ငံတွင် အကွာအဝေး မိုင်ပေါင်း(၂၉၀) အထိရောက်ရှိ ပစ်ခတ်နိုင်စွမ်းရှိနေသော SM-6 အမျိုးအစားဒုံးကျည်၊ အကွာအဝေး (၂၅၀ဝ) ကီလိုမီတာရောက်ရှိ ပစ်ခတ်နိုင်စွမ်း ရှိနေသော Tomahawk ဒုံးကျည်များ အပါအဝင် အခြားဒုံးကျည်များကို ဖြန့်ကြက်ချထား သွားဖွယ်ရှိနေ ကြောင်း သတင်းများထွက်ပေါ်နေသည်။ အမေရိကန်နိုင်ငံ၏အသံထက်မြန်သော ဒုံးကျည်သည် ဥရောပတိုက်အတွင်းရှိ အခြေ စိုက်စခန်းတွင် ဖြန့်ကြက်ချထားသည့် ဒုံးကျည်များထက် အကွာအဝေး ပိုမိုရောက်ရှိနိုင်စွမ်းရှိနေကြောင်းသိရသည်။ အမေရိကန်နိုင်ငံသည် ၂၀၁၇ ခုနှစ်က အသံထက်မြန်သော ဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပြီးနောက် ပိုင်းတည်းက ထပ်မံစမ်းသပ်ခဲ့သော အသံထက်မြန်သော ဒုံးကျည်များအောင်မြင်ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတဟောင်းရော်နယ်ရေဂင် နှင့် ဆိုဗီယက် ပြည်ထောင်စုသမ္မတဟောင်း ဂိုဘာ ချော့တို့ ၁၉၈၇ ခုနှစ်တွင် ချုပ်ဆိုခဲ့သော တာလတ်ပစ် နျူကလီးယားစာချုပ်အရ ဥရောပတိုက်တွင် အကွာအဝေး (၅၀ဝ) ကီလိုမီတာမှ (၅၅၀ဝ)ကီလိုမီတာအထိရောက်ရှိပစ်ခတ်နိုင်မည့် ဒုံးကျည်များ ဖြန့်ကြက် ချထားခြင်းမျိုးမလုပ်ဆောင်ရန် ပိတ်ပင်ထားကြောင်း သိရသည်။ ရုရှားနိုင်ငံသည် အမေရိကန်နိုင်ငံက နေတိုးအုပ်စုဝင်နိုင်ငံများတွင် တာဝေးပစ်လက်နက်များ ဖြန့်ကြက်ချထားခြင်း များကို လိုလားခြင်းမရှိဘဲ တင်းမာမှုများမကြာခဏ ဖြစ်ခဲ့ဖူးကြောင်းသိရသည်။

zawgyi version
တင္းမာမႈမ်ားရွိေနခ်ိန္တြင္ အေမရိကန္က ဂ်ာမနီတြင္ တာေဝးပစ္လက္နက္မ်ား ျဖန႔္ၾကက္ခ်ထား ေတာ့မည္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၆

အေမရိကန္ႏိုင္ငံသည္ ႐ုရွားႏိုင္ငံႏွင့္တင္း မာမႈမ်ားရွိေနခ်ိန္တြင္ ဂ်ာမနီႏိုင္ငံ၌တာေဝးပစ္ ဒုံးက်ည္မ်ား ျဖန႔္ၾကက္ခ်ထားသြားမည္ျဖစ္ေၾကာင္း သိရသည္။

