တိုင်းပြည်နှင့် နိုင်ငံသားများ၏စီးပွားရေးကို ထိခိုက်စေသော ကောလာဟလထုတ်လွှင့်သူများကို ပြင်းပြင်းထန်ထန် အရေးယူသင့်ကြောင်း ပြည်သူများအကြံပြု

 687

ယွန်း (NP News) - ဇူလိုင် ၁၈

တိုင်းပြည်နှင့် နိုင်ငံသားများ၏စီးပွားရေးကို ထိခိုက်စေသော ကောလာဟလထုတ်လွှင့်သူများကို ပြင်းပြင်းထန်ထန် အရေးယူသင့်ကြောင်း ပြည်သူများက NP News မှတဆင့် အကြံပြုပြောဆိုထားသည်။

ပြည်တွင်း၌ ကောလာဟလဖြန့်ဝေသူများ၏ မဟုတ်မမှန်သတင်းများကြောင့် စီးပွားရေးထိခိုက်နေရပြီး ကုန်ဈေးနှုန်းမြင့်တက်မှု၏ ရိုက်ခတ်မှုဒဏ်ကို အခြေခံသာမန် လူတန်းစားများအပြင် လုပ်ငန်းရှင်ကြီးများပါ ခံစားနေရလျက်ရှိသည်။ ထို့ပြင် ယခုရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့သည့် ဘဏ်များနှင့်ပတ်သက်သည့် ကောလာဟလသတင်းများကြောင့်လည်း ပြည်သူများက ဘဏ်များတွင် တိုးဝှေ့ငွေထုတ်ယူမှုများရှိခဲ့ပြီး စီးပွားရေးလုပ်ငန်းတချို့တွင်လည်း အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

“ရည်ရွယ်ချက်ရှိရှိနဲ့ ကောလာဟလကိုဖြန့်တယ်။ နောက်တစ်ခုကငွေသားကိုင်ထားတဲ့ အဖွဲ့တွေရှိမှာပေါ့။ သူတို့ကလည်းအချိန်ကိုက်လှုပ်ရှားတဲ့ပုံစံမျိုးပေါ့။ ရုတ်ရုတ်သဲသဲဖြစ်တဲ့အချိန်မှာ သူတို့ကပုံကြီးချဲ့လိုက်တဲ့သဘောပါ။ ကျွန်‌တော်တို့လုပ်ငန်းရှင်တွေအနေနဲ့ ပြဿနာတွေကလည်း ဝန်ထမ်းတွေအပြင် အကုန်လုံးခံနေရတယ်။ ကျွန်တော့်ဦးလေးဆိုရင် ကင်ဆာနဲ့ဆေးရုံတင်ထားရတယ်။ အဲဒီအချိန်မှာ တချို့ဆေးတွေဆိုရင် Kpay နဲ့မရဘူး။ အဲဒီလိုတွေဖြစ်သွားတယ်။ ဆေးကအချိန်မီဝယ်လို့မရဘူး။ သာမန်ပြင်ပကလူတွေဆိုရင်ပိုဆိုးတာပေါ့။ ငွေကိုထုတ်တောင်မသုံးရဲဘူး။ လက်ထဲမှာကိုင်ထားရတဲ့အခြေအနေအထိကို ဖြစ်သွားတာ။ စိုးရိမ်မှုကလည်း အရမ်းကြီးသွားတယ်”ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အဆိုပါ ကောလာဟလသတင်းများကြောင့် တိုင်းပြည်၏စီးပွားရေးကို အဟန့်အတားဖြစ်စေပြီး လုပ်ငန်းလည်ပတ်မှု နှောင့်နှေးမှုများနှင့် ထိခိုက်မှုများ လည်းရှိနေကြောင်း သိရသည်။ “ထိခိုက်မှုဘယ်လောက်ရှိလဲဆိုရင်တော့ အတိုင်းအတာနဲ့ကတော့ သေချာပြောဖို့ခက်တယ်။ ဒါပေမဲ့ လုပ်ငန်းလည်ပတ်မှုတွေ နှောင့်နှေးတာပေါ့။ လုပ်ငန်းလည်ပတ်နေတဲ့ ယန္တရားတုံ့ဆိုင်းသွားတာပေါ့။ အခြေခံလူထုရဲ့ ၇၀ ရာခိုင်နှုန်းက ငွေကြေးနဲ့ပတ်သက်တဲ့ဗဟုသုတအားနည်းတယ်။ သူတို့မှာ စိုးရိမ်ကြောင့်ကြမှု လိုတာထက်ပိုကြီးတယ်။ ဒီလိုကာလတွေမှာ စိုးရိမ်ကြောင့်ကြမှုက ပိုကြီးတယ်။ အဲဒီတော့မလိုအပ်ပဲ ငွေတွေထုတ်တယ်။ ပစ္စည်းတွေဝယ်တယ်။ လိုတာထက်ပိုပြီး ငွေထုတ်တာကလည်း ဘယ်တိုင်းပြည်မှာမှ ဘယ်ဘဏ်မှမရဘူး။ ဒါတွေကိုနားလည်ဖို့လိုတယ်။ ဆုံးရှုံးမှာကြောက်တော့ အလုအယက်ထုတ်တယ်။ ပစ္စည်းတွေအလုအယက်ဝယ်တယ်။ ဈေးတွေတက်တယ်။ ဒီလိုအခြေအနေတွေဖြစ်အောင်ဖန်တီးမယ်”ဟု အခြားသောစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထို့ကြောင့် ကောလာဟလထုတ်လွှင့်သူများကို တည်ဆဲအစိုးရအနေဖြင့် ရှာဖွေဖော်ထုတ်၍ ထိရောက်ပြင်းထန်စွာအရေးယူသင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က သုံးသပ်ထားသည်။ “ဒီလိုအခြေအနေကို အခွင့် ကောင်းယူပြီး အရောင်းအဝယ်လုပ်မယ့်လူတွေကလည်း ရှိတယ်။ ဒါမျိုးတွေကတော့ ဘယ်အစိုးရပဲတက်တက် တည်ဆဲအစိုးရအနေနဲ့ ဒါတွေက ထိထိရောက်ရောက်နဲ့ အရေးယူသင့်တယ်၊ ဖော်ထုတ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြေခံလူထုရဲ့နားမလည်မှုပေါ်မှာ အခွင့်ကောင်းယူပြီးတော့ အမြတ်ထုတ်တာကြတော့ ပြစ်မှုမြောက်တယ်။ ဒါကြောင့် တည်ဆဲအစိုးရအနေနဲ့ ရှာဖွေဖော်ထုတ်သင့်တယ်။ ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်လို့ မြင်မိပါတယ်” ဟု အထက်ပါစီးပွားရေးလုပ်ငန်းရှင်က ဆက်လက်ပြောသည်။

