နယူးယောက်ပြည်နယ်ကို တိုက်ခတ်ခဲ့တဲ့မုန်တိုင်းအတွင်း အလေးချိန်ပေါင်(၂)သိန်းနီးပါးရှိတဲ့ B-52 ဗုံးကြဲလေယာဉ်တစ်စင်း ပလက်ဖောင်းပေါ်ကနေ လွင့်စင်သွားခဲ့ဟုဆို
1929
Pika (NP News) - ဇူလိုင် ၁၈
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်ကို အင်အားပြင်းမုန်တိုင်းတစ်ခုဝင်ရောက်တိုက်ခတ်ခဲ့ရာ B-52 ဗုံးကြဲလေယာဉ်တစ်စင်း ပလက်ဖောင်းပေါ်ကနေ လွင့်စင်သွားခဲ့ပြီး (၁၉)ရာစုတည်းကရှိခဲ့တဲ့ ဘုရားကျောင်းရဲ့အမိုးတွေလည်း လွင့်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။
မုန်တိုင်းတိုက်ခတ်နေချိန်အတွင်း ၎င်းရဲ့ရှေးကျပြီးတန်ဖိုးကြီးတဲ့ကားကို စစ်ဆေးဖို့အပြင်ကိုထွက်ခဲ့တဲ့ အမျိုးသားတစ်ဦးလည်း လွင့်သွားခဲ့ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လ(၁၇)ရက်နေ့မှာ နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး Kathy Hochul ဟာ ဇူလိုင်လ(၁၆)ရက်က တိုက် ခတ်ခဲ့တဲ့မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို စစ်တမ်းကောက်ယူခဲ့ပြီး ပြည်နယ်တစ်ခုလုံးကို အရေးပေါ်အခြေအနေ ကြေညာခဲ့တယ်လို့လည်း သိရပါတယ်။ မုန်တိုင်းတိုက်ခတ်မှုအတွင်း အဆိုးရွားဆုံးထိခိုက်ခဲ့တဲ့ နေရာက Mohawk တောင်ကြားဖြစ်တယ်လို့ သိရပါတယ်။
မုန်တိုင်းက အလွန်ပြင်းထန်တာကြောင့် Griffiss လေတပ်အခြေစိုက်စခန်းမှာရှိတဲ့ အလေးချိန်(၁၈၅၀၀၀)ပေါင်ရှိတဲ့ B-52 ဗုံးကြဲလေယာဉ်ဟာ ၎င်းရဲ့ပလက်ဖောင်းပေါ်ကနေ လွင့်စင်သွားခဲ့တယ်လို့ Kathy Hochul ရဲ့ပြောကြားချက်အရ သိရပါတယ်။ ၎င်းက 'ဒီမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေ အများအပြားရှိခဲ့ပါတယ်။ သစ်ပင်တွေက သွားကြားထိုးတံတွေလိုမျိုးလဲကျနေပြီး အိမ်အတော်များများက အမိုးတွေမရှိတော့ပါဘူး'လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင်အနီးမှာရှိတဲ့ Hamilton ကောင်တီနဲ့ Warren ကောင်တီတို့မှာလည်း လေဆင်းနှာမောင်း အနည်းဆုံး(၃)ခု ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ NBC5 မိုးလေဝသပညာရှင်တွေက ပြောကြားခဲ့ပါတယ်။
zawgyi version
နယူးေယာက္ျပည္နယ္ကို တိုက္ခတ္ခဲ့တဲ့မုန္တိုင္းအတြင္း အေလးခ်ိန္ေပါင္(၂)သိန္းနီးပါးရွိတဲ့ B-52 ဗုံးႀကဲေလယာဥ္တစ္စင္း ပလက္ေဖာင္းေပၚကေန လြင့္စင္သြားခဲ့ဟုဆို
Pika (NP News) - ဇူလိုင္ ၁၈
အေမရိကန္ႏိုင္ငံ နယူးေယာက္ျပည္နယ္ကို အင္အားျပင္းမုန္တိုင္းတစ္ခုဝင္ေရာက္တိုက္ခတ္ခဲ့ရာ B-52 ဗုံးႀကဲေလယာဥ္တစ္စင္း ပလက္ေဖာင္းေပၚကေန လြင့္စင္သြားခဲ့ၿပီး (၁၉)ရာစုတည္းကရွိခဲ့တဲ့ ဘုရားေက်ာင္းရဲ႕အမိုးေတြလည္း လြင့္ထြက္သြားခဲ့တယ္လို႔ သိရပါတယ္။
မုန္တိုင္းတိုက္ခတ္ေနခ်ိန္အတြင္း ၎ရဲ႕ေရွးက်ၿပီးတန္ဖိုးႀကီးတဲ့ကားကို စစ္ေဆးဖို႔အျပင္ကိုထြက္ခဲ့တဲ့ အမ်ိဳးသားတစ္ဦးလည္း လြင့္သြားခဲ့ၿပီး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ဇူလိုင္လ(၁၇)ရက္ေန႔မွာ နယူးေယာက္ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး Kathy Hochul ဟာ ဇူလိုင္လ(၁၆)ရက္က တိုက္ ခတ္ခဲ့တဲ့မုန္တိုင္းေၾကာင့္ ပ်က္စီးဆုံးရႈံးမႈေတြကို စစ္တမ္းေကာက္ယူခဲ့ၿပီး ျပည္နယ္တစ္ခုလုံးကို အေရးေပၚအေျခအေန ေၾကညာခဲ့တယ္လို႔လည္း သိရပါတယ္။ မုန္တိုင္းတိုက္ခတ္မႈအတြင္း အဆိုး႐ြားဆုံးထိခိုက္ခဲ့တဲ့ ေနရာက Mohawk ေတာင္ၾကားျဖစ္တယ္လို႔ သိရပါတယ္။
မုန္တိုင္းက အလြန္ျပင္းထန္တာေၾကာင့္ Griffiss ေလတပ္အေျခစိုက္စခန္းမွာရွိတဲ့ အေလးခ်ိန္(၁၈၅၀၀၀)ေပါင္ရွိတဲ့ B-52 ဗုံးႀကဲေလယာဥ္ဟာ ၎ရဲ႕ပလက္ေဖာင္းေပၚကေန လြင့္စင္သြားခဲ့တယ္လို႔ Kathy Hochul ရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။ ၎က 'ဒီမုန္တိုင္းေၾကာင့္ ထိခိုက္ပ်က္စီးမႈေတြ အမ်ားအျပားရွိခဲ့ပါတယ္။ သစ္ပင္ေတြက သြားၾကားထိုးတံေတြလိုမ်ိဳးလဲက်ေနၿပီး အိမ္အေတာ္မ်ားမ်ားက အမိုးေတြမရွိေတာ့ပါဘူး'လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္အနီးမွာရွိတဲ့ Hamilton ေကာင္တီနဲ႔ Warren ေကာင္တီတို႔မွာလည္း ေလဆင္းႏွာေမာင္း အနည္းဆုံး(၃)ခု ဝင္ေရာက္တိုက္ခတ္ခဲ့တယ္လို႔ NBC5 မိုးေလဝသပညာရွင္ေတြက ေျပာၾကားခဲ့ပါတယ္။