နိုင်ငံအနှံ့စစ်ပွဲများ ကြီးမားကျယ်ပြန့်လျက်ရှိနေသည့်အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမှာ ပိတ်လုနီးပါးဖြစ်နေဟုဆို

 1445

မြူနစ် (NP News) - ဇူလိုင် ၁၇

မြန်မာနိုင်ငံအနှံ့တွင် စစ်ပွဲများကြီးမားကျယ်ပြန့်နေလျက်ရှိနေသည့်အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမှာ ပိတ်လုနီးပါးဖြစ်နေကြောင်း 7 EAO Alliance အဖွဲ့မှ ဗိုလ်မှူးကြီးစောကျော်ညွန့်က NP News ကိုပြောသည်။

NCA လက်မှတ်ရေးထိုးထားသည့် EAO အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)ကို 7 EAO Alliance အဖွဲ့အဖြစ် အမည်ပြောင်းလဲသတ်မှတ်ပြီးနောက်ပိုင်းတွင် ယင်းအဖွဲ့များနှင့်နစကတို့ကြား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ ရပ်တန့်နေလျက်ရှိကြောင်း သိရသည်။

“ဒီအချိန်က နိုင်ငံတစ်နံတစ်လျားမှာ စစ်ဘောင်က အရမ်းကို ကြီးမားကျယ်ပြန့်ပြီးတော့ ကျွန်တော်တို့ လုပ်နေတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆိုတဲ့၊ ငြိမ်း ချမ်းရေးတွေ့ဆုံဆွေးနွေးမှုဆိုတဲ့ဟာ ကလည်း တချို့ လူတွေကတော့ပြောတယ် ကျဉ်းတယ်ပေါ့။ ကျွန်တော် မြင်တာတော့ ကျဉ်းတာ မဟုတ်ဘူး။ တစ်ခါတည်း ပိတ်လုနီးပါးကိုဖြစ်နေတာ။ အဲဒီလိုအခြေအနေတွေကြောင့် မတွေ့နိုင်တာပဲ ဖြစ်မယ်ထင်ပါတယ်” ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်ကပြောသည်။

လတ်တလောတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့၊ ကျောက်မဲမြို့၊ နောင်ချိုမြို့၌ တပ်မတော် နှင့် မြောက်ပိုင်းမဟာမိတ်များဖြစ်သော MNDAA ၊ TNLA တို့ကြားတွင် တစ်ကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေလျက်ရှိသည်။ ထို့ပြင် ရခိုင်ပြည်နယ်အပါအဝင် အခြားသော မြို့အများအပြားတွင်လည် တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေလျက်ရှိသည်။

ထို့ကြောင့် 7 EAO Alliance အနေဖြင့် ပြည် ထောင်စုအတွက် ထိခိုက်နစ်နာမှုအနည်းဆုံးလမ်း ကြောင်းဖြစ်သည့် နိုင်ငံရေးတွေ့ဆုံရေး လမ်း ကြောင်းကို ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာ stakeholder များနှင့် စကားပြောဆိုနိုင်ရေး ဆက်လက်ကြိုးပမ်းနေကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်ကဆိုသည်။ “ကျွန်တော်တို့ 7 EAO Alliance အနေနဲ့ လက်ရှိ တစ်နိုင်ငံလုံးကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ဆိုရင် ကျွန်တော်တို့ နဂိုကတည်းက သဘောတူထားပြီးသား။ ဒါဟာ နိုင်ငံရေးပြဿနာသာ ဖြစ်တယ်။ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးခြင်းနည်းနဲ့ စကားပြောနိုင်တဲ့ အခင်းအကျင်းအတွက် လိုအပ်တဲ့ အစပျိုးမှုလို့ပဲ ပြောမလားပေါ့။အဲဒါကို ကျွန်တော်တို့ ရှိသမျှအင်အားလေး နဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီးကြားက ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်။ ဝေဖန်မှုတွေ အမျိုးမျိုးကြားကပဲ ကျွန်တော်တို့ပြည်ထောင်စုအတွက် ထိခိုက်နစ်နာမှုအနည်းဆုံး လမ်းကြောင်းဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းပေါ် ပြန်ရောက်နိုင်အောင် ကျွန်တော်တို့ သက်ဆိုင် ရာ stakeholder အားလုံးနဲ့ စကားပြောနိုင်ဖို့ ဆက်လက်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ၎င်းကပြောသည်။

7 EAO Alliance အဖွဲ့ကို RCSS ၊ DKBA ၊ KNU/ KNLA-PC ၊ ALP ၊ LDU ၊ PNLO ၊ လက်နက်ကိုင် အဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယင်းအဖွဲ့ကို RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်စစ်က ဦးဆောင်နေလျက်ရှိသည်။

zawgyi version
ႏိုင္ငံအႏွံ႔စစ္ပြဲမ်ား ႀကီးမားက်ယ္ျပန႔္လ်က္ရွိေနသည့္အတြက္ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးမႈမွာ ပိတ္လုနီးပါးျဖစ္ေနဟုဆို
ျမဴနစ္ (NP News) - ဇူလိုင္ ၁၇

ျမန္မာႏိုင္ငံအႏွံ႔တြင္ စစ္ပြဲမ်ားႀကီးမားက်ယ္ျပန႔္ေနလ်က္ရွိေနသည့္အတြက္ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးမႈမွာ ပိတ္လုနီးပါးျဖစ္ေနေၾကာင္း 7 EAO Alliance အဖြဲ႕မွ ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က NP News ကိုေျပာသည္။

