ချင်းတော်လှန်ရေးတွင် AA ပါဝင်နေခြင်းကို ချက်ချင်းရပ်တန့်ရန် ထပ်မံ တောင်းဆိုခံရ

 10249

သုတကျော် (NP News) - ဇူလိုင် ၁၈

ချင်းတော်လှန်ရေးတွင် AA ပါဝင်နေခြင်းကို ချက်ချင်းရပ်တန့်ရန် အမေရိကန်အခြေစိုက် ချင်းနှစ်ခြင်းခရစ်ယာန်အသင်းချုပ် CBCUSA ၏ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုကော်မတီက စာထုတ်ပြန်ကာ တောင်းဆိုလိုက်ကြောင်း တွေ့မြင်ရသည်။

AA သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို သိမ်းပြီးနောက် အုပ်ချုပ်ရေး ဖော်ဆောင်နေသည့် အပြင် ကျင်ဒွေးမြို့သိမ်းစစ်ဆင်ရေး၊ မတူပီမြို့သိမ်း စစ်ဆင်ရေးများတွင် ချင်းညီနောင်တပ်ဖွဲ့နှင့်အတူ ပါဝင်နေပြီး ချင်းညီနောင် တပ်ဖွဲ့ တွင် AA ၏ အခန်းကဏ္ဍ နှင့် ပတ်သက်၍ God Father သဖွယ် ဖြစ်သည်ဟု NP News ၏ သတင်းရင်းမြစ်တစ်ဦးက ပြောကြားထားခဲ့ဖူးသည်။

ယခုထုတ်ပြန်စာကိုထုတ်သော ချင်းနှစ်ခြင်းခရစ်ယာန်အသင်းချုပ် USA မှာ အမေရိကန်တွင် အသင်းတော်ပေါင်း ၁၂၀ ကျော် စုပေါင်းဖွဲ့စည်းထားပြီး အသင်းဝင်ပေါင်းမြောက်များစွာရှိသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။ ချင်းပြည်နယ်အတွင်း ချင်းတော်လှန်ရေးတွင် AA က ပါဝင်စွက်ဖက်နေခြင်းကြောင့် ချင်းပြည်လူထု၏ အသက်အိုးအိမ်စည်းစိမ်အတွက် အထူးစိုးရိမ်ပူပန်လျက်ရှိကြောင်း၊ AA ပါဝင်လာခြင်းက ချင်းပြည်နယ် နှင့် ချင်းလူမျိုးများ၏ စည်းလုံးညီညွတ်မှုရရှိရေးအတွက် ကြီးမားသည့် အဟန့်အတား ဖြစ် လာစေသောကြောင့် AA အနေဖြင့် ချင်းတော်လှန်ရေးတွင် ပါဝင်ပတ်သက်နေမှုကို ရှုတ်ချပြီး ချင်းတော်လှန်ရေးတွင် ပါဝင်ခြင်းမှချင်းချက်ရပ်တန့်ရန် တောင်းဆိုသည်ဟု ထုတ်ပြန်စာတွင် ဖော်ပြထားချက်အရ သိရသည်။

AA ပါဝင်နေသည့် ကိစ္စနှင့်ပတ်သက်၍ အဖွဲ့အစည်းတချို့က ကန့်ကွက်စာများ ထွက်ပြန်ခဲ့ကြသည့်အထဲတွင် ချင်းပြည်အစိုးရဟု မိမိတို့ဘာသာခံယူထားသည့် ချင်းပြည်ကောင်စီ(Chinland Council)လည်းပါဝင်ပြီး ဇွန်လ အတွင်းက ထုတ်ပြန်သောထုတ်ပြန်ချက်အတွင်း ချင်းပြည်နယ်အတွင်း AA က စစ်ရေးလှုပ်ရှားမှုကို ရှောင်ရှားရန် နှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းကိုရပ်တန့်ရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