zawgyi version
တိုင္းျပည္ႏွင့္ ႏိုင္ငံသားမ်ား၏စီးပြားေရးကို ထိခိုက္ေစေသာ ေကာလာဟလထုတ္လႊင့္သူမ်ားကို ျပင္းျပင္းထန္ထန္ အေရးယူသင့္ေၾကာင္း ျပည္သူမ်ားအႀကံျပဳ

ယြန္း (NP News) - ဇူလိုင္ ၁၈

တိုင္းျပည္ႏွင့္ ႏိုင္ငံသားမ်ား၏စီးပြားေရးကို ထိခိုက္ေစေသာ ေကာလာဟလထုတ္လႊင့္သူမ်ားကို ျပင္းျပင္းထန္ထန္ အေရးယူသင့္ေၾကာင္း ျပည္သူမ်ားက NP News မွတဆင့္ အႀကံျပဳေျပာဆိုထားသည္။

ျပည္တြင္း၌ ေကာလာဟလျဖန႔္ေဝသူမ်ား၏ မဟုတ္မမွန္သတင္းမ်ားေၾကာင့္ စီးပြားေရးထိခိုက္ေနရၿပီး ကုန္ေဈးႏႈန္းျမင့္တက္မႈ၏ ႐ိုက္ခတ္မႈဒဏ္ကို အေျခခံသာမန္ လူတန္းစားမ်ားအျပင္ လုပ္ငန္းရွင္ႀကီးမ်ားပါ ခံစားေနရလ်က္ရွိသည္။ ထို႔ျပင္ ယခုရက္ပိုင္းအတြင္း ထြက္ေပၚခဲ့သည့္ ဘဏ္မ်ားႏွင့္ပတ္သက္သည့္ ေကာလာဟလသတင္းမ်ားေၾကာင့္လည္း ျပည္သူမ်ားက ဘဏ္မ်ားတြင္ တိုးေဝွ႔ေငြထုတ္ယူမႈမ်ားရွိခဲ့ၿပီး စီးပြားေရးလုပ္ငန္းတခ်ိဳ႕တြင္လည္း အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ခဲ့ရေၾကာင္း သိရသည္။

“ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ေကာလာဟလကိုျဖန႔္တယ္။ ေနာက္တစ္ခုကေငြသားကိုင္ထားတဲ့ အဖြဲ႕ေတြရွိမွာေပါ့။ သူတို႔ကလည္းအခ်ိန္ကိုက္လႈပ္ရွားတဲ့ပုံစံမ်ိဳးေပါ့။ ႐ုတ္႐ုတ္သဲသဲျဖစ္တဲ့အခ်ိန္မွာ သူတို႔ကပုံႀကီးခ်ဲ႕လိုက္တဲ့သေဘာပါ။ ကြၽန္‌ေတာ္တို႔လုပ္ငန္းရွင္ေတြအေနနဲ႔ ျပႆနာေတြကလည္း ဝန္ထမ္းေတြအျပင္ အကုန္လုံးခံေနရတယ္။ ကြၽန္ေတာ့္ဦးေလးဆိုရင္ ကင္ဆာနဲ႔ေဆး႐ုံတင္ထားရတယ္။ အဲဒီအခ်ိန္မွာ တခ်ိဳ႕ေဆးေတြဆိုရင္ Kpay နဲ႔မရဘူး။ အဲဒီလိုေတြျဖစ္သြားတယ္။ ေဆးကအခ်ိန္မီဝယ္လို႔မရဘူး။ သာမန္ျပင္ပကလူေတြဆိုရင္ပိုဆိုးတာေပါ့။ ေငြကိုထုတ္ေတာင္မသုံးရဲဘူး။ လက္ထဲမွာကိုင္ထားရတဲ့အေျခအေနအထိကို ျဖစ္သြားတာ။ စိုးရိမ္မႈကလည္း အရမ္းႀကီးသြားတယ္”ဟု ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