အေမရိကန္ႏွင့္ ဂ်ာမနီအစိုးရအဖြဲ႕၏ ပူးတြဲထုတ္ျပန္ခ်က္မ်ားထဲ၌ အနာဂတ္ ႏွစ္ႏိုင္ငံၾကား စစ္ေရး ပူးေပါင္းေဆာင္႐ြက္မႈမ်ားပိုမိုေကာင္းမြန္ေစရန္ ႏွင့္ စြမ္းေဆာင္ရည္ပိုင္း ပိုမိုေကာင္းမြန္ေစရန္ အတြက္ ဂ်ာမနီႏိုင္ငံတြင္ ၂၀၂၆ ခုႏွစ္မွစတင္ၿပီး တာေဝးပစ္ဒုံးက်ည္မ်ား ျဖန႔္ၾကက္ခ်ထားေတာ့မည္ျဖစ္ ေၾကာင္း ေဖာ္ျပထားသည္။အေမရိကန္ႏိုင္ငံတြင္ က်င္းပေနေသာ ေနတိုးထိပ္သီးအစည္းအေဝးအတြင္း ဂ်ာမနီအစိုးရ တာဝန္ရွိသူမ်ားႏွင့္ အေမရိကန္အစိုးရတာဝန္ရွိသူမ်ား ၾကားေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ တာေဝးပစ္ဒုံးက်ည္မ်ား ျဖန႔္ၾကက္ခ်ထားမည့္အစီအစဥ္ကိုေဖာ္ျပခဲ့ျခင္းျဖစ္သည္။

အေမရိကန္ႏိုင္ငံသည္ ဂ်ာမနီႏိုင္ငံတြင္ အကြာအေဝး မိုင္ေပါင္း(၂၉၀) အထိေရာက္ရွိ ပစ္ခတ္ႏိုင္စြမ္းရွိေနေသာ SM-6 အမ်ိဳးအစားဒုံးက်ည္၊ အကြာအေဝး (၂၅၀ဝ) ကီလိုမီတာေရာက္ရွိ ပစ္ခတ္ႏိုင္စြမ္း ရွိေနေသာ Tomahawk ဒုံးက်ည္မ်ား အပါအဝင္ အျခားဒုံးက်ည္မ်ားကို ျဖန႔္ၾကက္ခ်ထား သြားဖြယ္ရွိေန ေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။ အေမရိကန္ႏိုင္ငံ၏အသံထက္ျမန္ေသာ ဒုံးက်ည္သည္ ဥေရာပတိုက္အတြင္းရွိ အေျခ စိုက္စခန္းတြင္ ျဖန႔္ၾကက္ခ်ထားသည့္ ဒုံးက်ည္မ်ားထက္ အကြာအေဝး ပိုမိုေရာက္ရွိႏိုင္စြမ္းရွိေနေၾကာင္းသိရသည္။ အေမရိကန္ႏိုင္ငံသည္ ၂၀၁၇ ခုႏွစ္က အသံထက္ျမန္ေသာ ဒုံးက်ည္ကို ေအာင္ျမင္စြာစမ္းသပ္ႏိုင္ခဲ့ၿပီးေနာက္ ပိုင္းတည္းက ထပ္မံစမ္းသပ္ခဲ့ေသာ အသံထက္ျမန္ေသာ ဒုံးက်ည္မ်ားေအာင္ျမင္ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း သိရသည္။

အေမရိကန္သမၼတေဟာင္းေရာ္နယ္ေရဂင္ ႏွင့္ ဆိုဗီယက္ ျပည္ေထာင္စုသမၼတေဟာင္း ဂိုဘာ ေခ်ာ့တို႔ ၁၉၈၇ ခုႏွစ္တြင္ ခ်ဳပ္ဆိုခဲ့ေသာ တာလတ္ပစ္ န်ဴကလီးယားစာခ်ဳပ္အရ ဥေရာပတိုက္တြင္ အကြာအေဝး (၅၀ဝ) ကီလိုမီတာမွ (၅၅၀ဝ)ကီလိုမီတာအထိေရာက္ရွိပစ္ခတ္ႏိုင္မည့္ ဒုံးက်ည္မ်ား ျဖန႔္ၾကက္ ခ်ထားျခင္းမ်ိဳးမလုပ္ေဆာင္ရန္ ပိတ္ပင္ထားေၾကာင္း သိရသည္။ ႐ုရွားႏိုင္ငံသည္ အေမရိကန္ႏိုင္ငံက ေနတိုးအုပ္စုဝင္ႏိုင္ငံမ်ားတြင္ တာေဝးပစ္လက္နက္မ်ား ျဖန႔္ၾကက္ခ်ထားျခင္း မ်ားကို လိုလားျခင္းမရွိဘဲ တင္းမာမႈမ်ားမၾကာခဏ ျဖစ္ခဲ့ဖူးေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.