AA အဖွဲ့အနေဖြင့် ပလက်ဝဒေသရှိ ချင်းအမျိုးသမီးများကို ဖမ်းဆီးမုဒိမ်းကျင့်ကာ ကိုယ်ဝန်ဖြင့် ပြန်လွှတ်သည့်လုပ်ရပ်များအပါအဝင် ရာဇဝတ်မှုများစွာကို ကျူးလွန်နေကြောင်း ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (Global Khumi Organization - GKO) ကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပြီး ပလက်ဝမြို့နယ်၌ AA အဖွဲ့က အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် ဒေသခံချင်းလူမျိုးများအပေါ် အကြမ်းဖက်မှုမျိုးစုံ၊ လူ့အခွင့်အ ရေးချိုးဖောက်မှုမျိုးစုံနှင့် ဒေသတွင်း တရားမဝင်မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးခြင်းတို့ကိုကျယ်ပြန့်စွာ လုပ်ဆောင်လာကြောင်း ဆိုထားသည်။ NP News က စုံစမ်းသိရရှိရသော အချက်အလက်များ အရ AA သည် ချင်းပြည် နယ် ပလက်ဝမြို့နယ်သာမက အခြားမြို့နယ်တစ်ခုဖြစ်သည့် မတူပီမြို့နယ်တွင်လည်း တပ်စွဲလာကြောင်းသတင်းရရှိပြီး အဆိုပါအချက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

zawgyi version
ခ်င္းေတာ္လွန္ေရးတြင္ AA ပါဝင္ေနျခင္းကို ခ်က္ခ်င္းရပ္တန႔္ရန္ ထပ္မံ ေတာင္းဆိုခံရ
သုတေက်ာ္ (NP News) - ဇူလိုင္ ၁၈

ခ်င္းေတာ္လွန္ေရးတြင္ AA ပါဝင္ေနျခင္းကို ခ်က္ခ်င္းရပ္တန႔္ရန္ အေမရိကန္အေျခစိုက္ ခ်င္းႏွစ္ျခင္းခရစ္ယာန္အသင္းခ်ဳပ္ CBCUSA ၏ ၿငိမ္းခ်မ္းေရးႏွင့္တရားမွ်တမႈေကာ္မတီက စာထုတ္ျပန္ကာ ေတာင္းဆိုလိုက္ေၾကာင္း ေတြ႕ျမင္ရသည္။

AA သည္ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ကို သိမ္းၿပီးေနာက္ အုပ္ခ်ဳပ္ေရး ေဖာ္ေဆာင္ေနသည့္ အျပင္ က်င္ေဒြးၿမိဳ႕သိမ္းစစ္ဆင္ေရး၊ မတူပီၿမိဳ႕သိမ္း စစ္ဆင္ေရးမ်ားတြင္ ခ်င္းညီေနာင္တပ္ဖြဲ႕ႏွင့္အတူ ပါဝင္ေနၿပီး ခ်င္းညီေနာင္ တပ္ဖြဲ႕ တြင္ AA ၏ အခန္းက႑ ႏွင့္ ပတ္သက္၍ God Father သဖြယ္ ျဖစ္သည္ဟု NP News ၏ သတင္းရင္းျမစ္တစ္ဦးက ေျပာၾကားထားခဲ့ဖူးသည္။

