KNLA ပူးပေါင်းအဖွဲ့ မိုင်းခွဲဖျက်ဆီးခဲ့သည့် ကျုံအိတ်တံတားအနီးရှိ ကရင်လေးဆိပ်တံတား မိုင်းခွဲဖျက်ဆီးခံရ

 1335

သန့်ဇင် (NP News) - ဇူလိုင် ၁၇

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ယခင်က KNLA ပူးပေါင်းအဖွဲ့မိုင်းခွဲဖျက်ဆီးခဲ့သည့် ကျုံအိတ်တံတားအနီးမှ ကရင်လေးဆိပ်တံတား မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ကရင်လေးဆိပ်တံတားသည် သထုံမြို့နယ်၊ ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ တံတားငယ်တစ်စင်းဖြစ်ပြီး ယမန်နေ့ ဇူလိုင်လ ၁၆ ရက် ည ၁၀ နာရီကျော်ခန့်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ည ၁၀ နာရီကျော်ကျော်လောက်မှာ မိုင်းခွဲသံကြားရပြီး ဒီမနက်မှာသိရတာတော့ တံတားကျိုးသွားပြီလို့သိရတာ။ အဲဒီတံတားက ရေလွှဲမြောင်းတံတားအသေးလေးပါ။ တံတားကတော့အကုန်လုံးကျိုးကျသွားတာ။ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာရှိပြီး သထုံမြို့နယ်ထဲက တံတားတစ်စင်းပေါ့”ဟု ဒေသခံတစ်ဦးက NP News ကိုပြောသည်။

မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ကရင်လေးဆိပ်တံတားတစ်စင်းလုံးမှာ ကျိုးကျပျက်ဆီးသွားခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ မွန်ပြည်နယ်၊ ကရင်ပြည် နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးများသို့ လမ်းပန်းဆက်သွယ်ရေးများတွင် အခက်အခဲများစွာဖြစ်ပေါ်နေကြောင်း သိရသည်။

“အခုတော့ကားတွေတန်းနေပြီး ကားကြီးတွေတော့သွားမရဘူး။ ကားလေးတွေကတော့ ဇရပ်ကျိုးလမ်းကနေပြီး ကလစ်ကျိုးလမ်းကို ပြန်ဖြတ်တက်ပြီးတော့ မော်လမြိုင်ဘက်ကိုထွက်ရတာပေါ့။ မော်လမြိုင်ဘက်ကလာရင်လည်း အဲဒီလမ်းအတိုင်းလာရတာပါ။ လမ်းကရွာလမ်းဖြစ်တော့ လမ်းအခြေအနေက ရွှံ့တွေဗွက်တွေတော့ရှိတယ်။ တံတားကျိုးတော့ ဒေသခံတွေအတွက်အနည်းနဲ့ အများအခက်အခဲတော့ရှိပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

KNLA၊ PDF ပူးပေါင်းအဖွဲ့အနေဖြင့် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိလမ်း၊ တံတားများကိုရည်ရွယ်ချက်ရှိရှိ မိုင်းခွဲဖျက်ဆီးနေပြီး ပြီးခဲ့သည့် မေလ ၁၁ ရက်ကလည်း အဆိုပါလမ်းပေါ်ရှိ ကျုံအိတ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့ရာ ယခင်ကမိုင်းခွဲခံရမှုကြောင့် ပြန်လည်ပြုပြင်ထားသည့် အစားထိုးဘေလီမှာ ပြိုကျပျက်စီးခဲ့ဖူးသည်။

အလားတူ မေလ ၂၃ ရက်ကလည်း ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ မစောတံတားကို KNLA၊ PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် တံတားမှာထက်ပိုင်းကျိုးကျပျက်စီးသွားခဲ့ပြီး တံတားကျိုးနေသည်ကိုမသိသော ဆိုင်ကယ်ဖြင့်ခရီးသွားသူ(၃)ဦးမှာ မစောချောင်းအတွင်း ပြုတ်ကျ၍ အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ရဖူးသည်။

zawgyi version
KNLA ပူးေပါင္းအဖြဲ႕ မိုင္းခြဲဖ်က္ဆီးခဲ့သည့္ က်ဳံအိတ္တံတားအနီးရွိ ကရင္ေလးဆိပ္တံတား မိုင္းခြဲဖ်က္ဆီးခံရ

သန႔္ဇင္ (NP News) - ဇူလိုင္ ၁၇

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္၊ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္းေပၚရွိ ယခင္က KNLA ပူးေပါင္းအဖြဲ႕မိုင္းခြဲဖ်က္ဆီးခဲ့သည့္ က်ဳံအိတ္တံတားအနီးမွ ကရင္ေလးဆိပ္တံတား မိုင္းခြဲဖ်က္ဆီးခံရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

