ကျားဖျန့်လိမ်လည်ဂိုဏ်းများမှာ ပြည်သူများ၏ ကျပ်တည်းမှုကိုအသုံးချကာ ရှေ့တိုးလာနေပြီး ပုံစံအမျိုးမျိုးဖြင့် ပိုမိုယုတ္တိရှိရှိ လိမ်နိုင်ရန် ကြိုးစားလာနေ

 2752

သုတကျော် (NP News) - ဇူလိုင် ၁၉

ကျားဖျန့်လိမ်လည်ဂိုဏ်းများမှာ ပြည်သူများ၏ ကျပ်တည်းမှုကိုအသုံးချကာ ရှေ့တိုးလာနေပြီး ပုံစံအမျိုးမျိုးဖြင့် ပိုမိုယုတ္တိရှိရှိလိမ်နိုင်ရန် ကြိုးစားလာနေကြောင်း NP News ၏ သတင်းရင်းမြစ်အချို့ ပြောကြားချက်နှင့် တွေ့မြင်ရသည့်အခြေအနေများအရ သိရသည်။

လက်ရှိတွင် ပြည်သူလူထုအတွင်း ကျားဖျန့်များက အသွင်အမျိုးမျိုးဖြင့် လိမ်လည်မှုများပြုလုပ် နေသည့်အနက် ငွေကြေး သောင်းဂဏန်းမှအစပြုကာ ကျပ်သိန်းရာချီအထိ လိမ်လည်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် ထိုသို့ လိမ်လည်သည့်ဖြစ်စဉ်မှာ ပိုမိုများပြားလာပြီး ကျပ်တည်းမှုကို အသုံးချလာကြခြင်း ဖြစ်သည်ကို တွေ့မြင်ရကြောင်း အမည်မဖော်လိုသူ ကျားဖျန့်တိုက်ဖျက်ရေးလုပ်ဆောင်နေသူတစ်ဦးက ဆိုသည်။

လက်ရှိ အများဆုံးတွေ့မြင်နေရသည့် ကျားဖျန့် လိမ်နည်းပုံစံများထဲတွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ဆုမဲပေါက်ကြောင်း လိမ်လည်သည်မှ အစပြု၍ရှယ်ယာထည့်ပြီး အမြတ်ငွေရမည်ဟု ဆိုသော ငွေကြေး သိန်းချီလိမ်လည်ခြင်းမျိုးလည်းရှိနေကာ အခြားရွှေ ရှယ်ယာဈေး ကစားခိုင်းခြင်း၊ ကြော်ငြာကြည့်ရုံဖြင့် ပိုက်ဆံရသည့်အသွင်ဖန်တီးကာ ငွေကြေးလိမ်လည်ခြင်း အစရှိသဖြင့် ပုံစံမတူ သည့် လိမ်လည်မှုများလည်း ရှိနေသေးသည်။

“အခုနောက်ပိုင်းမှာ သေးသေးလေးတွေ လိမ်တာထက် အချီကြီးလိမ်တာတွေလည်း တိုးလာတာ တွေ့ မြင်ရသည်။ ကုမ္ပဏီတစ်ခုက ရှယ်ယာထည့်ခိုင်းတယ်ပေါ့ဗျာ။ သူတို့ဆီ ရှယ်ယာဘယ်လောက် ထည့်ထားရင် ဘယ်လောက်ပြန်ပေးတယ်ဆိုတာ သူတို့က ပေးတာ။ ပထမ ကာလတွေမှာတော့ လူတွေ ကို လောဘတက်လာအောင် ဆွယ်တယ်။ ဘယ်လို ဆွယ်သလဲဆို ဥပမာ အနည်းဆုံး တစ်သိန်းက ထည့်ဝင်နိုင်တယ်ဆိုရင် ပထမအကြိမ်မှာ တစ်သိန်းအတွက် အမြတ်ငွေကို ငါးသောင်း ဒါမှမဟုတ် တစ်သိန်း ပြန်ပေးတယ်ဗျ။ အဲဒီလို တစ်ခါ နှစ်ခါ သုံးခါ တချို့ဆို လပိုင်း အထိ အဲဒီလို အမြတ်တွေ ပေး တယ်။ ပြီးတော့မှ တစ်ခါတည်း လစ်သွားတာ။ အဲဒီလိုပုံစံမျိုးတွေကို အခုနောက်ပိုင်းမှာ တော်တော် လေး သိသိသာသာ တွေ့မြင်နေရတယ်”ဟု အထက်ပါ ကျားဖျန့်တိုက်ဖျက်ရေး လုပ်ဆောင်သူက ဆိုသည်။