ယခုထုတ္ျပန္စာကိုထုတ္ေသာ ခ်င္းႏွစ္ျခင္းခရစ္ယာန္အသင္းခ်ဳပ္ USA မွာ အေမရိကန္တြင္ အသင္းေတာ္ေပါင္း ၁၂၀ ေက်ာ္ စုေပါင္းဖြဲ႕စည္းထားၿပီး အသင္းဝင္ေပါင္းေျမာက္မ်ားစြာရွိသည့္ အဖြဲ႕အစည္းလည္း ျဖစ္သည္။ ခ်င္းျပည္နယ္အတြင္း ခ်င္းေတာ္လွန္ေရးတြင္ AA က ပါဝင္စြက္ဖက္ေနျခင္းေၾကာင့္ ခ်င္းျပည္လူထု၏ အသက္အိုးအိမ္စည္းစိမ္အတြက္ အထူးစိုးရိမ္ပူပန္လ်က္ရွိေၾကာင္း၊ AA ပါဝင္လာျခင္းက ခ်င္းျပည္နယ္ ႏွင့္ ခ်င္းလူမ်ိဳးမ်ား၏ စည္းလုံးညီၫြတ္မႈရရွိေရးအတြက္ ႀကီးမားသည့္ အဟန႔္အတား ျဖစ္ လာေစေသာေၾကာင့္ AA အေနျဖင့္ ခ်င္းေတာ္လွန္ေရးတြင္ ပါဝင္ပတ္သက္ေနမႈကို ရႈတ္ခ်ၿပီး ခ်င္းေတာ္လွန္ေရးတြင္ ပါဝင္ျခင္းမွခ်င္းခ်က္ရပ္တန႔္ရန္ ေတာင္းဆိုသည္ဟု ထုတ္ျပန္စာတြင္ ေဖာ္ျပထားခ်က္အရ သိရသည္။

AA ပါဝင္ေနသည့္ ကိစၥႏွင့္ပတ္သက္၍ အဖြဲ႕အစည္းတခ်ိဳ႕က ကန႔္ကြက္စာမ်ား ထြက္ျပန္ခဲ့ၾကသည့္အထဲတြင္ ခ်င္းျပည္အစိုးရဟု မိမိတို႔ဘာသာခံယူထားသည့္ ခ်င္းျပည္ေကာင္စီ(Chinland Council)လည္းပါဝင္ၿပီး ဇြန္လ အတြင္းက ထုတ္ျပန္ေသာထုတ္ျပန္ခ်က္အတြင္း ခ်င္းျပည္နယ္အတြင္း AA က စစ္ေရးလႈပ္ရွားမႈကို ေရွာင္ရွားရန္ ႏွင့္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ျခင္းကိုရပ္တန႔္ရန္ တိုက္တြန္းေၾကာင္း ေဖာ္ျပထားသည္။

AA အဖြဲ႕အေနျဖင့္ ပလက္ဝေဒသရွိ ခ်င္းအမ်ိဳးသမီးမ်ားကို ဖမ္းဆီးမုဒိမ္းက်င့္ကာ ကိုယ္ဝန္ျဖင့္ ျပန္လႊတ္သည့္လုပ္ရပ္မ်ားအပါအဝင္ ရာဇဝတ္မႈမ်ားစြာကို က်ဴးလြန္ေနေၾကာင္း ကမာၻလုံးဆိုင္ရာ ခူမီးအဖြဲ႕အစည္း (Global Khumi Organization - GKO) ကလည္း ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ထားၿပီး ပလက္ဝၿမိဳ႕နယ္၌ AA အဖြဲ႕က အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ား ေဆာင္ ႐ြက္ရာတြင္ ေဒသခံခ်င္းလူမ်ိဳးမ်ားအေပၚ အၾကမ္းဖက္မႈမ်ိဳးစုံ၊ လူ႔အခြင့္အ ေရးခ်ိဳးေဖာက္မႈမ်ိဳးစုံႏွင့္ ေဒသတြင္း တရားမဝင္မူးယစ္ေဆးဝါးေရာင္းခ်ျဖန႔္ျဖဴးျခင္းတို႔ကိုက်ယ္ျပန႔္စြာ လုပ္ေဆာင္လာေၾကာင္း ဆိုထားသည္။ NP News က စုံစမ္းသိရရွိရေသာ အခ်က္အလက္မ်ား အရ AA သည္ ခ်င္းျပည္ နယ္ ပလက္ဝၿမိဳ႕နယ္သာမက အျခားၿမိဳ႕နယ္တစ္ခုျဖစ္သည့္ မတူပီၿမိဳ႕နယ္တြင္လည္း တပ္စြဲလာေၾကာင္းသတင္းရရွိၿပီး အဆိုပါအခ်က္ကို သီးျခား အတည္ျပဳႏိုင္ျခင္း မရွိေသးေပ။

Related news

© 2021. All rights reserved.