မြောက်အိုင်ယာလန်နိုင်ငံမြို့တစ်မြို့မှာ တည်ဆောက်ခဲ့တဲ့ အမြင့်(၂၀၅)ပေကျော်ရှိတဲ့ မီးရှို့စင်က ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်နိုင်ဖွယ်ရှိနေ

 780

Pika (NP News) - ဇူလိုင် ၁၈

မြောက်အိုင်ယာလန်နိုင်ငံတွင်ရှိသော မြို့တစ်မြို့သည် အမြင့်(၂၀၅)ပေကျော်ရှိသော မီးရှို့စင်တစ်ခုကို တည်ဆောက်ခဲ့ပြီးနောက် ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ဖွယ်ရှိနေကြောင်း သိရသည်။
မြေပြင်စစ်တမ်းကုမ္ပဏီ LSS ၏ တိုင်းတာချက်အရ အဆိုပါမီးရှို့စင်သည် (၂၀၅)ပေနှင့် (၆)လက်မရှိကြောင်း Larne မြို့ရှိ Craigyhill Bonfire ကော်မတီက ပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါမီးရှို့စင်သည် ၂ဝ၁၉ ခုနှစ်တွင် ဩစတြီးယားနိုင်ငံမှာ တည်ဆောက်ခဲ့သော အမြင့်(၁၉၈)ပေနှင့် (၁၁)လက်မရှိသည့် မီးရှို့စင်ထံမှ ဂင်းနစ်စံချိန်ကို ရယူနိုင်ရန်လုံလောက်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

စစ်တမ်းကောက်ယူသူများထံမှ အချက်အလက်များကို တရားဝင်အသိအမှတ်ပြုရန်အတွက် ဂင်းနစ်စံချိန်မှတ်တမ်း အဖွဲ့အစည်းများထံ တင်ပြထားကြောင်း Craigyhill Bonfire ကော်မတီက ပြောကြားခဲ့သည်။ Stephen Maginnis ဆိုသော အမျိုးသားသည် အဆိုပါမီးရှို့စင်ပေါ်မှ လေထီးဖြင့်ခုန်ချပြခဲ့ပြီးနောက် ယခုသီတင်းပတ်အစောပိုင်းတွင် ကြီးမားသော မီးရှို့စင်နှင့်ပတ်သက်သော ခေါင်းစီးသတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါစတန့်သည် ကမ္ဘာပေါ်တွင် ကြီးမားသောမီးရှို့စင်ပေါ်မှ ပထမဆုံး ခုန်ချမှုတစ်ခုအဖြစ် ချီးကျူးခံခဲ့ရကြောင်း လည်း သိရသည်။ ၁၆၉ဝ ပြည့်နှစ်တွင် အိုင်ယာလန်နိုင်ငံမှာဖြစ်ပွားခဲ့သော Boyne တိုက်ပွဲတွင် Catholics ဘာသာဝင်များအပေါ် Protestants ဘာသာဝင်များက အနိုင်ယူခဲ့သည့်အောင်ပွဲကို အသိအမှတ်ပြုသည့်အနေဖြင့် ကျင်းပသော ရိုးရာပွဲအတွက် အဆိုပါမီးရှို့စင်ကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
ေျမာက္အိုင္ယာလန္ႏိုင္ငံၿမိဳ႕တစ္ၿမိဳ႕မွာ တည္ေဆာက္ခဲ့တဲ့ အျမင့္(၂၀၅)ေပေက်ာ္ရွိတဲ့ မီးရႈိ႕စင္က ကမာၻ႔ဂင္းနစ္ စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ဖြယ္ရွိေန
Pika (NP News) - ဇူလိုင္ ၁၈

ေျမာက္အိုင္ယာလန္ႏိုင္ငံတြင္ရွိေသာ ၿမိဳ႕တစ္ၿမိဳ႕သည္ အျမင့္(၂၀၅)ေပေက်ာ္ရွိေသာ မီးရႈိ႕စင္တစ္ခုကို တည္ေဆာက္ခဲ့ၿပီးေနာက္ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ဖြယ္ရွိေနေၾကာင္း သိရသည္။
ေျမျပင္စစ္တမ္းကုမၸဏီ LSS ၏ တိုင္းတာခ်က္အရ အဆိုပါမီးရႈိ႕စင္သည္ (၂၀၅)ေပႏွင့္ (၆)လက္မရွိေၾကာင္း Larne ၿမိဳ႕ရွိ Craigyhill Bonfire ေကာ္မတီက ေျပာၾကားခဲ့သည္။ ထို႔ျပင္ အဆိုပါမီးရႈိ႕စင္သည္ ၂ဝ၁၉ ခုႏွစ္တြင္ ဩစႀတီးယားႏိုင္ငံမွာ တည္ေဆာက္ခဲ့ေသာ အျမင့္(၁၉၈)ေပႏွင့္ (၁၁)လက္မရွိသည့္ မီးရႈိ႕စင္ထံမွ ဂင္းနစ္စံခ်ိန္ကို ရယူႏိုင္ရန္လုံေလာက္ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

စစ္တမ္းေကာက္ယူသူမ်ားထံမွ အခ်က္အလက္မ်ားကို တရားဝင္အသိအမွတ္ျပဳရန္အတြက္ ဂင္းနစ္စံခ်ိန္မွတ္တမ္း အဖြဲ႕အစည္းမ်ားထံ တင္ျပထားေၾကာင္း Craigyhill Bonfire ေကာ္မတီက ေျပာၾကားခဲ့သည္။ Stephen Maginnis ဆိုေသာ အမ်ိဳးသားသည္ အဆိုပါမီးရႈိ႕စင္ေပၚမွ ေလထီးျဖင့္ခုန္ခ်ျပခဲ့ၿပီးေနာက္ ယခုသီတင္းပတ္အေစာပိုင္းတြင္ ႀကီးမားေသာ မီးရႈိ႕စင္ႏွင့္ပတ္သက္ေသာ ေခါင္းစီးသတင္းမ်ား ထြက္ေပၚလာခဲ့ျခင္းျဖစ္သည္။

အဆိုပါစတန႔္သည္ ကမာၻေပၚတြင္ ႀကီးမားေသာမီးရႈိ႕စင္ေပၚမွ ပထမဆုံး ခုန္ခ်မႈတစ္ခုအျဖစ္ ခ်ီးက်ဴးခံခဲ့ရေၾကာင္း လည္း သိရသည္။ ၁၆၉ဝ ျပည့္ႏွစ္တြင္ အိုင္ယာလန္ႏိုင္ငံမွာျဖစ္ပြားခဲ့ေသာ Boyne တိုက္ပြဲတြင္ Catholics ဘာသာဝင္မ်ားအေပၚ Protestants ဘာသာဝင္မ်ားက အႏိုင္ယူခဲ့သည့္ေအာင္ပြဲကို အသိအမွတ္ျပဳသည့္အေနျဖင့္ က်င္းပေသာ ႐ိုးရာပြဲအတြက္ အဆိုပါမီးရႈိ႕စင္ကို တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.