ကျားဖျန့်လိမ်နည်များတွင် ငွေကြေးရှယ်ယာပေးသည့်စနစ်မှာ ဆုံးရှုံးမှုပမာဏအများဆုံးဖြစ်ပြီး ထိုသို့ လိမ်လည်မှုများ ကြုံတွေ့နေရခြင်းမှာ ပြည်သူထံသို့ ပညာပေးမှု ထိထိရောက်ရောက်မရှိသေးခြင်း ကြောင့် ဖြစ်သည်ကို တွေ့မြင်ရကြောင်း ၎င်းကဆိုသည်။

“အင်တာနက်မှာ ကျားဖျန့်လို့ရိုက်လိုက်ရင် ဘယ်လိုလိမ်သွားတယ်၊ လိမ်နေတယ်ဆိုတာတွေက တက်နေတာပဲ။ ဒါပေမဲ့ မသိတဲ့သူကတော့ တကယ်ကို မသိတာပါ။ သတင်းအချက်အလက် သိရှိမှုအပိုင်း မှာ အားနည်းချက်တွေရှိနေတာ တွေ့မြင်ရတယ်။ လိမ်တာကို သူပြော ကိုယ်ပြော ပါးစပ်စကားတွေနဲ့ ကြားတယ်။ ဒါပေမဲ့ တကယ် ကိုယ့်ကိုပစ်မှတ်ထားလာ လိမ်တဲ့အခါမျိုးမှာ ဒါကတော့ အစစ်ပါလားဆိုတဲ့ အတွေးမျိုးဝင်သွားတယ်” ဟု ၎င်းကဆိုသည်။

NP News က ဆက်သွယ်မေးမြန်းခွင့်ရခဲ့သည့် ကျားဖျန့်လိမ်လည်ခြင်းကိုခံခဲ့ရသော အသက် ၅၆ နှစ်အရွယ် အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်မြင့်က ၎င်းအနေဖြင့် ကျားဖျန့်လိမ်သည် ဆိုသောစကားကို ကြားဖူးသော်လည်း အမှန်တကယ် လာလိမ်သည့်အခါ ၎င်းတို့၏ ဖိန့်လုံးများအောက် ယုံခဲ့သည် ဟုဆိုသည်။

“လိမ်တာတော့ သူပြောကိုယ်ပြောကြားနေတာပဲ။ ဒါပေမဲ့ ကိုယ့်ကို တကယ်လာလိမ်တဲ့အခါ လာ လိမ်မှန်းမသိခဲ့ဘူး။ သူတို့က ဝက်ဘ်ဆိုက်ရှိတယ်။ ဖေ့စ်ဘွတ်ခ်လည်း ရှိတယ်။ ပြီးတော့ ပုံမှန်ဟောပြော ဆွေးနွေးတာတွေလည်းလုပ်ပေးတယ်။ ရှယ်ယာရှင် တွေ့ဆုံပွဲကို ကျွန်မသွားတက်ပါတယ်။ လိမ်တဲ့သူကို လည်း ကျွန်မမြင်ဖူးပါတယ်။ ဒါကြောင့် ယုံလိုက်တာပါ။ သူတို့ကတော့ ကိုယ့်ကို ဆက်ဆံတာက တကယ့် VIP လိုပဲ။ သူတို့ပြောသမျှကို လက်ရေးနဲ့တောင် လိုက်မှတ်ဖူးတယ်။ ရင်းနှီးမြှုပ်နှံမှုနည်းတွေပေါ့။ အစ က နှစ်သိန်းထည့်တယ်။ အမြတ်တွေပေးတယ်။ အဲဒီတော့ ကျွန်မထပ်ထည့်တယ်။ အဲဒီလိုနဲ့ တကယ် လိမ်သွားချိန်မှာ ကျွန်မ သိန်း ၆၀ လောက်ပါသွားပါတယ်။ တချို့ကလည်း ရာနဲ့ချီပါတာရှိတယ်” ဟု ဒေါ်မြင့်က ဆိုသည်။

ထို့အတူ ပြည်ပမှ မိန်းကလေးပုံများတင်ကာ ဆွယ်ခြင်းများလည်းရှိနေပြီး လိမ်လည်ခဲ့ပြီးသော ကျားဖျန့်လုပ်ငန်းများ၏ အင်တာနက် အဆက်သွယ်များကို NP News ကကြည့်ရှုခဲ့ရာ အကောင့်တု များဖြင့် ၎င်းတို့ထံ ရှယ်ယာဝင်ရန် ဆွယ်ခြင်းများကိုလည်းတွေ့မြင်ရသည်။

