အထက်မင်းလှမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ (၇၀)ကျော် ပညာသင်ယူနေသော မူလတန်းကျောင်းတစ်ကျောင်းကို PDF အဖွဲ့က မီးရှို့ဖျက်ဆီး

 16628

သန့်ဇင် (NP News) - ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်မှ ကျောင်းသား၊ကျောင်းသူ (၇၀)ကျော် ပညာသင်ယူနေသော မူလတန်းကျောင်း တစ်ကျောင်းကို PDF အဖွဲ့က မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်၊ ည ၁၀ နာရီအချိန်က သရက်ခရိုင်၊ မင်းလှမြို့နယ်၊ အထက်တိုက်နယ်ကျေးရွာ နှင့် အောက်တိုက်နယ် ကျေးရွာ (၂)ရွာကြားရှိ အခြေခံပညာမူလတန်းကျောင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“PDF တွေက အရင်က မင်းတုန်းမြို့နယ်ထဲက ရယက စာရေးတစ်ယောက်ကိုသတ်ပြီးတော့ မင်းလှမြို့နယ်ထဲရောက်လာပြီး ဒီကျောင်းကဆရာ၊ ဆရာမ(တွေကို)သတ်မယ်ဆိုပြီးလာတာပေါ့။ အဲဒါမှာ ရွာသူရွာသားတွေကသိပြီး ဒီကျောင်းမှာသင်တဲ့ကျောင်းဆရာ၊ ဆရာမတွေကို ရှောင်ပြီး ပုန်းခိုင်းရတယ်။ သူတို့လာတော့ ရွာကလည်းခြံစည်းရိုးတွေကာထားတယ်လေ။ အဲဒါကို ရွာထဲမဝင်ခိုင်းတာနဲ့ ဆရာ၊ ဆရာမတွေ မလုပ်ရတော့ ကျောင်းမီးရှို့ပစ်ခဲ့တယ်။ မီးရှို့သွားတာက PDF(၅) ယောက်လို့သိရတယ်”ဟု ဒေသခံတစ်ဦးက NP News ကိုပြောသည်။

အဆိုပါမီးရှို့ခံရသည့် အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ၊ ဆရာမ (၇)ဦးက ကျောင်းသား၊ ကျောင်သူ(၇၀)ကျော်ကို ပညာသင်ကြားပေးခဲ့ကြောင်း သိရသည်။ PDF အဖွဲ့၏မီးရှို့ဖျက်ဆီးမှုကြောင့် အဆိုပါစာသင် ကျောင်းမှာ မီးလောင်ပျက်စီးသွားခဲ့သဖြင့် လက်ရှိအချိန်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ယူနိုင်ရေးအခက်အခဲများစွာရှိနေကြောင်း သိရသည်။

“မီးရှို့ခံရတဲ့ကျောင်းက ခန့်မှန်ခြေ အလျားပေ(၉၀)နဲ့ အနံ (၄၅)ပေကျောင်းပါ။ ဝါးသက်ကယ်မိုး၊ ထရံကာကျောင်းလေးတစ်ကျောင်းပါ။ မီးလောင်သွားတော့ ကျောင်းကပြာကျသွားတာပေါ့။ အရင်တုန်းကဆိုပေမယ့် ၂၀၂၁ နောက်ပိုင်းမှာ ကျောင်းတွေကို စာတွေနဲ့ခြိမ်းခြောက်တာတွေရှိခဲ့တယ်။ အခုတော့ ကလေးတွေကစာမသင် ရဲတော့ဘူးဗျ”ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ပြင် ပြီးခဲ့သည့်ကာလက မင်းလှမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား PDF အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်မှုများရှိခဲ့ကြောင်း သိရသည်။

zawgyi version
အထက္မင္းလွၿမိဳ႕နယ္မွ ေက်ာင္းသား၊ ေက်ာင္းသူ (၇၀)ေက်ာ္ ပညာသင္ယူေနေသာ မူလတန္းေက်ာင္းတစ္ေက်ာင္းကို PDF အဖြဲ႕က မီးရႈိ႕ဖ်က္ဆီး

