ရုရှားကို အလည်အပတ်ရောက်ရှိနေတဲ့ မြောက်ကိုရီးယားအရာရှိတစ်ဦး ရေနစ်သေဆုံး

 1275

Pika (NP News) - ဇူလိုင် ၁၈

ရုရှားနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ မြောက်ကိုရီးယားအရာရှိတစ်ဦးဟာ မော်စကိုမြို့အပြင်ဘက်က ရေကန်တစ်ခုမှာ ရေကူးနေစဉ်အချိန်အတွင်း ရေနစ်သေဆုံးခဲ့တယ်လို့ ရုရှားမီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။

အဆိုပါ မြောက်ကိုရီးယားအရာရှိဟာ စစ်ရေးလေ့ကျင့်ရေးတပ်ဖွဲ့ခေါင်း ဆောင်တစ်ဦးဖြစ်တယ်လို့လည်းသိရပါတယ်။ Kim Geum Chol လို့အမည်ရတဲ့ အမျိုးသားဟာ ဇူလိုင်လ(၁၁)ရက်နေ့က မော်စကိုမြို့အနောက်မြောက်ဘက်(၃၇)ကီလိုမီတာအကွာ Zelenograd မြို့မှာရှိတဲ့ ရေကန်တစ်ခုမှာ ရေကူးနေစဉ်အချိန်အတွင်း ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ လုံခြုံရေးဝန်ဆောင်မှုတွေနဲ့ ဥပဒေစိုးမိုးရေးဌာနတွေရဲ့ သတင်းအချက်အလက်တွေကို မကြာခဏထုတ်ပြန်လေ့ရှိတဲ့ BAZA သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယား ထိပ်တန်းစစ်ရေးလေ့ကျင့်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင်လ(၈)ရက်နေ့က ရုရှားနိုင်ငံကို လေယာဉ်နဲ့ထွက်ခွါသွားတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ယခုလအစောပိုင်းမှာရေးသားဖော်ပြခဲ့ပါတယ်။

Kim Il Sung စစ်တက္ကသိုလ်ရဲ့ ဥက္ကဋ္ဌအဖြစ် ဖော်ပြခံထားရတဲ့ Kim Geum Chol ဟာ အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်တာဖြစ်တယ်လို့ KCNA ကဖော်ပြခဲ့ပါတယ်။ မော်စကိုမြို့မှာရှိတဲ့ မြောက်ကိုရီးယားသံရုံးဟာ Kim Geum Chol ရဲ့သေဆုံးမှုနဲ့အထောက်အထားအချက်အလက်တွေကို အတည်ပြုပေးဖို့အတွက် ရိုက်တာသတင်းဌာနရဲ့တောင်းဆိုချက်တွေကို ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။

zawgyi version
႐ုရွားကို အလည္အပတ္ေရာက္ရွိေနတဲ့ ေျမာက္ကိုရီးယားအရာရွိတစ္ဦး ေရနစ္ေသဆုံး
Pika (NP News) - ဇူလိုင္ ၁၈

႐ုရွားႏိုင္ငံကို အလည္အပတ္ေရာက္ရွိေနတဲ့ ေျမာက္ကိုရီးယားအရာရွိတစ္ဦးဟာ ေမာ္စကိုၿမိဳ႕အျပင္ဘက္က ေရကန္တစ္ခုမွာ ေရကူးေနစဥ္အခ်ိန္အတြင္း ေရနစ္ေသဆုံးခဲ့တယ္လို႔ ႐ုရွားမီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။

အဆိုပါ ေျမာက္ကိုရီးယားအရာရွိဟာ စစ္ေရးေလ့က်င့္ေရးတပ္ဖြဲ႕ေခါင္း ေဆာင္တစ္ဦးျဖစ္တယ္လို႔လည္းသိရပါတယ္။ Kim Geum Chol လို႔အမည္ရတဲ့ အမ်ိဳးသားဟာ ဇူလိုင္လ(၁၁)ရက္ေန႔က ေမာ္စကိုၿမိဳ႕အေနာက္ေျမာက္ဘက္(၃၇)ကီလိုမီတာအကြာ Zelenograd ၿမိဳ႕မွာရွိတဲ့ ေရကန္တစ္ခုမွာ ေရကူးေနစဥ္အခ်ိန္အတြင္း ေရနစ္ေသဆုံးခဲ့တာျဖစ္တယ္လို႔ လုံၿခဳံေရးဝန္ေဆာင္မႈေတြနဲ႔ ဥပေဒစိုးမိုးေရးဌာနေတြရဲ႕ သတင္းအခ်က္အလက္ေတြကို မၾကာခဏထုတ္ျပန္ေလ့ရွိတဲ့ BAZA သတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။ ေျမာက္ကိုရီးယား ထိပ္တန္းစစ္ေရးေလ့က်င့္ေရး ကိုယ္စားလွယ္အဖြဲ႕ဟာ ဇူလိုင္လ(၈)ရက္ေန႔က ႐ုရွားႏိုင္ငံကို ေလယာဥ္နဲ႔ထြက္ခြါသြားတယ္လို႔ ေျမာက္ကိုရီးယားႏိုင္ငံပိုင္ KCNA သတင္းေအဂ်င္စီက ယခုလအေစာပိုင္းမွာေရးသားေဖာ္ျပခဲ့ပါတယ္။

Kim Il Sung စစ္တကၠသိုလ္ရဲ႕ ဥကၠ႒အျဖစ္ ေဖာ္ျပခံထားရတဲ့ Kim Geum Chol ဟာ အဆိုပါ ကိုယ္စားလွယ္အဖြဲ႕ကိုဦးေဆာင္တာျဖစ္တယ္လို႔ KCNA ကေဖာ္ျပခဲ့ပါတယ္။ ေမာ္စကိုၿမိဳ႕မွာရွိတဲ့ ေျမာက္ကိုရီးယားသံ႐ုံးဟာ Kim Geum Chol ရဲ႕ေသဆုံးမႈနဲ႔အေထာက္အထားအခ်က္အလက္ေတြကို အတည္ျပဳေပးဖို႔အတြက္ ႐ိုက္တာသတင္းဌာနရဲ႕ေတာင္းဆိုခ်က္ေတြကို ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳးမရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.