ထို့ပြင် အင်တာနက်စာမျက်နှာများထက်တွင် ထင်ရှားသူအချို့ကိုလည်းအသုံးပြုကာ ၎င်းတို့ လုပ် ငန်းတွင် ရင်းနှီးမြှုပ်နှံရန်အသုံးပြုခြင်းကိုလည်း တွေ့မြင်ရပြီး အဆိုပါဖြစ်စဉ်မှာလည်း ကျားဖျန့်ငွေ လိမ်ဂိုဏ်းများ၏ လုပ်နည်းတစ်ခုဖြစ်နေကြောင်း တွေ့မြင်ရသည်။

“ကျားဖျန့်က ပုံစံပြောင်းလာတာ။ ပြောရမယ်ဆို ရောဂါပိုးလိုပေါ့။ ရောဂါပိုးကို ကုသဆေးပေါ် နိုင်ပြီဆို ဆေးဒဏ်ကိုကျော်အောင် ဆင့်ကဲပြောင်းလဲလာတဲ့ သဘောမျိုးပေါ့။ နောက်ပိုင်း ယုတ္တိရှိအောင် ပိုလိမ်လာတာတွေ့တယ်။ မျက်နှာတွေ ပြလာတာမျိုးပေါ့။ နောက်ပြီး နိုင်ငံခြားကလူတွေကိုခေါ်ပြီး စကားဝိုင်း ဆွေးနွေးပွဲကို Zoom ကနေ လုပ်တာတောင် မြင်ဖူးတယ်။ ဒါလည်း လိမ်သွားတာပါပဲ”ဟု အထက်ပါ တိုက်ဖျက်သူကဆိုသည်။

လတ်တလောတွင် အများဆုံး လိမ်လည်နေသည့်ပုံစံများကို သရုပ်ခွဲကြည့်ရာတွင် ရှယ်ယာထည့် ဝင်စေခြင်းဖြင့်အမြတ်ငွေပေးကာ နောက်ဆုံး ယုံကြည်သည့်အဆင့် ရောက်သောအခါမှ လိမ်လည်သွား သည့် ကျားဖျန့်လိမ်နည်း၊ ရင်းနှီးမြှုပ်နှံငွေ ထည့်ဝင်ခိုင်းကာ အင်တာနက်မှ ကြော်ငြာအတုများကြည့်စေ ခြင်းဖြင့် ထည့်သည့်ပမာဏအတိုင်း ငွေပြန်ပေးကာ နောက်ဆုံးတွင် လိမ်သွားသောနည်း၊ အွန်လိုင်းတွင် မိတ်ဖွဲ့ကာ လက်ဆောင်ပစ္စည်း ပို့ပေးမည်ဟုဆိကာ လိမ်သောနည်းအပါအဝင် နည်းလမ်း ခြောက်မျိုး ခန့်ကိုတွေ့မြင်ရသည်။

“ပြည်သူတွေကို သတိထားစေချင်တယ်။ နောက်တစ်ချက်က တရားဥပဒေအရလည်း ထိထိ ရောက်ရောက် အရေးယူစေချင်တယ်။ မဟုတ်ရင်တော့ မြန်မာနိုင်ငံက ကျားဖျန့်လိမ်လည်ဖို့ စားကျက်ဖြစ်လာလိမ့်မယ်” ဟု ၎င်းကဆိုသည်။

zawgyi version
က်ားဖ်န႔္လိမ္လည္ဂိုဏ္းမ်ားမွာ ျပည္သူမ်ား၏ က်ပ္တည္းမႈကိုအသုံးခ်ကာ ေရွ႕တိုးလာေနၿပီး ပုံစံအမ်ိဳးမ်ိဳးျဖင့္ ပိုမိုယုတၱိရွိရွိ လိမ္ႏိုင္ရန္ ႀကိဳးစားလာေန
သုတေက်ာ္ (NP News) - ဇူလိုင္ ၁၉

