အိုမန်ကမ်းလွန်မှာ တိမ်းမှောက်ခဲ့တဲ့ ရေနံတင်သင်္ဘောရဲ့အမှုထမ်း(၉)ဦးကို အိန္ဒိယရေတပ်အောင်မြင်စွာကယ်တင်

 1493

Pika (NP News) - ဇူလိုင် ၁၈

ဇူလိုင်လ(၁၅)ရက်နေ့က အိုမန်ကမ်းလွန်ပင်လယ်ပြင်မှာ တိမ်းမှောက်ခဲ့တဲ့ Prestige Falcon ရေနံတင်သင်္ဘောရဲ့ အမှုထမ်း(၉)ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှုတွေအတွင်း အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပြီး အခြားအမှုထမ်းတစ်ဦးကိုတော့ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ အိုမန်ရေကြောင်းလုံခြုံရေးစင်တာက ဇူလိုင်လ(၁၆)ရက်နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

အိန္ဒိယရေတပ်က ၎င်းတို့ရဲ့စစ်သင်္ဘောတစ်စီးဟာ အိုမန်ကမ်းလွန်ပင်လယ်ပြင်မှာ တိမ်းမှောက်ခဲ့တဲ့ ရေနံတင်သင်္ဘောရဲ့အမှုထမ်း(၁၆)ဦးအနက် (၉)ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ အစောပိုင်းမှာပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ သား(၁၃)ဦးနဲ့ သီရိလင်္ကာနိုင်ငံသားတွေ လိုက်ပါလာတဲ့ Comoros အလံလွှင့်တင်ထားတဲ့ ရေနံတင်သင်္ဘောဟာ ဇူလိုင်လ(၁၅)ရက်နေ့ နှောင်းပိုင်းမှာ အာရေးဗျပင်လယ်အတွင်း တိမ်းမှောက်နစ်မြုပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အိန္ဒိယစစ်သင်္ဘော INS Teg ဟာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီပေးဖို့အတွက် အဲဒီဒေသမှာရှိတဲ့ ၎င်းရဲ့စစ်ဆင်ရေးကနေ လမ်းကြောင်းပြောင်း ခွဲထွက်သွားခဲ့တယ်လို့ အိန္ဒိယရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

ဒါ့ပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအတွင်း အိန္ဒိယနိုင်ငံသား(၈)ဦးနဲ့ သီရိလင်္ကာနိုင်ငံသား(၁)ဦးတို့ကို အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့တယ်လို့ အိန္ဒိယရေတပ်က ပြောကြားခဲ့ပါတယ်။ တိမ်းမှောက်ခဲ့တဲ့ ရေနံတင်သင်္ဘောဟာ ယီမင်နိုင်ငံ အေဒင်ဆိပ်ကမ်းမြို့ကို ဦးတည်သွားနေတာဖြစ်တယ်လို့ သင်္ဘောသွားလာမှုဝက်ဘ်ဆိုက် marinetraffic.com ရဲ့ဖော်ပြချက်အရသိရပါတယ်။ ဒါပေမဲ့လည်း တိမ်းမှောက်ရတဲ့အကြောင်းအရင်းတွေကိုတော့ အိုမန်ရေကြောင်းလုံခြုံရေးစင်တာက ထုတ်ပြန်ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

zawgyi version
အိုမန္ကမ္းလြန္မွာ တိမ္းေမွာက္ခဲ့တဲ့ ေရနံတင္သေဘၤာရဲ႕အမႈထမ္း(၉)ဦးကို အိႏၵိယေရတပ္ေအာင္ျမင္စြာကယ္တင္
Pika (NP News) - ဇူလိုင္ ၁၈

ဇူလိုင္လ(၁၅)ရက္ေန႔က အိုမန္ကမ္းလြန္ပင္လယ္ျပင္မွာ တိမ္းေမွာက္ခဲ့တဲ့ Prestige Falcon ေရနံတင္သေဘၤာရဲ႕ အမႈထမ္း(၉)ဦးကို ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေဆာင္႐ြက္မႈေတြအတြင္း ေအာင္ျမင္စြာကယ္ဆယ္ႏိုင္ခဲ့ၿပီး အျခားအမႈထမ္းတစ္ဦးကိုေတာ့ ေသဆုံးလ်က္ေတြ႕ရွိခဲ့တယ္လို႔ အိုမန္ေရေၾကာင္းလုံၿခဳံေရးစင္တာက ဇူလိုင္လ(၁၆)ရက္ေန႔မွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

အိႏၵိယေရတပ္က ၎တို႔ရဲ႕စစ္သေဘၤာတစ္စီးဟာ အိုမန္ကမ္းလြန္ပင္လယ္ျပင္မွာ တိမ္းေမွာက္ခဲ့တဲ့ ေရနံတင္သေဘၤာရဲ႕အမႈထမ္း(၁၆)ဦးအနက္ (၉)ဦးကို ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ အေစာပိုင္းမွာေျပာၾကားခဲ့ပါတယ္။ အိႏၵိယႏိုင္ငံ သား(၁၃)ဦးနဲ႔ သီရိလကၤာႏိုင္ငံသားေတြ လိုက္ပါလာတဲ့ Comoros အလံလႊင့္တင္ထားတဲ့ ေရနံတင္သေဘၤာဟာ ဇူလိုင္လ(၁၅)ရက္ေန႔ ေႏွာင္းပိုင္းမွာ အာေရးဗ်ပင္လယ္အတြင္း တိမ္းေမွာက္နစ္ျမဳပ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အိႏၵိယစစ္သေဘၤာ INS Teg ဟာ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြမွာ ပါဝင္ကူညီေပးဖို႔အတြက္ အဲဒီေဒသမွာရွိတဲ့ ၎ရဲ႕စစ္ဆင္ေရးကေန လမ္းေၾကာင္းေျပာင္း ခြဲထြက္သြားခဲ့တယ္လို႔ အိႏၵိယေရတပ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။

ဒါ့ျပင္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြအတြင္း အိႏၵိယႏိုင္ငံသား(၈)ဦးနဲ႔ သီရိလကၤာႏိုင္ငံသား(၁)ဦးတို႔ကို ေအာင္ျမင္စြာကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ အိႏၵိယေရတပ္က ေျပာၾကားခဲ့ပါတယ္။ တိမ္းေမွာက္ခဲ့တဲ့ ေရနံတင္သေဘၤာဟာ ယီမင္ႏိုင္ငံ ေအဒင္ဆိပ္ကမ္းၿမိဳ႕ကို ဦးတည္သြားေနတာျဖစ္တယ္လို႔ သေဘၤာသြားလာမႈဝက္ဘ္ဆိုက္ marinetraffic.com ရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။ ဒါေပမဲ့လည္း တိမ္းေမွာက္ရတဲ့အေၾကာင္းအရင္းေတြကိုေတာ့ အိုမန္ေရေၾကာင္းလုံၿခဳံေရးစင္တာက ထုတ္ျပန္ေျပာဆိုခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.