အဆိုပါ ကရင္ေလးဆိပ္တံတားသည္ သထုံၿမိဳ႕နယ္၊ ရန္ကုန္ - ေမာ္လၿမိဳင္ကားလမ္းေပၚရွိ တံတားငယ္တစ္စင္းျဖစ္ၿပီး ယမန္ေန႔ ဇူလိုင္လ ၁၆ ရက္ ည ၁၀ နာရီေက်ာ္ခန႔္က မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

“ည ၁၀ နာရီေက်ာ္ေက်ာ္ေလာက္မွာ မိုင္းခြဲသံၾကားရၿပီး ဒီမနက္မွာသိရတာေတာ့ တံတားက်ိဳးသြားၿပီလို႔သိရတာ။ အဲဒီတံတားက ေရလႊဲေျမာင္းတံတားအေသးေလးပါ။ တံတားကေတာ့အကုန္လုံးက်ိဳးက်သြားတာ။ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္းေပၚမွာရွိၿပီး သထုံၿမိဳ႕နယ္ထဲက တံတားတစ္စင္းေပါ့”ဟု ေဒသခံတစ္ဦးက NP News ကိုေျပာသည္။

မိုင္းခြဲဖ်က္ဆီးခံရမႈေၾကာင့္ ကရင္ေလးဆိပ္တံတားတစ္စင္းလုံးမွာ က်ိဳးက်ပ်က္ဆီးသြားခဲ့သျဖင့္ ရန္ကုန္တိုင္းေဒသႀကီးမွ မြန္ျပည္နယ္၊ ကရင္ျပည္ နယ္ ႏွင့္ တနသၤာရီတိုင္းေဒသႀကီးမ်ားသို႔ လမ္းပန္းဆက္သြယ္ေရးမ်ားတြင္ အခက္အခဲမ်ားစြာျဖစ္ေပၚေနေၾကာင္း သိရသည္။

“အခုေတာ့ကားေတြတန္းေနၿပီး ကားႀကီးေတြေတာ့သြားမရဘူး။ ကားေလးေတြကေတာ့ ဇရပ္က်ိဳးလမ္းကေနၿပီး ကလစ္က်ိဳးလမ္းကို ျပန္ျဖတ္တက္ၿပီးေတာ့ ေမာ္လၿမိဳင္ဘက္ကိုထြက္ရတာေပါ့။ ေမာ္လၿမိဳင္ဘက္ကလာရင္လည္း အဲဒီလမ္းအတိုင္းလာရတာပါ။ လမ္းက႐ြာလမ္းျဖစ္ေတာ့ လမ္းအေျခအေနက ႐ႊံ႕ေတြဗြက္ေတြေတာ့ရွိတယ္။ တံတားက်ိဳးေတာ့ ေဒသခံေတြအတြက္အနည္းနဲ႔ အမ်ားအခက္အခဲေတာ့ရွိပါတယ္”ဟု ၎ကဆက္လက္ေျပာသည္။

KNLA၊ PDF ပူးေပါင္းအဖြဲ႕အေနျဖင့္ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္းေပၚရွိလမ္း၊ တံတားမ်ားကိုရည္႐ြယ္ခ်က္ရွိရွိ မိုင္းခြဲဖ်က္ဆီးေနၿပီး ၿပီးခဲ့သည့္ ေမလ ၁၁ ရက္ကလည္း အဆိုပါလမ္းေပၚရွိ က်ဳံအိတ္တံတားကို မိုင္းခြဲဖ်က္ဆီးခဲ့ရာ ယခင္ကမိုင္းခြဲခံရမႈေၾကာင့္ ျပန္လည္ျပဳျပင္ထားသည့္ အစားထိုးေဘလီမွာ ၿပိဳက်ပ်က္စီးခဲ့ဖူးသည္။

အလားတူ ေမလ ၂၃ ရက္ကလည္း ရန္ကုန္-ေမာ္လၿမိဳင္လမ္းေပၚရွိ မေစာတံတားကို KNLA၊ PDF ပူးေပါင္းအဖြဲ႕က မိုင္းခြဲဖ်က္ဆီးခဲ့သျဖင့္ တံတားမွာထက္ပိုင္းက်ိဳးက်ပ်က္စီးသြားခဲ့ၿပီး တံတားက်ိဳးေနသည္ကိုမသိေသာ ဆိုင္ကယ္ျဖင့္ခရီးသြားသူ(၃)ဦးမွာ မေစာေခ်ာင္းအတြင္း ျပဳတ္က်၍ အမ်ိဳးသားတစ္ဦးပြဲခ်င္းၿပီးေသဆုံးခဲ့ရဖူးသည္။

Related news

© 2021. All rights reserved.