BLACKPINK အဖွဲ့ရဲ့ "Boombayah" သီချင်းက 'Despicable Me 4' ကာတွန်းကားရဲ့ဇာတ်ဝင်ခန်းတစ်ခုမှာ ပါဝင်လာ

 535

Pika (NP News) - ဇူလိုင် ၁၈

မကြာသေးမီက ထွက်ရှိလာခဲ့သော of "Despicable Me 4" ကာတွန်းကား၏ ဇာတ်ဝင်တစ်ခန်းတွင် BLACKPINK ၏ "Boombayah" သီချင်းကို ထည့်သွင်းအသုံးပြုထားသဖြင့် ပရိသတ်များကြားတွင် အံ့အားသင့်မှုများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။"

Despicable Me 4" ကာတွန်းကားတွင် Minions ဟု လူသိများသော အဝါရောင်ကောင်လေးများက အပြာရောင် ဘတ်စ်ကားတစ်စီးဖြင့် ခရီးသွားနေသည့်ဇာတ်ဝင်ခန်းတွင် "Boombayah" သီချင်းကို ရေဒီယိုဖြင့် ဖွင့်ထားသည်ကို လည်း တွေ့မြင်ခဲ့ရပြီးနောက် ယခုလိုအံ့အားသင့်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် “Despicable Me 4” ၏ တေးသွားကို လက်ရှိအချိန်တွင် Spotify မှာ တရားဝင် ရရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

BLACKPINK အဖွဲ့၏ “Boombayah” သီချင်းသည် အမေရိကန်ရက်ပ်ပါ Lil Yachty ၏ “Lil Mega Minion” သီချင်း၊ Elton John နှင့် Dua Lipa တို့၏ “Cold Heart” သီချင်း၊ Pitbull၏ “Freedom” တို့ကဲ့သို့သော သီချင်းတို့နှင့်အတူ “Despicable Me 4” ကာတွန်းကားတွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝှမ်းမှာ အောင်မြင်ကျော်ကြားမှုများရရှိနေသော BLACKPINK အဖွဲ့၏ အဖွဲ့ဝင်များသည် ကိုယ်ပိုင်ကုမ္ပဏီ တည်ထောင်ခြင်းမျိုးအပြင် တစ်ကိုယ်တော်ခရီးစတင်ခြင်းများကို လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
BLACKPINK အဖြဲ႕ရဲ႕ "Boombayah" သီခ်င္းက 'Despicable Me 4' ကာတြန္းကားရဲ႕ဇာတ္ဝင္ခန္းတစ္ခုမွာ ပါဝင္လာ
Pika (NP News) - ဇူလိုင္ ၁၈

မၾကာေသးမီက ထြက္ရွိလာခဲ့ေသာ of "Despicable Me 4" ကာတြန္းကား၏ ဇာတ္ဝင္တစ္ခန္းတြင္ BLACKPINK ၏ "Boombayah" သီခ်င္းကို ထည့္သြင္းအသုံးျပဳထားသျဖင့္ ပရိသတ္မ်ားၾကားတြင္ အံ့အားသင့္မႈမ်ား ထြက္ေပၚလာခဲ့ေၾကာင္း သိရသည္။"

Despicable Me 4" ကာတြန္းကားတြင္ Minions ဟု လူသိမ်ားေသာ အဝါေရာင္ေကာင္ေလးမ်ားက အျပာေရာင္ ဘတ္စ္ကားတစ္စီးျဖင့္ ခရီးသြားေနသည့္ဇာတ္ဝင္ခန္းတြင္ "Boombayah" သီခ်င္းကို ေရဒီယိုျဖင့္ ဖြင့္ထားသည္ကို လည္း ေတြ႕ျမင္ခဲ့ရၿပီးေနာက္ ယခုလိုအံ့အားသင့္မႈမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ ထို႔ျပင္ “Despicable Me 4” ၏ ေတးသြားကို လက္ရွိအခ်ိန္တြင္ Spotify မွာ တရားဝင္ ရရွိေနၿပီျဖစ္ေၾကာင္းလည္း သိရသည္။

BLACKPINK အဖြဲ႕၏ “Boombayah” သီခ်င္းသည္ အေမရိကန္ရက္ပ္ပါ Lil Yachty ၏ “Lil Mega Minion” သီခ်င္း၊ Elton John ႏွင့္ Dua Lipa တို႔၏ “Cold Heart” သီခ်င္း၊ Pitbull၏ “Freedom” တို႔ကဲ့သို႔ေသာ သီခ်င္းတို႔ႏွင့္အတူ “Despicable Me 4” ကာတြန္းကားတြင္ ပါဝင္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ လက္ရွိအခ်ိန္တြင္ ကမာၻတစ္ဝွမ္းမွာ ေအာင္ျမင္ေက်ာ္ၾကားမႈမ်ားရရွိေနေသာ BLACKPINK အဖြဲ႕၏ အဖြဲ႕ဝင္မ်ားသည္ ကိုယ္ပိုင္ကုမၸဏီ တည္ေထာင္ျခင္းမ်ိဳးအျပင္ တစ္ကိုယ္ေတာ္ခရီးစတင္ျခင္းမ်ားကို လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.