ဘီးတစ်ဘီးတည်းပါတဲ့ စက်ဘီးနဲ့ နိုင်ငံအလျားတစ်လျှောက်သွားပြခဲ့ပြီး ဂင်းနစ်စံချိန်ရယူနိုင်ခဲ့တဲ့ အိုင်ယာလန်နိုင်ငံသား

 487

Pika (NP News) - ဇူလိုင် ၁၇

အိုင်ယာလန်နိုင်ငံသားတစ်ဦးသည် ဘီးတစ်ဘီးတည်းပါသော စက်ဘီးဖြင့် နိုင်ငံအလျားတစ်လျှောက်(၃ဝ၈)မိုင်ကို အချိန်(၅)ရက် (၅)နာရီ နှင့် (၂၃)မိနစ်အတွင်း သွားပြခဲ့ပြီးနောက် ၎င်း၏ဒုတိယမြောက်ဂင်းနစ်စံချိန်ကို ရယူနိုင်ခဲ့ ကြောင်း သိရသည်။
Eamonn Keaveney ဟုအမည်ရသော အမျိုးသားသည် အိုင်ယာလန်နိုင်ငံ၏ အလျားတစ်လျှောက်ကို ဘီးတစ်ဘီး တည်းပါသော စက်ဘီးဖြင့် အမြန်ဆုံးသွားပြနိုင်ခြင်းအတွက် ဂင်းနစ်စံချိန်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၂ဝ၁၆ ခုနှစ်တွင် ကမ္ဘာ့အရှည်ဆုံး ခြေဗလာခရီးစဉ်အတွက် ဂင်းနစ်စံချိန်တင်ခဲ့ဖူးသော Eamonn Keaveney သည် ခြေဗလာဖြင့် တောင်(၁၀)လုံးကို အချိန်(၁၀)ရက်အတွင်း တက်ပြခဲ့ဖူးကြောင်းလည်း သိရသည်။

သို့သော်လည်း Eamonn Keaveney သည် ယခုဂင်းနစ်စံချိန်ကို ရယူရန်အတွက် လေ့ကျင့်မှုများ မလုပ်ဆောင်ခင် အချိန်အထိ ဘီးတစ်ဘီးတည်းပါသော စက်ဘီးကို စီးဖူးခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ ဂင်းနစ်စံချိန်ကို ရယူရန်ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် တစ်နေ့လျှင် အချိန်(၁၂)နာရီခန့် ခရီးသွားခဲ့ကြောင်း Eamonn Keaveney က ပြောကြားခဲ့သည်။
၎င်းက “တစ်ခါတစ်လေကြရင် တစ်နေ့ကုန်ခါနီးမှာ နောက်ဆုံးမိုင် အနည်းငယ်ကို ထပ်စီးဖို့အတွက် စက်ဘီးပေါ်ကို တက်ဖို့ ကိုယ့်ကိုယ်ကို ဖိအားပေးခဲ့ရတာတွေ ရှိပါတယ်။ ဒီခရီးစဉ်အပြီးမှာ ကျွန်တော့်ရဲ့ခြေကျင်းဝတ်တွေ ရောင်နေပြီး စက်ဘီးခြေနင်းကို တစ်ပတ်ပြည့်အောင် လှည့်လိုက်တိုင်း နာကျင်မှုကို ခံစားခဲ့ရပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version;
ဘီးတစ္ဘီးတည္းပါတဲ့ စက္ဘီးနဲ႔ ႏိုင္ငံအလ်ားတစ္ေလွ်ာက္သြားျပခဲ့ၿပီး ဂင္းနစ္စံခ်ိန္ရယူႏိုင္ခဲ့တဲ့ အိုင္ယာလန္ ႏိုင္ငံသား
Pika (NP News) - ဇူလိုင္ ၁၇

အိုင္ယာလန္ႏိုင္ငံသားတစ္ဦးသည္ ဘီးတစ္ဘီးတည္းပါေသာ စက္ဘီးျဖင့္ ႏိုင္ငံအလ်ားတစ္ေလွ်ာက္(၃ဝ၈)မိုင္ကို အခ်ိန္(၅)ရက္ (၅)နာရီ ႏွင့္ (၂၃)မိနစ္အတြင္း သြားျပခဲ့ၿပီးေနာက္ ၎၏ဒုတိယေျမာက္ဂင္းနစ္စံခ်ိန္ကို ရယူႏိုင္ခဲ့ ေၾကာင္း သိရသည္။
Eamonn Keaveney ဟုအမည္ရေသာ အမ်ိဳးသားသည္ အိုင္ယာလန္ႏိုင္ငံ၏ အလ်ားတစ္ေလွ်ာက္ကို ဘီးတစ္ဘီး တည္းပါေသာ စက္ဘီးျဖင့္ အျမန္ဆုံးသြားျပႏိုင္ျခင္းအတြက္ ဂင္းနစ္စံခ်ိန္ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ၂ဝ၁၆ ခုႏွစ္တြင္ ကမာၻ႔အရွည္ဆုံး ေျခဗလာခရီးစဥ္အတြက္ ဂင္းနစ္စံခ်ိန္တင္ခဲ့ဖူးေသာ Eamonn Keaveney သည္ ေျခဗလာျဖင့္ ေတာင္(၁၀)လုံးကို အခ်ိန္(၁၀)ရက္အတြင္း တက္ျပခဲ့ဖူးေၾကာင္းလည္း သိရသည္။

သို႔ေသာ္လည္း Eamonn Keaveney သည္ ယခုဂင္းနစ္စံခ်ိန္ကို ရယူရန္အတြက္ ေလ့က်င့္မႈမ်ား မလုပ္ေဆာင္ခင္ အခ်ိန္အထိ ဘီးတစ္ဘီးတည္းပါေသာ စက္ဘီးကို စီးဖူးခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္းလည္း သိရသည္။ အဆိုပါ ဂင္းနစ္စံခ်ိန္ကို ရယူရန္ႀကိဳးပမ္းမႈတစ္စိတ္တစ္ပိုင္းအေနျဖင့္ တစ္ေန႔လွ်င္ အခ်ိန္(၁၂)နာရီခန႔္ ခရီးသြားခဲ့ေၾကာင္း Eamonn Keaveney က ေျပာၾကားခဲ့သည္။
၎က “တစ္ခါတစ္ေလၾကရင္ တစ္ေန႔ကုန္ခါနီးမွာ ေနာက္ဆုံးမိုင္ အနည္းငယ္ကို ထပ္စီးဖို႔အတြက္ စက္ဘီးေပၚကို တက္ဖို႔ ကိုယ့္ကိုယ္ကို ဖိအားေပးခဲ့ရတာေတြ ရွိပါတယ္။ ဒီခရီးစဥ္အၿပီးမွာ ကြၽန္ေတာ့္ရဲ႕ေျခက်င္းဝတ္ေတြ ေရာင္ေနၿပီး စက္ဘီးေျခနင္းကို တစ္ပတ္ျပည့္ေအာင္ လွည့္လိုက္တိုင္း နာက်င္မႈကို ခံစားခဲ့ရပါတယ္” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.