ထရမ့်က အရေးယူပိတ်ဆို့မှုများကို နှစ်သက်မှုမရှိကြောင်း ဖော်ပြ
                        
                            
                             
 2904
 
                             
                            
                            
                         
                        
 
                        ALynn (NP News) - ဇူလိုင် ၁၇
အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် ပိတ်ဆို့အရေးယူမှုများအပေါ် သံသယရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ရုရှားနှင့် ယူကရိန်းကြား ပဋိပက္ခအဆုံးသတ်ရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မော်စကိုအပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းမည်လားဆိုသည့် မေးခွန်းကို ရှောင်တိမ်းခဲ့သည်။ ဇွန်လ ၂၅ ရက်နေ့က ရိုက်ကူးထားသော Bloomberg နှင့် အင်တာဗျူးတစ်ခုတွင် ထရမ့်အား “ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ရန် သို့မဟုတ် လုံးဝပယ်ဖျက်ရန်” နှင့်ပတ်သက်၍ မေးမြန်းခံခဲ့ရသည်။
“ပူတင်နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးနဲ့ တော်တော်လေး အဆင်ပြေခဲ့ကြောင်း၊ ငါတို့ဟာ စစ်ရေးခြိမ်းခြောက်မှုအထိ မရောက်ခဲ့ဖူးကြောင်း” အင်တာဗျူးတွင် ထရမ့်က ပြောကြားခဲ့သည်။ ပိတ်ဆို့အရေးယူမှုများအပေါ် မနှစ်သက်သော်လည်း ထရမ့်သည် ၎င်း၏သမ္မတသက်တမ်းအတွင်း အိုဘားမားလက်ထက်က ခရိုင်းမီးယားနှင့်ပတ်သက်ပြီး မော်စကိုအပေါ်ချမှတ်ခဲ့သောအရေးယူမှုများကို လျှော့ပေါ့ပေးခြင်းမရှိခဲ့သလို အီးယူသို့ Nord Stream 2 သဘာဝဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှုကို နှောင့်နှေးစေရန် ရုရှားအား ပစ်မှတ်ထားခဲ့ဖူးသည်။
၎င်း၏သမ္မတသက်တမ်းအတွင်း ထရမ့်သည် တရုတ်နိုင်ငံနှင့် အကောက်ခွန်စစ်ပွဲတွင်ပါဝင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ထရမ့်သည် သမ္မတ ဂျိုးဘိုင်ဒန် ၏ အရည်အချင်းမရှိမှုကြောင့် ရုရှားနှင့်တရုတ်ကိုပိုမိုနီးကပ်စွာလက်တွဲစေနိုင်ခဲ့သည်ဟုစွပ်စွဲခဲ့သည်။ “ဘိုင်ဒန်၏ ညံ့ဖျင်းမှုကြောင့် ရုရှားနှင့် တရုတ်တို့ကို ပေါင်းစည်းစေခဲ့ကြောင်း၊ အဲဒီနောက် အီရန်နှင့် မြောက်ကိုရီးယားတို့ပါ ၎င်းတို့နှင့်အတူ တပေါင်းစည်းတည်းဖြစ်စေခဲ့ကြောင်း” ရီပတ်ဘလစ်ကန် သမ္မတလောင်းက ပြောဆိုခဲ့သည်။
                     
                        
                                
                                
                                        zawgyi version
ထရမ့္က အေရးယူပိတ္ဆို႔မႈမ်ားကို ႏွစ္သက္မႈမရွိေၾကာင္း ေဖာ္ျပ
ALynn (NP News) - ဇူလိုင္ ၁၇
အေမရိကန္သမၼတေလာင္း ေဒၚနယ္ထရမ့္သည္ ပိတ္ဆို႔အေရးယူမႈမ်ားအေပၚ သံသယရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ေသာ္လည္း ႐ုရွားႏွင့္ ယူကရိန္းၾကား ပဋိပကၡအဆုံးသတ္ေရး အစီအစဥ္၏ တစ္စိတ္တစ္ပိုင္းအေနျဖင့္ ေမာ္စကိုအေပၚ ကန႔္သတ္ခ်က္မ်ားကို ႐ုတ္သိမ္းမည္လားဆိုသည့္ ေမးခြန္းကို ေရွာင္တိမ္းခဲ့သည္။ ဇြန္လ ၂၅ ရက္ေန႔က ႐ိုက္ကူးထားေသာ Bloomberg ႏွင့္ အင္တာဗ်ဴးတစ္ခုတြင္ ထရမ့္အား “႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈမ်ားကို ေျဖေလွ်ာ့ရန္ သို႔မဟုတ္ လုံးဝပယ္ဖ်က္ရန္” ႏွင့္ပတ္သက္၍ ေမးျမန္းခံခဲ့ရသည္။
“ပူတင္နဲ႔ ကြၽန္ေတာ္တို႔ရဲ႕ ဆက္ဆံေရးနဲ႔ ေတာ္ေတာ္ေလး အဆင္ေျပခဲ့ေၾကာင္း၊ ငါတို႔ဟာ စစ္ေရးၿခိမ္းေျခာက္မႈအထိ မေရာက္ခဲ့ဖူးေၾကာင္း” အင္တာဗ်ဴးတြင္ ထရမ့္က ေျပာၾကားခဲ့သည္။ ပိတ္ဆို႔အေရးယူမႈမ်ားအေပၚ မႏွစ္သက္ေသာ္လည္း ထရမ့္သည္ ၎၏သမၼတသက္တမ္းအတြင္း အိုဘားမားလက္ထက္က ခ႐ိုင္းမီးယားႏွင့္ပတ္သက္ၿပီး ေမာ္စကိုအေပၚခ်မွတ္ခဲ့ေသာအေရးယူမႈမ်ားကို ေလွ်ာ့ေပါ့ေပးျခင္းမရွိခဲ့သလို အီးယူသို႔ Nord Stream 2 သဘာဝဓာတ္ေငြ႕ပိုက္လိုင္းတည္ေဆာက္မႈကို ေႏွာင့္ေႏွးေစရန္ ႐ုရွားအား ပစ္မွတ္ထားခဲ့ဖူးသည္။
၎၏သမၼတသက္တမ္းအတြင္း ထရမ့္သည္ တ႐ုတ္ႏိုင္ငံႏွင့္ အေကာက္ခြန္စစ္ပြဲတြင္ပါဝင္ခဲ့သည္။ တစ္ခ်ိန္တည္းမွာပင္ ထရမ့္သည္ သမၼတ ဂ်ိဳးဘိုင္ဒန္ ၏ အရည္အခ်င္းမရွိမႈေၾကာင့္ ႐ုရွားႏွင့္တ႐ုတ္ကိုပိုမိုနီးကပ္စြာလက္တြဲေစႏိုင္ခဲ့သည္ဟုစြပ္စြဲခဲ့သည္။ “ဘိုင္ဒန္၏ ညံ့ဖ်င္းမႈေၾကာင့္ ႐ုရွားႏွင့္ တ႐ုတ္တို႔ကို ေပါင္းစည္းေစခဲ့ေၾကာင္း၊ အဲဒီေနာက္ အီရန္ႏွင့္ ေျမာက္ကိုရီးယားတို႔ပါ ၎တို႔ႏွင့္အတူ တေပါင္းစည္းတည္းျဖစ္ေစခဲ့ေၾကာင္း” ရီပတ္ဘလစ္ကန္ သမၼတေလာင္းက ေျပာဆိုခဲ့သည္။