အဆိုပါ ေကာလာဟလသတင္းမ်ားေၾကာင့္ တိုင္းျပည္၏စီးပြားေရးကို အဟန႔္အတားျဖစ္ေစၿပီး လုပ္ငန္းလည္ပတ္မႈ ေႏွာင့္ေႏွးမႈမ်ားႏွင့္ ထိခိုက္မႈမ်ား လည္းရွိေနေၾကာင္း သိရသည္။ “ထိခိုက္မႈဘယ္ေလာက္ရွိလဲဆိုရင္ေတာ့ အတိုင္းအတာနဲ႔ကေတာ့ ေသခ်ာေျပာဖို႔ခက္တယ္။ ဒါေပမဲ့ လုပ္ငန္းလည္ပတ္မႈေတြ ေႏွာင့္ေႏွးတာေပါ့။ လုပ္ငန္းလည္ပတ္ေနတဲ့ ယႏၲရားတုံ႔ဆိုင္းသြားတာေပါ့။ အေျခခံလူထုရဲ႕ ၇၀ ရာခိုင္ႏႈန္းက ေငြေၾကးနဲ႔ပတ္သက္တဲ့ဗဟုသုတအားနည္းတယ္။ သူတို႔မွာ စိုးရိမ္ေၾကာင့္ၾကမႈ လိုတာထက္ပိုႀကီးတယ္။ ဒီလိုကာလေတြမွာ စိုးရိမ္ေၾကာင့္ၾကမႈက ပိုႀကီးတယ္။ အဲဒီေတာ့မလိုအပ္ပဲ ေငြေတြထုတ္တယ္။ ပစၥည္းေတြဝယ္တယ္။ လိုတာထက္ပိုၿပီး ေငြထုတ္တာကလည္း ဘယ္တိုင္းျပည္မွာမွ ဘယ္ဘဏ္မွမရဘူး။ ဒါေတြကိုနားလည္ဖို႔လိုတယ္။ ဆုံးရႈံးမွာေၾကာက္ေတာ့ အလုအယက္ထုတ္တယ္။ ပစၥည္းေတြအလုအယက္ဝယ္တယ္။ ေဈးေတြတက္တယ္။ ဒီလိုအေျခအေနေတြျဖစ္ေအာင္ဖန္တီးမယ္”ဟု အျခားေသာစီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

ထို႔ေၾကာင့္ ေကာလာဟလထုတ္လႊင့္သူမ်ားကို တည္ဆဲအစိုးရအေနျဖင့္ ရွာေဖြေဖာ္ထုတ္၍ ထိေရာက္ျပင္းထန္စြာအေရးယူသင့္ေၾကာင္း စီးပြားေရး လုပ္ငန္းရွင္အခ်ိဳ႕က သုံးသပ္ထားသည္။ “ဒီလိုအေျခအေနကို အခြင့္ ေကာင္းယူၿပီး အေရာင္းအဝယ္လုပ္မယ့္လူေတြကလည္း ရွိတယ္။ ဒါမ်ိဳးေတြကေတာ့ ဘယ္အစိုးရပဲတက္တက္ တည္ဆဲအစိုးရအေနနဲ႔ ဒါေတြက ထိထိေရာက္ေရာက္နဲ႔ အေရးယူသင့္တယ္၊ ေဖာ္ထုတ္သင့္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အေျခခံလူထုရဲ႕နားမလည္မႈေပၚမွာ အခြင့္ေကာင္းယူၿပီးေတာ့ အျမတ္ထုတ္တာၾကေတာ့ ျပစ္မႈေျမာက္တယ္။ ဒါေၾကာင့္ တည္ဆဲအစိုးရအေနနဲ႔ ရွာေဖြေဖာ္ထုတ္သင့္တယ္။ ျပင္းျပင္းထန္ထန္ အေရးယူသင့္တယ္လို႔ ျမင္မိပါတယ္” ဟု အထက္ပါစီးပြားေရးလုပ္ငန္းရွင္က ဆက္လက္ေျပာသည္။

Picture

Ko Ko

19/07/2024 11:43

အရေးယူရင်လည်းပိုင်ဆိုင်သမျှအကုန်သိမ်းမယ်ဆိုပြီးကြေငြာလိုက်ရင်ပြီးပြီဘယ်သူမှလှုပ်ရဲမှာမဟုတ်ဘူးအခုကပြန်လွှတ်နေတော့ဘယ်သူမှမကျေက်ကြဘူး

Related news

© 2021. All rights reserved.