က်ားဖ်န႔္လိမ္လည္ဂိုဏ္းမ်ားမွာ ျပည္သူမ်ား၏ က်ပ္တည္းမႈကိုအသုံးခ်ကာ ေရွ႕တိုးလာေနၿပီး ပုံစံအမ်ိဳးမ်ိဳးျဖင့္ ပိုမိုယုတၱိရွိရွိလိမ္ႏိုင္ရန္ ႀကိဳးစားလာေနေၾကာင္း NP News ၏ သတင္းရင္းျမစ္အခ်ိဳ႕ ေျပာၾကားခ်က္ႏွင့္ ေတြ႕ျမင္ရသည့္အေျခအေနမ်ားအရ သိရသည္။

လက္ရွိတြင္ ျပည္သူလူထုအတြင္း က်ားဖ်န႔္မ်ားက အသြင္အမ်ိဳးမ်ိဳးျဖင့္ လိမ္လည္မႈမ်ားျပဳလုပ္ ေနသည့္အနက္ ေငြေၾကး ေသာင္းဂဏန္းမွအစျပဳကာ က်ပ္သိန္းရာခ်ီအထိ လိမ္လည္ေနၾကျခင္းျဖစ္ၿပီး လက္ရွိတြင္ ထိုသို႔ လိမ္လည္သည့္ျဖစ္စဥ္မွာ ပိုမိုမ်ားျပားလာၿပီး က်ပ္တည္းမႈကို အသုံးခ်လာၾကျခင္း ျဖစ္သည္ကို ေတြ႕ျမင္ရေၾကာင္း အမည္မေဖာ္လိုသူ က်ားဖ်န႔္တိုက္ဖ်က္ေရးလုပ္ေဆာင္ေနသူတစ္ဦးက ဆိုသည္။

လက္ရွိ အမ်ားဆုံးေတြ႕ျမင္ေနရသည့္ က်ားဖ်န႔္ လိမ္နည္းပုံစံမ်ားထဲတြင္ တယ္လီဖုန္းျဖင့္ ဆက္သြယ္ကာ ဆုမဲေပါက္ေၾကာင္း လိမ္လည္သည္မွ အစျပဳ၍ရွယ္ယာထည့္ၿပီး အျမတ္ေငြရမည္ဟု ဆိုေသာ ေငြေၾကး သိန္းခ်ီလိမ္လည္ျခင္းမ်ိဳးလည္းရွိေနကာ အျခားေ႐ႊ ရွယ္ယာေဈး ကစားခိုင္းျခင္း၊ ေၾကာ္ျငာၾကည့္႐ုံျဖင့္ ပိုက္ဆံရသည့္အသြင္ဖန္တီးကာ ေငြေၾကးလိမ္လည္ျခင္း အစရွိသျဖင့္ ပုံစံမတူ သည့္ လိမ္လည္မႈမ်ားလည္း ရွိေနေသးသည္။

“အခုေနာက္ပိုင္းမွာ ေသးေသးေလးေတြ လိမ္တာထက္ အခ်ီႀကီးလိမ္တာေတြလည္း တိုးလာတာ ေတြ႕ ျမင္ရသည္။ ကုမၸဏီတစ္ခုက ရွယ္ယာထည့္ခိုင္းတယ္ေပါ့ဗ်ာ။ သူတို႔ဆီ ရွယ္ယာဘယ္ေလာက္ ထည့္ထားရင္ ဘယ္ေလာက္ျပန္ေပးတယ္ဆိုတာ သူတို႔က ေပးတာ။ ပထမ ကာလေတြမွာေတာ့ လူေတြ ကို ေလာဘတက္လာေအာင္ ဆြယ္တယ္။ ဘယ္လို ဆြယ္သလဲဆို ဥပမာ အနည္းဆုံး တစ္သိန္းက ထည့္ဝင္ႏိုင္တယ္ဆိုရင္ ပထမအႀကိမ္မွာ တစ္သိန္းအတြက္ အျမတ္ေငြကို ငါးေသာင္း ဒါမွမဟုတ္ တစ္သိန္း ျပန္ေပးတယ္ဗ်။ အဲဒီလို တစ္ခါ ႏွစ္ခါ သုံးခါ တခ်ိဳ႕ဆို လပိုင္း အထိ အဲဒီလို အျမတ္ေတြ ေပး တယ္။ ၿပီးေတာ့မွ တစ္ခါတည္း လစ္သြားတာ။ အဲဒီလိုပုံစံမ်ိဳးေတြကို အခုေနာက္ပိုင္းမွာ ေတာ္ေတာ္ ေလး သိသိသာသာ ေတြ႕ျမင္ေနရတယ္”ဟု အထက္ပါ က်ားဖ်န႔္တိုက္ဖ်က္ေရး လုပ္ေဆာင္သူက ဆိုသည္။

