ပြည်ပခရီးသွားများကို ဆွဲဆောင်ရန်အတွက် ခရီးသွားကုမ္ပဏီများအနေဖြင့် ပုံမှန်ခရီးစဥ်နှင့်ကွဲထွက်သော လှုပ်ရှားမှုပါဝင်သည့် ခရီးစဥ်များကို ပိုမိုတိုးမြှင့်ရန်လို

 681

ယွန်း (NP News) - ဇူလိုင် ၁၈

ပြည်ပခရီးသွားများကို ဆွဲဆောင်ရန်အတွက် ခရီးသွားကုမ္ပဏီများအနေဖြင့် ပုံမှန်ခရီးစဥ်နှင့်ကွဲထွက်သော လှုပ်ရှားမှုပါဝင်သည့်ခရီးစဥ်များကို ပိုမိုတိုးမြှင့်ရန် လိုကြောင်း သိရသည်။

ပြည်တွင်း၌ Adventure Trip ပါဝင်သော ခရီးစဥ်များပေါ်ထွက်လာနိုင်ရေးအတွက် ကိုဗစ်မတိုင်ခင်ကာလကပင် ကြိုးစားဆောင်ရွက်ခဲ့သော်လည်း လက်ရှိအချိန်အထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ထို့ပြင် ပြည်ပခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ရန်အတွက် ပြည် တွင်း၌ မြင်းစီးခြင်းအပါအဝင် လှေလှော်ခြင်းများကဲ့သို့ ခရီးစဥ်များကို ပိုမိုတိုးမြှင့်ဖော်ဆောင်ရန်လိုအပ်ပြီး ခရီးသွားကုမ္ပဏီအချို့အနေဖြင့် အဆိုပါခရီးစဥ်များကို စတင်ရောင်းချမှုများရှိနေကြောင်း သိရသည်။

“Adventure ပုံစံမျိုးက မြန်မာနိုင်ငံအတွင်းမှာ ကိုဗစ်မတိုင်ခင်ကလည်း ကြိုးစားတယ်။ ပီပီပြင်ပြင်နဲ့ပေါ်ထွက်မလာနိုင်သေးဘူး။ အခုလောလော ဆယ်တော့ နိုင်ငံခြားသားတွေကို လုံခြုံစိတ်ချရတဲ့နေရာတွေမှာ မြင်စီးတာတို့၊ လှေလှော်တာတို့၊ ဖောင်နဲ့သွားတာတွေ၊ တောထဲမှာ Camp ထိုးပြီးတော့ စခန်းချနေတာတွေ၊ တောထဲမှာဖြတ်လျှောက်တာတွေ ဒီလိုမျိုးတွေကိုတော့ တိုးမြှင့်ပြီးလုပ်ဖို့လိုပါတယ်။ တချို့ခရီးသွားကုမ္ပဏီလေးတွေအနေနဲ့လည်း စတင်ရောင်းချနေတာမျိုးတွေ့ရပါတယ်”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က NP News ကို ပြောသည်။

ပြည်ပခရီးသွားများအနေဖြင့် ပြည်တွင်းရှိ နေရာအချို့သို့ Adventure Trip ပါဝင်သော ညအိပ် Camp ခရီးစဉ်များ စီစဉ်ပေးရန် တောင်းဆိုမှုများရှိနေကြောင်း သိရသည်။ လက်ရှိတွင် ပြည်ပခရီးသွားဝင်ရောက်မှု နည်းပါးနေခြင်းကြောင့် ခရီးသွားကုမ္ပဏီများအနေဖြင့် ပြည်တွင်းရှိနိုင်ငံခြားသားများကို ခရီးစဥ်ဒေသများကို အဓိကထားရောင်းချလာကြောင်း သိရသည်။

“ပြည်တွင်းမှာဆိုရင် Weekend တွေမှာ လှေစီးတာကို ပြည်တွင်းမှာနေထိုင်တဲ့နိုင်ငံခြားသားတွေကို အဓိကထားပြီး ရောင်းချလာတာတွေ့ရတယ်။ ပြည်ပကနေဝင်ရောက်လာမယ့် နိုင်ငံခြားသားတွေကိုတော့ ဆွဲဆောင်နိုင်ခြင်းမရှိသေးဘူး။ ဒါပေမဲ့ ဒီဈေးကွက်က ဒီလိုမျိုးဖွံ့ဖြိုးလာတယ်ဆိုရင် ပြည်ပခရီးသွားတွေကိုပါ ပိုမိုဆွဲဆောင်နိုင်တဲ့အခြေအနေမျိုးဖြစ်သွားမှာပါ။ ဒါကြောင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးဖို့လိုပါတယ်”ဟု ဦးနောင်းနောင်းဟန်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တစ်နှစ်တာလုံး‌အနေဖြင့် ပြည်ပခရီးသွားဧည့်သည် (၁ ဒသမ ၂၈ သန်း)ဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဝင်ရောက်ခဲ့သည့် ၂ သိန်း ၃ သောင်းကျော်နှင့် နှိုင်းယှဉ်ပါက (၄)ဆခွဲတိုးတက်ခဲ့ကြောင်း သိရသည်။

zawgyi version
ျပည္ပခရီးသြားမ်ားကို ဆြဲေဆာင္ရန္အတြက္ ခရီးသြားကုမၸဏီမ်ားအေနျဖင့္ ပုံမွန္ခရီးစဥ္ႏွင့္ကြဲထြက္ေသာ လႈပ္ရွားမႈပါဝင္သည့္ ခရီးစဥ္မ်ားကို ပိုမိုတိုးျမႇင့္ရန္လို

