တရုတ်နိုင်ငံက ဈေးဝယ်စင်တာတစ်ခုမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၆)ဦးသေဆုံး

 661

Pika (NP News) - ဇူလိုင် ၁၈

တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာရှိတဲ့ ဈေးဝယ်စင်တာတစ်ခုမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၆)ဦးသေဆုံးခဲ့တယ်လို့ ဆင်ဟွာသတင်းအေဂျင်စီက ဇူလိုင်လ(၁၈)ရက်နေ့မှာ ရေးသားဖော်ပြခဲ့ပါတယ်။ဒါ့ပြင် ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ ဇူလိုင်လ(၁၈)ရက်နေ့ နံနက်(၃)နာရီအချိန်မှာ ပြီးဆုံးခဲ့တယ်လို့ ဒေသတွင်းမီးသတ်နဲ့ကယ်ဆယ်ရေးဝန်ဆောင်မှုတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး ဆင်ဟွာကဖော်ပြခဲ့ပါတယ်။

ဇူလိုင်လ(၁၆)ရက်နေ့ညက ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေထားတဲ့ ဗီဒီယိုဖိုင်မှာ စီချွမ်ပြည်နယ် Zigongမြို့မှာရှိတဲ့ (၁၄)ထပ်အဆောက်အအုံကနေ မီးခိုးတွေအများအပြားထွက်နေတာကို တွေ့မြင်ခဲ့ရပါတယ်။ ဇူလိုင်လ(၁၇)ရက်နေ့ ညနေပိုင်းမှာ (၁၄)ထပ်အဆောက်အအုံရဲ့ မြေညီထပ်ဈေးဝယ်စင်တာမှာ မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ CCTV ကဖော်ပြထားပါတယ်။ မီးသတ်သမားတွေဟာ ည(၈)နာရီ(၂၀)မိနစ်ဝန်းကျင်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး လူ(၃၀)ဦးကို အဆောက်အအုံအတွင်းကနေ အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့တယ်လို့ CCTV ရဲ့ဖော်ပြချက်အရသိရပါတယ်။

ဇူလိုင်လ(၁၈)ရက်နေ့ နံနက် (၃)နာရီအထိ သေဆုံးသူ(၁၆)ဦးရှိခဲ့ပြီး အထဲမှာပိတ်မိနေသူတွေ မရှိတော့ဘူးလို့ ဆင်ဟွာရဲ့ဖော်ပြချက်အရသိရပါတယ်။

zawgyi version
တ႐ုတ္ႏိုင္ငံက ေဈးဝယ္စင္တာတစ္ခုမွာ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၁၆)ဦးေသဆုံး
Pika (NP News) - ဇူလိုင္ ၁၈

တ႐ုတ္ႏိုင္ငံအေနာက္ေတာင္ပိုင္းမွာရွိတဲ့ ေဈးဝယ္စင္တာတစ္ခုမွာ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၁၆)ဦးေသဆုံးခဲ့တယ္လို႔ ဆင္ဟြာသတင္းေအဂ်င္စီက ဇူလိုင္လ(၁၈)ရက္ေန႔မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။ဒါ့ျပင္ ကယ္ဆယ္ေရးလုပ္ငန္းေတြဟာ ဇူလိုင္လ(၁၈)ရက္ေန႔ နံနက္(၃)နာရီအခ်ိန္မွာ ၿပီးဆုံးခဲ့တယ္လို႔ ေဒသတြင္းမီးသတ္နဲ႔ကယ္ဆယ္ေရးဝန္ေဆာင္မႈေတြရဲ႕ေျပာဆိုခ်က္ကို ကိုးကားၿပီး ဆင္ဟြာကေဖာ္ျပခဲ့ပါတယ္။

ဇူလိုင္လ(၁၆)ရက္ေန႔ညက ဆိုရွယ္မီဒီယာေပၚမွာ မွ်ေဝထားတဲ့ ဗီဒီယိုဖိုင္မွာ စီခြၽမ္ျပည္နယ္ Zigongၿမိဳ႕မွာရွိတဲ့ (၁၄)ထပ္အေဆာက္အအုံကေန မီးခိုးေတြအမ်ားအျပားထြက္ေနတာကို ေတြ႕ျမင္ခဲ့ရပါတယ္။ ဇူလိုင္လ(၁၇)ရက္ေန႔ ညေနပိုင္းမွာ (၁၄)ထပ္အေဆာက္အအုံရဲ႕ ေျမညီထပ္ေဈးဝယ္စင္တာမွာ မီးေလာင္ကြၽမ္းမႈစတင္ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ CCTV ကေဖာ္ျပထားပါတယ္။ မီးသတ္သမားေတြဟာ ည(၈)နာရီ(၂၀)မိနစ္ဝန္းက်င္မွာ မီးျငႇိမ္းသတ္ႏိုင္ခဲ့ၿပီး လူ(၃၀)ဦးကို အေဆာက္အအုံအတြင္းကေန ေအာင္ျမင္စြာကယ္ထုတ္ႏိုင္ခဲ့တယ္လို႔ CCTV ရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။

ဇူလိုင္လ(၁၈)ရက္ေန႔ နံနက္ (၃)နာရီအထိ ေသဆုံးသူ(၁၆)ဦးရွိခဲ့ၿပီး အထဲမွာပိတ္မိေနသူေတြ မရွိေတာ့ဘူးလို႔ ဆင္ဟြာရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။

Related news

© 2021. All rights reserved.