က်ားဖ်န႔္လိမ္နည္မ်ားတြင္ ေငြေၾကးရွယ္ယာေပးသည့္စနစ္မွာ ဆုံးရႈံးမႈပမာဏအမ်ားဆုံးျဖစ္ၿပီး ထိုသို႔ လိမ္လည္မႈမ်ား ႀကဳံေတြ႕ေနရျခင္းမွာ ျပည္သူထံသို႔ ပညာေပးမႈ ထိထိေရာက္ေရာက္မရွိေသးျခင္း ေၾကာင့္ ျဖစ္သည္ကို ေတြ႕ျမင္ရေၾကာင္း ၎ကဆိုသည္။

“အင္တာနက္မွာ က်ားဖ်န႔္လို႔႐ိုက္လိုက္ရင္ ဘယ္လိုလိမ္သြားတယ္၊ လိမ္ေနတယ္ဆိုတာေတြက တက္ေနတာပဲ။ ဒါေပမဲ့ မသိတဲ့သူကေတာ့ တကယ္ကို မသိတာပါ။ သတင္းအခ်က္အလက္ သိရွိမႈအပိုင္း မွာ အားနည္းခ်က္ေတြရွိေနတာ ေတြ႕ျမင္ရတယ္။ လိမ္တာကို သူေျပာ ကိုယ္ေျပာ ပါးစပ္စကားေတြနဲ႔ ၾကားတယ္။ ဒါေပမဲ့ တကယ္ ကိုယ့္ကိုပစ္မွတ္ထားလာ လိမ္တဲ့အခါမ်ိဳးမွာ ဒါကေတာ့ အစစ္ပါလားဆိုတဲ့ အေတြးမ်ိဳးဝင္သြားတယ္” ဟု ၎ကဆိုသည္။

NP News က ဆက္သြယ္ေမးျမန္းခြင့္ရခဲ့သည့္ က်ားဖ်န႔္လိမ္လည္ျခင္းကိုခံခဲ့ရေသာ အသက္ ၅၆ ႏွစ္အ႐ြယ္ အိမ္ရွင္မတစ္ဦးျဖစ္သူ ေဒၚျမင့္က ၎အေနျဖင့္ က်ားဖ်န႔္လိမ္သည္ ဆိုေသာစကားကို ၾကားဖူးေသာ္လည္း အမွန္တကယ္ လာလိမ္သည့္အခါ ၎တို႔၏ ဖိန႔္လုံးမ်ားေအာက္ ယုံခဲ့သည္ ဟုဆိုသည္။

“လိမ္တာေတာ့ သူေျပာကိုယ္ေျပာၾကားေနတာပဲ။ ဒါေပမဲ့ ကိုယ့္ကို တကယ္လာလိမ္တဲ့အခါ လာ လိမ္မွန္းမသိခဲ့ဘူး။ သူတို႔က ဝက္ဘ္ဆိုက္ရွိတယ္။ ေဖ့စ္ဘြတ္ခ္လည္း ရွိတယ္။ ၿပီးေတာ့ ပုံမွန္ေဟာေျပာ ေဆြးေႏြးတာေတြလည္းလုပ္ေပးတယ္။ ရွယ္ယာရွင္ ေတြ႕ဆုံပြဲကို ကြၽန္မသြားတက္ပါတယ္။ လိမ္တဲ့သူကို လည္း ကြၽန္မျမင္ဖူးပါတယ္။ ဒါေၾကာင့္ ယုံလိုက္တာပါ။ သူတို႔ကေတာ့ ကိုယ့္ကို ဆက္ဆံတာက တကယ့္ VIP လိုပဲ။ သူတို႔ေျပာသမွ်ကို လက္ေရးနဲ႔ေတာင္ လိုက္မွတ္ဖူးတယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈနည္းေတြေပါ့။ အစ က ႏွစ္သိန္းထည့္တယ္။ အျမတ္ေတြေပးတယ္။ အဲဒီေတာ့ ကြၽန္မထပ္ထည့္တယ္။ အဲဒီလိုနဲ႔ တကယ္ လိမ္သြားခ်ိန္မွာ ကြၽန္မ သိန္း ၆၀ ေလာက္ပါသြားပါတယ္။ တခ်ိဳ႕ကလည္း ရာနဲ႔ခ်ီပါတာရွိတယ္” ဟု ေဒၚျမင့္က ဆိုသည္။

