ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်နေတဲ့ ဆန္ဒပြ ပွဲများကြောင့် ကျောင်းများကို ပိတ်ထား

 1639

ဂျန်ဇက် (NP News) - ဇူလိုင် ၁၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်ပွားလျက်ရှိနေတဲ့ ဆန္ဒပြပွဲများကြောင့် နိုင်ငံအတွင်းရှိ တက္ကသိုလ်များကို ပိတ်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီသီတင်းပတ်အစောပိုင်းက အစိုးရအလုပ်ခန့်ထားရေးနဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ စည်း ကမ်းတွေကို မကျေနပ်တဲ့အတွက် တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီး ဆန္ဒပြပွဲများဖြစ်လာခဲ့ကြောင်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့သူတွေရဲ့မိသားစုဝင်တွေကို အစိုးရအလုပ်တွေမှာ အလုပ်ပြန်ခန့်ပေးတဲ့ စည်းကမ်းရှိနေရာ ဒီအချက်ကိုကျောင်းသားတွေက မကျေနပ်တဲ့အတွက် ဆန္ဒပြပွဲတွေစတင်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါစည်းကမ်းသတ်မှတ်ချက်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ပညာတတ်လူငယ်တွေကို အလုပ်လက်မဲ့ဖြစ်စေခဲ့ရာ တက္ကသိုလ်ကျောင်းသားအများစု စိတ်ဆိုးဒေါသဖြစ်နေရကြောင်းသိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူပေါင်းသန်း ၁၇၀ ကျော်ရှိနေပမယ့် လူငယ် ၃၂ သန်းနီးပါးဟာ ကျောင်းထွက်ရတာ၊ အလုပ်မလုပ်ရတာမျိုးဖြစ်ပွားနေကြောင်းသိရပါတယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာဟာ ဆန္ဒပြကျောင်းသားတွေရဲ့တောင်းဆိုမှုတွေကိုငြင်းဆန်ခဲ့ရာ ဆန္ဒပြပွဲတွေကအကြမ်းဖက်အသွင်ကို ကူးပြောင်းလာနေကြောင်းသိရပါတယ်။ ရဲတပ်ဖွဲ့ဝင်များဟာ ဆန္ဒပြကျောင်းသားတွေကို ဖြိုခွင်းနိုင်ဖို့ မျက်ရည်ယိုဗုံးတွေ၊‌ ရော်ဘာကျည်ဆံတွေကို အသုံးပြုခဲ့ရကြောင်း သိရပါတယ်။ ဇူလိုင်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲအတွင်း ကျောင်းသား အနည်းဆုံး (၃)ဦးအပါအဝင် လူပေါင်း (၆)ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

zawgyi version
ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ တကၠသိုလ္ေက်ာင္းသားေတြ ဦးေဆာင္ေနတဲ့ ဆႏၵျပ ပြဲမ်ားေၾကာင့္ ေက်ာင္းမ်ားကို ပိတ္ထား
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၈

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာျဖစ္ပြားလ်က္ရွိေနတဲ့ ဆႏၵျပပြဲမ်ားေၾကာင့္ ႏိုင္ငံအတြင္းရွိ တကၠသိုလ္မ်ားကို ပိတ္လိုက္ေၾကာင္း ဘဂၤလားေဒ့ရွ္အစိုးရက သတင္းထုတ္ျပန္လိုက္ပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ဒီသီတင္းပတ္အေစာပိုင္းက အစိုးရအလုပ္ခန႔္ထားေရးနဲ႔ပတ္သက္ၿပီး သတ္မွတ္ထားတဲ့ စည္း ကမ္းေတြကို မေက်နပ္တဲ့အတြက္ တကၠသိုလ္ေက်ာင္းသားေတြ ဦးေဆာင္ၿပီး ဆႏၵျပပြဲမ်ားျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ လြတ္လပ္ေရးရရွိေအာင္ ႀကိဳးပမ္းခဲ့သူေတြရဲ႕မိသားစုဝင္ေတြကို အစိုးရအလုပ္ေတြမွာ အလုပ္ျပန္ခန႔္ေပးတဲ့ စည္းကမ္းရွိေနရာ ဒီအခ်က္ကိုေက်ာင္းသားေတြက မေက်နပ္တဲ့အတြက္ ဆႏၵျပပြဲေတြစတင္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ အဆိုပါစည္းကမ္းသတ္မွတ္ခ်က္ေတြက ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း ပညာတတ္လူငယ္ေတြကို အလုပ္လက္မဲ့ျဖစ္ေစခဲ့ရာ တကၠသိုလ္ေက်ာင္းသားအမ်ားစု စိတ္ဆိုးေဒါသျဖစ္ေနရေၾကာင္းသိရပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ လူေပါင္းသန္း ၁၇၀ ေက်ာ္ရွိေနပမယ့္ လူငယ္ ၃၂ သန္းနီးပါးဟာ ေက်ာင္းထြက္ရတာ၊ အလုပ္မလုပ္ရတာမ်ိဳးျဖစ္ပြားေနေၾကာင္းသိရပါတယ္။ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာဟာ ဆႏၵျပေက်ာင္းသားေတြရဲ႕ေတာင္းဆိုမႈေတြကိုျငင္းဆန္ခဲ့ရာ ဆႏၵျပပြဲေတြကအၾကမ္းဖက္အသြင္ကို ကူးေျပာင္းလာေနေၾကာင္းသိရပါတယ္။ ရဲတပ္ဖြဲ႕ဝင္မ်ားဟာ ဆႏၵျပေက်ာင္းသားေတြကို ၿဖိဳခြင္းႏိုင္ဖို႔ မ်က္ရည္ယိုဗုံးေတြ၊‌ ေရာ္ဘာက်ည္ဆံေတြကို အသုံးျပဳခဲ့ရေၾကာင္း သိရပါတယ္။ ဇူလိုင္လ ၁၇ ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ ဆႏၵျပပြဲအတြင္း ေက်ာင္းသား အနည္းဆုံး (၃)ဦးအပါအဝင္ လူေပါင္း (၆)ဦးေသဆုံးခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.