အမေရိကန်နိုင်ငံသားတွေက ရွေးချယ်တင်မြှောက်တဲ့ ဘယ်သမ္မတနဲ့မဆို လက်တွဲလုပ်ဆောင်သွားမယ်လို့ ရုရှားအစိုးရပြော

 536

Pika (NP News) - ဇူလိုင် ၁၈

ရုရှားအစိုးရဟာ ကောင်းမွန်တဲ့ပြောဆိုမှုတွေလုပ်ဆောင်လိုတဲ့ ဘယ်အမေရိကန်သမ္မတကိုမဆို ကြိုဆိုမှာဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဆာဂေးလာရော့ဗ်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကိစ္စနဲ့ပတ်သက်ပြီး နယူးယောက်မြို့ကို အလည်အပတ်ရောက်ရှိနေစဉ်အချိန်အတွင်း အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ နောက်ဆုံးအခြေအနေတွေကို ယခုလိုဖြေကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဆာဂေးလာရော့ဗ်က 'ရုရှားသမ္မတပူတင်ကလည်း ဒီအကြောင်းကို တစ်ကြိမ်မက ပြောဆိုပြီးပါပြီ။ ဘယ်အမေရိကန်ခေါင်းဆောင်နဲ့မဆို ကျွန်တော်တို့လက်တွဲလုပ်ဆောင်သွားမှာပါ။ အမေရိကန်ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားပြီး တန်းတူဆက်ဆံဖို့အသင့်ဖြစ်နေတဲ့ ဘယ်အမေရိကန်ခေါင်းဆောင်နဲ့မဆို အပြန်အလှန်လေးစားတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ'လို့ ပြောဆိုခဲ့ပါတယ်။

ရုရှားအပေါ် ပြင်းထန်တဲ့ပိတ်ဆို့အရေးယူမှုတွေရှိနေပေမယ့်လည်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်တုန်းကလိုမျိုး ဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်နိုင်မယ့် အခွင့်အရေးက ထပ်မံဖြစ်လာနိုင်ခြေရှိတယ်လို့ ၎င်းကပြောကြားခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ဟာ ဂျိုးဘိုင်ဒန်ကို တရားဝင်ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ထပ်မံပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ဒေါ်နယ်ထရမ့်ဟာ မဲဆွယ်စည်းရုံးမှုတွေလုပ်ဆောင်နေစဉ်အချိန်အတွင်း သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။ အဲဒီပစ်ခတ်မှုအတွင်း ဒေါ်နယ်ထရမ့်ရဲ့ညာဘက်နားကို ကျည်ဆန်ထိမှန်ခဲ့တယ်လို့ မီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။

zawgyi version
အေမရိကန္ႏိုင္ငံသားေတြက ေ႐ြးခ်ယ္တင္ေျမႇာက္တဲ့ ဘယ္သမၼတနဲ႔မဆို လက္တြဲလုပ္ေဆာင္သြားမယ္လို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ဇူလိုင္ ၁၈

႐ုရွားအစိုးရဟာ ေကာင္းမြန္တဲ့ေျပာဆိုမႈေတြလုပ္ေဆာင္လိုတဲ့ ဘယ္အေမရိကန္သမၼတကိုမဆို ႀကိဳဆိုမွာျဖစ္တယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဆာေဂးလာေရာ့ဗ္ဟာ ကုလသမဂၢလုံၿခဳံေရးေကာင္စီကိစၥနဲ႔ပတ္သက္ၿပီး နယူးေယာက္ၿမိဳ႕ကို အလည္အပတ္ေရာက္ရွိေနစဥ္အခ်ိန္အတြင္း အေမရိကန္သမၼတေ႐ြးေကာက္ပြဲနဲ႔ပတ္သက္တဲ့ ေနာက္ဆုံးအေျခအေနေတြကို ယခုလိုေျဖၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဆာေဂးလာေရာ့ဗ္က '႐ုရွားသမၼတပူတင္ကလည္း ဒီအေၾကာင္းကို တစ္ႀကိမ္မက ေျပာဆိုၿပီးပါၿပီ။ ဘယ္အေမရိကန္ေခါင္းေဆာင္နဲ႔မဆို ကြၽန္ေတာ္တို႔လက္တြဲလုပ္ေဆာင္သြားမွာပါ။ အေမရိကန္ျပည္သူေတြက ေ႐ြးခ်ယ္တင္ေျမႇာက္ထားၿပီး တန္းတူဆက္ဆံဖို႔အသင့္ျဖစ္ေနတဲ့ ဘယ္အေမရိကန္ေခါင္းေဆာင္နဲ႔မဆို အျပန္အလွန္ေလးစားတဲ့ ေတြ႕ဆုံေဆြးေႏြးပြဲေတြလုပ္ေဆာင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ အဆင္သင့္ျဖစ္ေနပါၿပီ'လို႔ ေျပာဆိုခဲ့ပါတယ္။

႐ုရွားအေပၚ ျပင္းထန္တဲ့ပိတ္ဆို႔အေရးယူမႈေတြရွိေနေပမယ့္လည္း အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္လက္ထက္တုန္းကလိုမ်ိဳး ေဆြးေႏြးပြဲေတြ ဆက္လက္လုပ္ေဆာင္ႏိုင္မယ့္ အခြင့္အေရးက ထပ္မံျဖစ္လာႏိုင္ေျခရွိတယ္လို႔ ၎ကေျပာၾကားခဲ့ပါတယ္။ ၂၀၂၀ ခုႏွစ္ေ႐ြးေကာက္ပြဲမွာ ေဒၚနယ္ထရမ့္ဟာ ဂ်ိဳးဘိုင္ဒန္ကို တရားဝင္ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၂၀၂၄ ခုႏွစ္ သမၼတေ႐ြးေကာက္ပြဲမွာ ထပ္မံပါဝင္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ပါတယ္။ ဒါ့ျပင္ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းကလည္း ေဒၚနယ္ထရမ့္ဟာ မဲဆြယ္စည္း႐ုံးမႈေတြလုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း ေသနတ္နဲ႔ပစ္ခတ္ခံခဲ့ရတယ္လို႔လည္း သိရပါတယ္။ အဲဒီပစ္ခတ္မႈအတြင္း ေဒၚနယ္ထရမ့္ရဲ႕ညာဘက္နားကို က်ည္ဆန္ထိမွန္ခဲ့တယ္လို႔ မီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။

Related news

© 2021. All rights reserved.