ထို႔အတူ ျပည္ပမွ မိန္းကေလးပုံမ်ားတင္ကာ ဆြယ္ျခင္းမ်ားလည္းရွိေနၿပီး လိမ္လည္ခဲ့ၿပီးေသာ က်ားဖ်န႔္လုပ္ငန္းမ်ား၏ အင္တာနက္ အဆက္သြယ္မ်ားကို NP News ကၾကည့္ရႈခဲ့ရာ အေကာင့္တု မ်ားျဖင့္ ၎တို႔ထံ ရွယ္ယာဝင္ရန္ ဆြယ္ျခင္းမ်ားကိုလည္းေတြ႕ျမင္ရသည္။

ထို႔ျပင္ အင္တာနက္စာမ်က္ႏွာမ်ားထက္တြင္ ထင္ရွားသူအခ်ိဳ႕ကိုလည္းအသုံးျပဳကာ ၎တို႔ လုပ္ ငန္းတြင္ ရင္းႏွီးျမႇဳပ္ႏွံရန္အသုံးျပဳျခင္းကိုလည္း ေတြ႕ျမင္ရၿပီး အဆိုပါျဖစ္စဥ္မွာလည္း က်ားဖ်န႔္ေငြ လိမ္ဂိုဏ္းမ်ား၏ လုပ္နည္းတစ္ခုျဖစ္ေနေၾကာင္း ေတြ႕ျမင္ရသည္။

“က်ားဖ်န႔္က ပုံစံေျပာင္းလာတာ။ ေျပာရမယ္ဆို ေရာဂါပိုးလိုေပါ့။ ေရာဂါပိုးကို ကုသေဆးေပၚ ႏိုင္ၿပီဆို ေဆးဒဏ္ကိုေက်ာ္ေအာင္ ဆင့္ကဲေျပာင္းလဲလာတဲ့ သေဘာမ်ိဳးေပါ့။ ေနာက္ပိုင္း ယုတၱိရွိေအာင္ ပိုလိမ္လာတာေတြ႕တယ္။ မ်က္ႏွာေတြ ျပလာတာမ်ိဳးေပါ့။ ေနာက္ၿပီး ႏိုင္ငံျခားကလူေတြကိုေခၚၿပီး စကားဝိုင္း ေဆြးေႏြးပြဲကို Zoom ကေန လုပ္တာေတာင္ ျမင္ဖူးတယ္။ ဒါလည္း လိမ္သြားတာပါပဲ”ဟု အထက္ပါ တိုက္ဖ်က္သူကဆိုသည္။

လတ္တေလာတြင္ အမ်ားဆုံး လိမ္လည္ေနသည့္ပုံစံမ်ားကို သ႐ုပ္ခြဲၾကည့္ရာတြင္ ရွယ္ယာထည့္ ဝင္ေစျခင္းျဖင့္အျမတ္ေငြေပးကာ ေနာက္ဆုံး ယုံၾကည္သည့္အဆင့္ ေရာက္ေသာအခါမွ လိမ္လည္သြား သည့္ က်ားဖ်န႔္လိမ္နည္း၊ ရင္းႏွီးျမႇဳပ္ႏွံေငြ ထည့္ဝင္ခိုင္းကာ အင္တာနက္မွ ေၾကာ္ျငာအတုမ်ားၾကည့္ေစ ျခင္းျဖင့္ ထည့္သည့္ပမာဏအတိုင္း ေငြျပန္ေပးကာ ေနာက္ဆုံးတြင္ လိမ္သြားေသာနည္း၊ အြန္လိုင္းတြင္ မိတ္ဖြဲ႕ကာ လက္ေဆာင္ပစၥည္း ပို႔ေပးမည္ဟုဆိကာ လိမ္ေသာနည္းအပါအဝင္ နည္းလမ္း ေျခာက္မ်ိဳး ခန႔္ကိုေတြ႕ျမင္ရသည္။

“ျပည္သူေတြကို သတိထားေစခ်င္တယ္။ ေနာက္တစ္ခ်က္က တရားဥပေဒအရလည္း ထိထိ ေရာက္ေရာက္ အေရးယူေစခ်င္တယ္။ မဟုတ္ရင္ေတာ့ ျမန္မာႏိုင္ငံက က်ားဖ်န႔္လိမ္လည္ဖို႔ စားက်က္ျဖစ္လာလိမ့္မယ္” ဟု ၎ကဆိုသည္။

Related news

© 2021. All rights reserved.