ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မူလတန်းကျောင်းအုပ်ဆရာမကြီး အပါအဝင် (၃)ဦး သေဆုံးမှု ပခုက္ကူမြို့တွင် ဖြစ်ပွား

 1284

NP News - ဇူလိုင် ၁၈

ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မူလတန်းကျောင်းအုပ်ဆရာမကြီး အပါအဝင် ပြည်သူ(၃)ဦးသေဆုံးမှု ပခုက္ကူမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ နစကမှ ဇူလိုင်လ(၁၇)ရက်နေ့ ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြစ်စဥ်မှာ အကြမ်းဖက်သမားများသည် ဇူလိုင်လ(၁၇)ရက်နေ့ နံနက်(၅) နာရီ မိနစ်(၂၀) မှ နံနက်(၆)နာရီ မိနစ်(၂၀)အထိ မကွေးတိုင်း၊ ပခုက္ကူမြို့အနောက်တောင်ဘက် မီတာ ၁၇၀၀၀ ခန့်အကွာတွင်ရှိသော အောင်သာကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မူလတန်းကျောင်းအုပ်ဆရာမကြီးတစ်ဦး အပါအဝင် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း(၃)ဦးသေဆုံးခဲ့ပြီး အခြားဆရာမတစ်ဦးတွင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကမှဆိုထားသည်။

ထို့ပြင် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ် (၃၆)လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆရာမအား ဆေးကုသနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပခုက္ကူမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လ(၁၅)ရက်နေ့ကလည်း မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ(၇၀)ကျော် ပညာ သင်ယူနေသော မူလတန်းကျောင်းတစ်ကျောင်းကို PDF အဖွဲ့က မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။ လက်ရှိ နစကအစိုးရလက်ထက်တွင် ဆရာ/ဆရာမများအပါအဝင် ပညာရေးဝန်ထမ်း(၁ဝဝ) ဝန်းကျင်ကို အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်ထားပြီး စာသင်ကျောင်းနှင့် ပညာရေးဆိုင်ရာအဆောက်အအုံပေါင်း(၇၇၃)ကျော်သည်လည်း မီးရှို့ဖျက်ဆီးခြင်းခံထားရသည်။

zawgyi version
ေက်း႐ြာအတြင္းသို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ မူလတန္းေက်ာင္းအုပ္ဆရာမႀကီး အပါအဝင္ (၃)ဦး ေသဆုံးမႈ ပခုကၠဴၿမိဳ႕တြင္ ျဖစ္ပြား

NP News - ဇူလိုင္ ၁၈

ေက်း႐ြာအတြင္းသို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ မူလတန္းေက်ာင္းအုပ္ဆရာမႀကီး အပါအဝင္ ျပည္သူ(၃)ဦးေသဆုံးမႈ ပခုကၠဴၿမိဳ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။ နစကမွ ဇူလိုင္လ(၁၇)ရက္ေန႔ ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ အၾကမ္းဖက္သမားမ်ားသည္ ဇူလိုင္လ(၁၇)ရက္ေန႔ နံနက္(၅) နာရီ မိနစ္(၂၀) မွ နံနက္(၆)နာရီ မိနစ္(၂၀)အထိ မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕အေနာက္ေတာင္ဘက္ မီတာ ၁၇၀၀၀ ခန႔္အကြာတြင္ရွိေသာ ေအာင္သာေက်း႐ြာအတြင္းသို႔ လက္နက္ႀကီး၊ လက္နက္ငယ္မ်ား၊ Drop Bomb မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ ထိုသို႔ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ မူလတန္းေက်ာင္းအုပ္ဆရာမႀကီးတစ္ဦး အပါအဝင္ အမ်ိဳးသား (၁)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦး စုစုေပါင္း(၃)ဦးေသဆုံးခဲ့ၿပီး အျခားဆရာမတစ္ဦးတြင္လည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း နစကမွဆိုထားသည္။

ထို႔ျပင္ ေက်း႐ြာအတြင္းရွိ ေနအိမ္မ်ားကို မီးရႈိ႕ဖ်က္ဆီးခဲ့မႈေၾကာင့္ ေနအိမ္ (၃၆)လုံး မီးေလာင္ပ်က္စီးခဲ့ေၾကာင္း သိရသည္။ ျဖစ္စဥ္တြင္ ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ ဆရာမအား ေဆးကုသႏိုင္ေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ပခုကၠဴၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ ဇူလိုင္လ(၁၅)ရက္ေန႔ကလည္း မေကြးတိုင္းေဒသႀကီး၊ သရက္ခ႐ိုင္၊ မင္းလွၿမိဳ႕နယ္မွ ေက်ာင္းသား၊ ေက်ာင္းသူ(၇၀)ေက်ာ္ ပညာ သင္ယူေနေသာ မူလတန္းေက်ာင္းတစ္ေက်ာင္းကို PDF အဖြဲ႕က မီးရႈိ႕ဖ်က္ဆီးသြားခဲ့ေၾကာင္း သိရသည္။ လက္ရွိ နစကအစိုးရလက္ထက္တြင္ ဆရာ/ဆရာမမ်ားအပါအဝင္ ပညာေရးဝန္ထမ္း(၁ဝဝ)ဝန္းက်င္ကို အၾကမ္းဖက္သမားမ်ားက လုပ္ႀကံသတ္ျဖတ္ထားၿပီး စာသင္ေက်ာင္းႏွင့္ ပညာေရးဆိုင္ရာအေဆာက္အအုံေပါင္း(၇၇၃)ေက်ာ္သည္လည္း မီးရႈိ႕ဖ်က္ဆီးျခင္းခံထားရသည္။

Related news

© 2021. All rights reserved.