သန႔္ဇင္ (NP News) - ဇူလိုင္ ၁၇

မေကြးတိုင္းေဒသႀကီး၊ သရက္ခ႐ိုင္၊ မင္းလွၿမိဳ႕နယ္မွ ေက်ာင္းသား၊ေက်ာင္းသူ (၇၀)ေက်ာ္ ပညာသင္ယူေနေသာ မူလတန္းေက်ာင္း တစ္ေက်ာင္းကို PDF အဖြဲ႕က မီးရႈိ႕ဖ်က္ဆီးသြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇူလိုင္လ ၁၅ ရက္၊ ည ၁၀ နာရီအခ်ိန္က သရက္ခ႐ိုင္၊ မင္းလွၿမိဳ႕နယ္၊ အထက္တိုက္နယ္ေက်း႐ြာ ႏွင့္ ေအာက္တိုက္နယ္ ေက်း႐ြာ (၂)႐ြာၾကားရွိ အေျခခံပညာမူလတန္းေက်ာင္းတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“PDF ေတြက အရင္က မင္းတုန္းၿမိဳ႕နယ္ထဲက ရယက စာေရးတစ္ေယာက္ကိုသတ္ၿပီးေတာ့ မင္းလွၿမိဳ႕နယ္ထဲေရာက္လာၿပီး ဒီေက်ာင္းကဆရာ၊ ဆရာမ(ေတြကို)သတ္မယ္ဆိုၿပီးလာတာေပါ့။ အဲဒါမွာ ႐ြာသူ႐ြာသားေတြကသိၿပီး ဒီေက်ာင္းမွာသင္တဲ့ေက်ာင္းဆရာ၊ ဆရာမေတြကို ေရွာင္ၿပီး ပုန္းခိုင္းရတယ္။ သူတို႔လာေတာ့ ႐ြာကလည္းၿခံစည္း႐ိုးေတြကာထားတယ္ေလ။ အဲဒါကို ႐ြာထဲမဝင္ခိုင္းတာနဲ႔ ဆရာ၊ ဆရာမေတြ မလုပ္ရေတာ့ ေက်ာင္းမီးရႈိ႕ပစ္ခဲ့တယ္။ မီးရႈိ႕သြားတာက PDF(၅) ေယာက္လို႔သိရတယ္”ဟု ေဒသခံတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါမီးရႈိ႕ခံရသည့္ အေျခခံပညာမူလတန္းေက်ာင္းတြင္ ဆရာ၊ ဆရာမ (၇)ဦးက ေက်ာင္းသား၊ ေက်ာင္သူ(၇၀)ေက်ာ္ကို ပညာသင္ၾကားေပးခဲ့ေၾကာင္း သိရသည္။ PDF အဖြဲ႕၏မီးရႈိ႕ဖ်က္ဆီးမႈေၾကာင့္ အဆိုပါစာသင္ ေက်ာင္းမွာ မီးေလာင္ပ်က္စီးသြားခဲ့သျဖင့္ လက္ရွိအခ်ိန္တြင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ ပညာသင္ယူႏိုင္ေရးအခက္အခဲမ်ားစြာရွိေနေၾကာင္း သိရသည္။

“မီးရႈိ႕ခံရတဲ့ေက်ာင္းက ခန႔္မွန္ေျခ အလ်ားေပ(၉၀)နဲ႔ အနံ (၄၅)ေပေက်ာင္းပါ။ ဝါးသက္ကယ္မိုး၊ ထရံကာေက်ာင္းေလးတစ္ေက်ာင္းပါ။ မီးေလာင္သြားေတာ့ ေက်ာင္းကျပာက်သြားတာေပါ့။ အရင္တုန္းကဆိုေပမယ့္ ၂၀၂၁ ေနာက္ပိုင္းမွာ ေက်ာင္းေတြကို စာေတြနဲ႔ၿခိမ္းေျခာက္တာေတြရွိခဲ့တယ္။ အခုေတာ့ ကေလးေတြကစာမသင္ ရဲေတာ့ဘူးဗ်”ဟု ၎ကဆက္လက္ေျပာသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ကာလက မင္းလွၿမိဳ႕နယ္အတြင္းရွိ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးမ်ားအား PDF အဖြဲ႕မွ ဖမ္းဆီးသတ္ျဖတ္မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.