ယြန္း (NP News) - ဇူလိုင္ ၁၈

ျပည္ပခရီးသြားမ်ားကို ဆြဲေဆာင္ရန္အတြက္ ခရီးသြားကုမၸဏီမ်ားအေနျဖင့္ ပုံမွန္ခရီးစဥ္ႏွင့္ကြဲထြက္ေသာ လႈပ္ရွားမႈပါဝင္သည့္ခရီးစဥ္မ်ားကို ပိုမိုတိုးျမႇင့္ရန္ လိုေၾကာင္း သိရသည္။

ျပည္တြင္း၌ Adventure Trip ပါဝင္ေသာ ခရီးစဥ္မ်ားေပၚထြက္လာႏိုင္ေရးအတြက္ ကိုဗစ္မတိုင္ခင္ကာလကပင္ ႀကိဳးစားေဆာင္႐ြက္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္အထိ အေကာင္အထည္ေဖာ္ႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။ ထို႔ျပင္ ျပည္ပခရီးသြားမ်ားကို ပိုမိုဆြဲေဆာင္ႏိုင္ရန္အတြက္ ျပည္ တြင္း၌ ျမင္းစီးျခင္းအပါအဝင္ ေလွေလွာ္ျခင္းမ်ားကဲ့သို႔ ခရီးစဥ္မ်ားကို ပိုမိုတိုးျမႇင့္ေဖာ္ေဆာင္ရန္လိုအပ္ၿပီး ခရီးသြားကုမၸဏီအခ်ိဳ႕အေနျဖင့္ အဆိုပါခရီးစဥ္မ်ားကို စတင္ေရာင္းခ်မႈမ်ားရွိေနေၾကာင္း သိရသည္။

“Adventure ပုံစံမ်ိဳးက ျမန္မာႏိုင္ငံအတြင္းမွာ ကိုဗစ္မတိုင္ခင္ကလည္း ႀကိဳးစားတယ္။ ပီပီျပင္ျပင္နဲ႔ေပၚထြက္မလာႏိုင္ေသးဘူး။ အခုေလာေလာ ဆယ္ေတာ့ ႏိုင္ငံျခားသားေတြကို လုံၿခဳံစိတ္ခ်ရတဲ့ေနရာေတြမွာ ျမင္စီးတာတို႔၊ ေလွေလွာ္တာတို႔၊ ေဖာင္နဲ႔သြားတာေတြ၊ ေတာထဲမွာ Camp ထိုးၿပီးေတာ့ စခန္းခ်ေနတာေတြ၊ ေတာထဲမွာျဖတ္ေလွ်ာက္တာေတြ ဒီလိုမ်ိဳးေတြကိုေတာ့ တိုးျမႇင့္ၿပီးလုပ္ဖို႔လိုပါတယ္။ တခ်ိဳ႕ခရီးသြားကုမၸဏီေလးေတြအေနနဲ႔လည္း စတင္ေရာင္းခ်ေနတာမ်ိဳးေတြ႕ရပါတယ္”ဟု ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးေနာင္းေနာင္းဟန္က NP News ကို ေျပာသည္။

ျပည္ပခရီးသြားမ်ားအေနျဖင့္ ျပည္တြင္းရွိ ေနရာအခ်ိဳ႕သို႔ Adventure Trip ပါဝင္ေသာ ညအိပ္ Camp ခရီးစဥ္မ်ား စီစဥ္ေပးရန္ ေတာင္းဆိုမႈမ်ားရွိေနေၾကာင္း သိရသည္။ လက္ရွိတြင္ ျပည္ပခရီးသြားဝင္ေရာက္မႈ နည္းပါးေနျခင္းေၾကာင့္ ခရီးသြားကုမၸဏီမ်ားအေနျဖင့္ ျပည္တြင္းရွိႏိုင္ငံျခားသားမ်ားကို ခရီးစဥ္ေဒသမ်ားကို အဓိကထားေရာင္းခ်လာေၾကာင္း သိရသည္။

“ျပည္တြင္းမွာဆိုရင္ Weekend ေတြမွာ ေလွစီးတာကို ျပည္တြင္းမွာေနထိုင္တဲ့ႏိုင္ငံျခားသားေတြကို အဓိကထားၿပီး ေရာင္းခ်လာတာေတြ႕ရတယ္။ ျပည္ပကေနဝင္ေရာက္လာမယ့္ ႏိုင္ငံျခားသားေတြကိုေတာ့ ဆြဲေဆာင္ႏိုင္ျခင္းမရွိေသးဘူး။ ဒါေပမဲ့ ဒီေဈးကြက္က ဒီလိုမ်ိဳးဖြံ႕ၿဖိဳးလာတယ္ဆိုရင္ ျပည္ပခရီးသြားေတြကိုပါ ပိုမိုဆြဲေဆာင္ႏိုင္တဲ့အေျခအေနမ်ိဳးျဖစ္သြားမွာပါ။ ဒါေၾကာင့္ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ေပးဖို႔လိုပါတယ္”ဟု ဦးေနာင္းေနာင္းဟန္က ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ တစ္ႏွစ္တာလုံး‌အေနျဖင့္ ျပည္ပခရီးသြားဧည့္သည္ (၁ ဒသမ ၂၈ သန္း)ဝင္ေရာက္ခဲ့ၿပီး ၂၀၂၂ ခုႏွစ္တြင္ ဝင္ေရာက္ခဲ့သည့္ ၂ သိန္း ၃ ေသာင္းေက်ာ္ႏွင့္ ႏႈိင္းယွဥ္ပါက (၄)ဆခြဲတိုးတက္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.