ရထားလမ်းမိုင်းပေါက်ကွဲထားမှုကြောင့် ခရီးသည်(၅၀၀)နီးပါးလိုက်ပါလာသည့် မော်လမြိုင်- ရန်ကုန်လူစီးအမြန်ရထား၏ လူစီးတွဲ(၂)တွဲ လမ်းချော်ကျမှု ဖြစ်ပွား

 1160

NP News - ဇူလိုင် ၁၈

ရထားလမ်းမိုင်းပေါက်ကွဲထားမှုကြောင့် ခရီးသည်(၅၀၀)နီးပါးလိုက်ပါလာသည့် မော်လမြိုင်- ရန်ကုန်လူစီးအမြန်ရထား၏ လူစီးတွဲ(၂)တွဲ လမ်းချော်ကျမှု ဖြစ်ပွားခဲ့ကြောင်း နစကမှ ဇူလိုင်လ(၁၇)ရက်နေ့ ညပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ ဇူလိုင်လ(၁၇)ရက်နေ့တွင် မော်လမြိုင်မှ ထွက်ခွာလာသည့် အမှတ်(၈၂)အစုန် မော်လမြိုင်- ရန်ကုန်လူစီးအမြန်ရထားသည် မွန်ပြည် နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ် ဘူတာနှင့် ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၃/၁၇-၁၅ သို့ နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် ဖြတ်သန်းစဥ် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေရာသည် ရထားလမ်းမိုင်းပေါက်ကွဲထားခြင်းကြောင့် သံလမ်း (၁)ပေခွဲခန့် ပြတ်တောက်နေသဖြင့် စက်ခေါင်းနှင့်အတူ ရထားတွဲဆိုင်းတွင်ပါရှိသည့် လူစီးတွဲ(၂)တွဲလမ်းချော်ကျမှုဖြစ်ပွားခဲ့ကြောင်း နစကမှဆိုထား သည်။ ဖြစ်စဥ်ကြောင့် ခရီးသည်နှင့် ဝန်ထမ်းထိခိုက်မှုမရှိဘဲ သိမ်ဆိပ်- ဒုံဝန်းလမ်းပိုင်းအား ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။

အမှတ် (၈၂) အစုန် လူစီးအမြန်ရထားပေါ်တွင် ရိုးရိုးတန်းခရီးသည် (၃၁၃) ဦးနှင့် အထက်တန်းခရီးသည် (၁၄၆) ဦး စုစုပေါင်း (၄၅၉) ဦးပါဝင်ပြီး ဆက်လက်ထွက်ခွာနိုင်ရေးအတွက် ကျိုက်ထိုတွင် ရောက်ရှိနေသော အမှတ် (၈၁)အဆန် လူစီးအမြန်ရထားသည် ရထားလမ်းချော်ကျသည့်နေရာသို့ ရောက်ရှိပြီး ညနေ ၄ နာရီခွဲတွင် ခရီးသည်များအား ရထားကူးပြောင်းပြီးစီး၍ ညနေ ၅ နာရီခွဲတွင် အမှတ် (၈၂) အစုန် လူစီးအမြန်ရထားအဖြစ် ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် အမှတ်(၈၁)အဆန် လူစီးအမြန်ရထားမှ ခရီးသည်များ ဆက် လက်ထွက်ခွာနိုင်ရေးအတွက် လမ်းချော်ကျသော အမှတ် (၈၂) အစုန်တွဲဆိုင်း၏ လမ်းချော်မကျသော တွဲများဖြင့် ခရီးသည်များအား ကူးပြောင်းပြီး ညနေ ၅ နာရီ ၁၅ မိနစ်တွင် သထုံဘူတာဘက်သို့ ဆက်လက်ထွက်ခွာပေးနိုင်ခဲ့ပါသည်။ အဆိုပါခရီးသည်များ အဆင်ပြေစွာဆက်လက်ပို့ဆောင်ပေးနိုင်ရေးအတွက် မော်လမြိုင်တွင်ရှိသော စက်ခေါင်း နှင့် အရန်တွဲဆိုင်းဖြင့် သထုံဘူတာမှ စောင့်ကြိုပြီး အမှတ် (၈၁) အဆန်ရထားအဖြစ် မော်လမြိုင်သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

မြန်မာ့မီးရထားဝန်ထမ်းများကလည်း လမ်းချော်ကျသော ရထားစက်ခေါင်းနှင့် လူစီးတွဲ (၂) တွဲအားမတင်၍ လမ်းပိုင်းအားအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နစကမှ အသိပေးထားသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင် မိုင်းခွဲ/ ဖျက်ဆီးခြင်း (၂၀၆) ကြိမ်၊ ရထားတံတား/ သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း (၁၆၆) ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၄၂) ကြိမ် ကျူးလွန်ခဲ့ကြောင်း သိရသည်။

zawgyi version
ရထားလမ္းမိုင္းေပါက္ကြဲထားမႈေၾကာင့္ ခရီးသည္(၅၀၀)နီးပါးလိုက္ပါလာသည့္ ေမာ္လၿမိဳင္- ရန္ကုန္လူစီးအျမန္ရထား၏ လူစီးတြဲ(၂)တြဲ လမ္းေခ်ာ္က်မႈ ျဖစ္ပြား