NCA လက္မွတ္ေရးထိုးထားသည့္ EAO အဖြဲ႕မ်ား၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (PPST)ကို 7 EAO Alliance အဖြဲ႕အျဖစ္ အမည္ေျပာင္းလဲသတ္မွတ္ၿပီးေနာက္ပိုင္းတြင္ ယင္းအဖြဲ႕မ်ားႏွင့္နစကတို႔ၾကား ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးမႈမ်ား ရပ္တန႔္ေနလ်က္ရွိေၾကာင္း သိရသည္။

“ဒီအခ်ိန္က ႏိုင္ငံတစ္နံတစ္လ်ားမွာ စစ္ေဘာင္က အရမ္းကို ႀကီးမားက်ယ္ျပန႔္ၿပီးေတာ့ ကြၽန္ေတာ္တို႔ လုပ္ေနတဲ့ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးမႈဆိုတဲ့၊ ၿငိမ္း ခ်မ္းေရးေတြ႕ဆုံေဆြးေႏြးမႈဆိုတဲ့ဟာ ကလည္း တခ်ိဳ႕ လူေတြကေတာ့ေျပာတယ္ က်ဥ္းတယ္ေပါ့။ ကြၽန္ေတာ္ ျမင္တာေတာ့ က်ဥ္းတာ မဟုတ္ဘူး။ တစ္ခါတည္း ပိတ္လုနီးပါးကိုျဖစ္ေနတာ။ အဲဒီလိုအေျခအေနေတြေၾကာင့္ မေတြ႕ႏိုင္တာပဲ ျဖစ္မယ္ထင္ပါတယ္” ဟု ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္ကေျပာသည္။

လတ္တေလာတြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ လားရႈိးၿမိဳ႕၊ ေက်ာက္မဲၿမိဳ႕၊ ေနာင္ခ်ိဳၿမိဳ႕၌ တပ္မေတာ္ ႏွင့္ ေျမာက္ပိုင္းမဟာမိတ္မ်ားျဖစ္ေသာ MNDAA ၊ TNLA တို႔ၾကားတြင္ တစ္ေက်ာ့ျပန္ တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားေနလ်က္ရွိသည္။ ထို႔ျပင္ ရခိုင္ျပည္နယ္အပါအဝင္ အျခားေသာ ၿမိဳ႕အမ်ားအျပားတြင္လည္ တပ္မေတာ္ႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားၾကား တိုက္ပြဲမ်ားျဖစ္ပြားေနလ်က္ရွိသည္။

ထို႔ေၾကာင့္ 7 EAO Alliance အေနျဖင့္ ျပည္ ေထာင္စုအတြက္ ထိခိုက္နစ္နာမႈအနည္းဆုံးလမ္း ေၾကာင္းျဖစ္သည့္ ႏိုင္ငံေရးေတြ႕ဆုံေရး လမ္း ေၾကာင္းကို ျပန္လည္ေဖာ္ေဆာင္ႏိုင္ရန္အတြက္ သက္ဆိုင္ရာ stakeholder မ်ားႏွင့္ စကားေျပာဆိုႏိုင္ေရး ဆက္လက္ႀကိဳးပမ္းေနေၾကာင္း ဗိုလ္မႉးႀကီး ေစာေက်ာ္ၫြန႔္ကဆိုသည္။ “ကြၽန္ေတာ္တို႔ 7 EAO Alliance အေနနဲ႔ လက္ရွိ တစ္ႏိုင္ငံလုံးႀကဳံေတြ႕ေနရတဲ့ အခက္အခဲ အက်ပ္အတည္းကို ေက်ာ္လႊားႏိုင္ဖို႔ဆိုရင္ ကြၽန္ေတာ္တို႔ နဂိုကတည္းက သေဘာတူထားၿပီးသား။ ဒါဟာ ႏိုင္ငံေရးျပႆနာသာ ျဖစ္တယ္။ ႏိုင္ငံေရးေတြ႕ဆုံ ေဆြးေႏြးျခင္းနည္းနဲ႔ စကားေျပာႏိုင္တဲ့ အခင္းအက်င္းအတြက္ လိုအပ္တဲ့ အစပ်ိဳးမႈလို႔ပဲ ေျပာမလားေပါ့။အဲဒါကို ကြၽန္ေတာ္တို႔ ရွိသမွ်အင္အားေလး နဲ႔ အခက္အခဲေတြ၊ စိန္ေခၚမႈေတြ အမ်ားႀကီးၾကားက ဆက္လက္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိတယ္။ ေဝဖန္မႈေတြ အမ်ိဳးမ်ိဳးၾကားကပဲ ကြၽန္ေတာ္တို႔ျပည္ေထာင္စုအတြက္ ထိခိုက္နစ္နာမႈအနည္းဆုံး လမ္းေၾကာင္းျဖစ္တဲ့ ေတြ႕ဆုံေဆြးေႏြးေရးစားပြဲဝိုင္းေပၚ ျပန္ေရာက္ႏိုင္ေအာင္ ကြၽန္ေတာ္တို႔ သက္ဆိုင္ ရာ stakeholder အားလုံးနဲ႔ စကားေျပာႏိုင္ဖို႔ ဆက္လက္ၿပီးေတာ့ ေဆာင္႐ြက္လ်က္ရွိပါတယ္” ဟု ၎ကေျပာသည္။

7 EAO Alliance အဖြဲ႕ကို RCSS ၊ DKBA ၊ KNU/ KNLA-PC ၊ ALP ၊ LDU ၊ PNLO ၊ လက္နက္ကိုင္ အဖြဲ႕မ်ားမွ တာဝန္ရွိသူမ်ားႏွင့္ ဖြဲ႕စည္းထားျခင္းျဖစ္ၿပီး ယင္းအဖြဲ႕ကို RCSS ဥကၠ႒ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ဦးေဆာင္ေနလ်က္ရွိသည္။

Related news

© 2021. All rights reserved.