NP News - ဇူလိုင္ ၁၈

ရထားလမ္းမိုင္းေပါက္ကြဲထားမႈေၾကာင့္ ခရီးသည္(၅၀၀)နီးပါးလိုက္ပါလာသည့္ ေမာ္လၿမိဳင္- ရန္ကုန္လူစီးအျမန္ရထား၏ လူစီးတြဲ(၂)တြဲ လမ္းေခ်ာ္က်မႈ ျဖစ္ပြားခဲ့ေၾကာင္း နစကမွ ဇူလိုင္လ(၁၇)ရက္ေန႔ ညပိုင္းတြင္ အသိေပးထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ဇူလိုင္လ(၁၇)ရက္ေန႔တြင္ ေမာ္လၿမိဳင္မွ ထြက္ခြာလာသည့္ အမွတ္(၈၂)အစုန္ ေမာ္လၿမိဳင္- ရန္ကုန္လူစီးအျမန္ရထားသည္ မြန္ျပည္ နယ္၊ သထုံၿမိဳ႕နယ္၊ သိမ္ဆိပ္ ဘူတာႏွင့္ ဒုံဝန္းဘူတာအၾကား မိုင္တိုင္အမွတ္၊ ၁၂၃/၁၇-၁၅ သို႔ နံနက္ ၁၁ နာရီ ၁၀ မိနစ္အခ်ိန္တြင္ ျဖတ္သန္းစဥ္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေနရာသည္ ရထားလမ္းမိုင္းေပါက္ကြဲထားျခင္းေၾကာင့္ သံလမ္း (၁)ေပခြဲခန႔္ ျပတ္ေတာက္ေနသျဖင့္ စက္ေခါင္းႏွင့္အတူ ရထားတြဲဆိုင္းတြင္ပါရွိသည့္ လူစီးတြဲ(၂)တြဲလမ္းေခ်ာ္က်မႈျဖစ္ပြားခဲ့ေၾကာင္း နစကမွဆိုထား သည္။ ျဖစ္စဥ္ေၾကာင့္ ခရီးသည္ႏွင့္ ဝန္ထမ္းထိခိုက္မႈမရွိဘဲ သိမ္ဆိပ္- ဒုံဝန္းလမ္းပိုင္းအား ယာယီပိတ္ထားခဲ့ေၾကာင္း သိရသည္။

အမွတ္ (၈၂) အစုန္ လူစီးအျမန္ရထားေပၚတြင္ ႐ိုး႐ိုးတန္းခရီးသည္ (၃၁၃) ဦးႏွင့္ အထက္တန္းခရီးသည္ (၁၄၆) ဦး စုစုေပါင္း (၄၅၉) ဦးပါဝင္ၿပီး ဆက္လက္ထြက္ခြာႏိုင္ေရးအတြက္ က်ိဳက္ထိုတြင္ ေရာက္ရွိေနေသာ အမွတ္ (၈၁)အဆန္ လူစီးအျမန္ရထားသည္ ရထားလမ္းေခ်ာ္က်သည့္ေနရာသို႔ ေရာက္ရွိၿပီး ညေန ၄ နာရီခြဲတြင္ ခရီးသည္မ်ားအား ရထားကူးေျပာင္းၿပီးစီး၍ ညေန ၅ နာရီခြဲတြင္ အမွတ္ (၈၂) အစုန္ လူစီးအျမန္ရထားအျဖစ္ ရန္ကုန္ၿမိဳ႕သို႔ ဆက္လက္ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ အမွတ္(၈၁)အဆန္ လူစီးအျမန္ရထားမွ ခရီးသည္မ်ား ဆက္ လက္ထြက္ခြာႏိုင္ေရးအတြက္ လမ္းေခ်ာ္က်ေသာ အမွတ္ (၈၂) အစုန္တြဲဆိုင္း၏ လမ္းေခ်ာ္မက်ေသာ တြဲမ်ားျဖင့္ ခရီးသည္မ်ားအား ကူးေျပာင္းၿပီး ညေန ၅ နာရီ ၁၅ မိနစ္တြင္ သထုံဘူတာဘက္သို႔ ဆက္လက္ထြက္ခြာေပးႏိုင္ခဲ့ပါသည္။ အဆိုပါခရီးသည္မ်ား အဆင္ေျပစြာဆက္လက္ပို႔ေဆာင္ေပးႏိုင္ေရးအတြက္ ေမာ္လၿမိဳင္တြင္ရွိေသာ စက္ေခါင္း ႏွင့္ အရန္တြဲဆိုင္းျဖင့္ သထုံဘူတာမွ ေစာင့္ႀကိဳၿပီး အမွတ္ (၈၁) အဆန္ရထားအျဖစ္ ေမာ္လၿမိဳင္သို႔ ဆက္လက္ပို႔ေဆာင္ေပးခဲ့ေၾကာင္းသိရသည္။

ျမန္မာ့မီးရထားဝန္ထမ္းမ်ားကလည္း လမ္းေခ်ာ္က်ေသာ ရထားစက္ေခါင္းႏွင့္ လူစီးတြဲ (၂) တြဲအားမတင္၍ လမ္းပိုင္းအားအျမန္ဆုံး ျပန္လည္ဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ အသိေပးထားသည္။

အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစ၍ ယခုအခ်ိန္အထိ ျမန္မာ့မီးရထားလမ္းကြန္ရက္တစ္ခုလုံးတြင္ ရထားလမ္းႏွင့္ ရထားဘူတာနယ္ေျမအတြင္း ဗုံးေထာင္ မိုင္းခြဲ/ ဖ်က္ဆီးျခင္း (၂၀၆) ႀကိမ္၊ ရထားတံတား/ သံလမ္းမ်ားအား မိုင္းခြဲဖ်က္ဆီးျခင္း (၁၆၆) ႀကိမ္၊ ဘူတာအေဆာက္အအုံႏွင့္ ဝန္ထမ္းေနအိမ္မ်ားအား မီးရႈိ႕ဖ်က္ဆီးျခင္း (၄၂) ႀကိမ္ က်ဴးလြန္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.